လက်ဆင့်ကမ်းပါ မျှဝေပါ

in #life9 years ago (edited)

ဟိုရှေးအခါက လူတွေဟာ တောရိုင်းတရိစ္ဆာန်များသဖွယ် အဝတ်တောင်မဝတ်တတ်ကြဘဲ နေထိုင်ခဲ့ကြပါတယ် ထိုမှ တစ်ဆင့် တဖြည်းဖြည်း တိုးတက်လာခဲ့ကာ ယဉ်ကျေးမှုအဆင့်မြင့်မားသော လူ့အဖွဲ့အစည်းများဖြစ်လာခဲ့ပါတယ် ထိုနှစ်ပေါင်းများစွာအတွင်း စာပေ ဂီတ အနုပညာ နည်းပညာပေါင်းများစွာတို့တိုးတက်လာခဲ့ပါပြီ ။ ဘယ်လိုတိုးတက်ခဲ့ပါသလဲ ? ဟိုးအစ ကျောက်ခေတ်ဆိုတဲ့အချိန်မရောက်မီ ကျောက်လက်နက်တစ်ခု အသုံးပြုတတ်ဖို့ အဝတ်အစားရဖို့ မီးအသုံးပြုတတ်ဖို့ကနေ တစ်ဆင့်စီ ယနေ့အထိတိုးတက်လာခဲ့တာ များစွာ ကွာခြားသွားခဲ့ပါပြီ ယနေ့အသုံးပြုနေသော ပစ္စည်း လက်နက်များကို လွန်ခဲ့သော နှစ်ပေါင်း ထောင်သောင်းကျော်အချိန်ကလူများမြင်လျှင် နတ်တို့ရဲ့ အသုံးအဆောင်များအလားထင်မှားမိနေလိမ့်မည်ထင်ပါသည် လေယာဉ်ကြီးစီးပြီးကောင်းကင်ထက်ပြန်ရန် သူတို့လုပ်ဆောင်နိုင်မှာမဟုတ်ပါ ဖုန်းလေးတစ်လုံးနဲ့ မိုင်ပေါင်းများစွာကွာခြားသူကို ရုပ်ကလေးကြည့်ပြီးစကားပြောနေတာတွေ့ရင် မှော် ဖန်ပြားဆိုပြီးပြောလိမ့်မယ်ထင်ပါတယ် ။
stone-age-recipe.jpg

ယနေ့ခေတ်ကျွှန်တော်တို့အသုံးပြုနေတဲ့ပစ္စည်းတွေက ဘယ်ကနေဆင်းတက်ပါသလဲဆိုရင် ရှေးလူကြီးတွေ ဆီကနေသာလာပါတယ်ဗျာ ကျောက်ခေတ်လို့ခေါ်ခဲ့တဲ့အချိန်ကတည်းကသာ သူတို့ရဲ့ရှာဖွေတွေ့ရှိမှုတွေကို လက်ဆင့်ကမ်းမျှဝေခဲ့တာမျိုးမရှိခဲ့ရင် အရာရာဟာပြန်လည်းပျောက်ကွယ်သွားပြီး အသစ်အသစ်တွေထွက်မလာနိုင်တော့ပါဘူး ရှေးအခါကတည်းက လေ့လာတွေ့ရှိလာသမျှတွေကို နောက်လူတွေအတွက် လက်ဆင့်ကမ်း သင်ကြားမျှဝေခဲ့ကြပါတယ် နောက်လူတွေကလည်း ထိုသင်ကြားထားတွေအပေါ်မှာ ထပ်ဆင့်ပြီးပိုကောင်းမွန်သောနည်းလမ်းများကို တီထွင်ကြံဆကြပါတယ် ဒီလိုနဲ့ပိုပြီးခေတ်မီတိုးတက်သော ကမ္ဘာကြီးကိုတည်ဆောက်ခဲ့ကြပါတယ် ။
6042655_orig.jpg

ကျွှန်တော်တို့ ကိုလက်ဆင့်ကမ်းသင်ကြားတဲ့နေရာမှာ ဘာလို့များ ဒီလောက်ထိတိုးတက်သွားရလဲ ? ကျောက်ခေတ်ကနေ ယနေ့ထက်တိုင် နှစ်တွေမရေမတွက်နိုင်အောင် ကြာခဲ့ပါပြီ အဲ့ဒါတွေအကုန်လက်ဆင့်ကမ်းခဲ့တာလား ဆိုတော့ မဟုတ်ပါဘူး သမိုင်းလေ့လာသူအတွက်တော့ အကြောင်းအရာတွေအတော်စုံစုံ သင်ယူရပေမဲ့ ကျောက်ခေတ်ကနေ ယနေ့ထိတိုင် တိုးတက်လာပုံအထိကြီးအကုန် မလိုပါဘူး ဒါကြောင့်လဲလျှင်မြန်စွာတိုးတက်နိုင်တာပါ ကျွှန်တော်တို့ သေနတ် တစ်လက်လုပ်တတ်ဖို့ ကျောက်လက်နက်တွေကနေစပြီး ခေတ်အဆက်ဆက် လေးမြှားမျိုးစုံ မှုတ်ပြောင်းမြှားတွေ အကုန် တစ်ခုချင်းသင်ကြားဖို့မလိုတော့ပါဘူး သေနတ်ရဲ့သဘာဝ ကိုလေ့လာရုံနဲ့တင်အဆင်ပြေပါပြီ ကျွှန်တော်တို့ မြန်မာစာကိုသင်ယူလေ့လာခဲ့ကြတာတောင် ဟိုး ပုဂံလက်ထက်က ကျောက်စာတွေ ဖတ်တတ်တာမှ မဟုတ်တာဘဲဗျာ တစ်ခါတစ်ရံ ပထမဆုံးလုပ်ခဲ့တဲ့သူတွေရဲ့ဆယ်နှစ်စာကြိုးစားမှုကို အမှားတွေဖယ်ပြီး တစ်ခဏနဲ့ လေ့ကျက်လို့ရနိုင်ပါတယ် လျှပ်စစ်ရရှိဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ နှစ်ပေါင်းများစွာစာပြန်လည်သင်ကြားစရာမလိုတော့်ပါ ဒါကြောင့် ပိုပိုပြီးတိုးတက်တဲ့ သူတွေများအောင် ကျွှန်တော်တို့ အသိတွေကို တတ်နိုင်သလောက် လက်ဆင့်ကမ်းမျှဝေကြရအောင်လားဗျာ ။
နောက်ထပ် ပြောချင်တာတစ်ခုက လက်ဆင့်ကမ်းမျှဝေတာနဲ့ဆန့်ကျင်ဖက် ကျွှန်တော်တို့မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်တဲ့ ဆရာစားချန်တဲ့အကြောင်းကို နောက်တစ်ပုဒ်နဲ့ရင်ဖွင့်ချင်ပါသေးတယ်ခင်ဗျာ ။

Photos credit; Google Image


domelay (အတွေးမျှင်လေးများ)
Sort:  

welcome ကြီး

good post i like

thank you ko phyo

ကျေးဇူးပါ မမမြန်မာ

စာတွေရေးတာ အသိ တရားမျှဝေတာပေါ့လေ

ဟုတ်ကဲ့ပါ အဲ လိုကတော့ အကောင်းဆုံးမဟုတ်လားဗျာ

Nice post bro

Welcome အကို

Good post bro,

ကျေးကျေး

Thanks, waiting for next post

welcome sir

I also write blog posts, but not better than you :) maybe check them out ?

thank you . But I'm not better than other

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.075
BTC 63660.51
ETH 1667.20
USDT 1.00
SBD 0.42