လကြတ် ပုံပြင်

in #myanmar8 years ago

လကြတ်ခြင်းအကြောင်း သူများတွေ ပြောကြားနေပေနဲ့ လကြတ်တာနဲ့ ပတ်သက်ပြီး ရေးရမလား ဆိုပြန်တော့လဲ ထွေထွေ ထူးထူးတော့ ရေးစရာမရှိနေပါဘူး ။ ဒါနဲ့ဘဲ တွေးမိတွေးရာ ပေါက်ကအတွေးများ ဦးခေါင်းကြားမှ ပြန်လည် ထွက်ပေါ်လာပြန်တော့သည် ။ ဦးပေါ်ဦးရဲ့ ကပ္ပလီပုံပြင်တို့ မိသားစုမှားရေတွက်တဲ့ ဝက်ကလေးတို့ ယုန်ကလေး နှာစေးနေပါတယ်တို့လို ဇာတ်လမ်းလေး ဖန်တီးလိုက်ရင် အမှန်တစ်ကယ်ဖြစ်ရပ်မှန် ဟုတ်သော်လည်း ရေးစရာ တစ်ခုတော့ ရပါလိမ့်မည် ။ ရေးစရာရရင် sbd ဖြစ်လာမယ်လေဗျာ ဒီတော့ ဒီလိုဘဲ ဖန်တီးပြီး ရေးလိုက်တော့တာပေါ့နော် ရှု့စားပေးကြပါဦးဗျာ ။ အော် ဒါနဲ့ လကြတ်တာ အနီရယ် အပြာရယ် အမဲရယ်ဆိုပြီး သုံးမျိုးရှိတယ်တဲ့ ။ ကျွှန်တော်လဲ ကို @phyozawooburmes ပြောပြလို့ သိရတာပါ ။ ပုံပြင်လေး စပါတော့မယ် ။

received_1192265020907600.jpeg

တစ်ခါက လနတ်သမီးလေး ရှိသတဲ့ ခုထိလဲ ရှိနေပါတယ် အဲ့ဒီ လနတ်သမီးလေးကို မဲကြီးရယ် ငပြာရယ် မောင်နီရယ် ဆိုတဲ့ ညီအစ်ကို သုံးယောက်ကလဲ အပြိုင် ပိုးကြပါသတဲ့ ။ သူတို့က လနတ်သမီးလေးဆီသွားရင် သူတို့ ကိုယ်နဲ့ လနတ်သမီးလေးကို ကျွှန်တော်တို့ ရှေ့ကနေ ပိတ်ပြီး စကားပြောကြပါတယ် ။ သူတို့သုံးယောက်လုံး လနတ်သမီးလေးကို ကြိုက်နေပေမဲ့လို့ သူတို့သုံးယောက်ဟာ ရန်မဖြစ်ကြပါဘူးတဲ့ ။ ဘာလို့လဲဆိုတော့ သူတို့သုံးယောက်ဟာ ညီအကိုတွေမို့လို့ပါ ။ လနတ်သမီးလေးကလဲ သူတို့ညီအကိုတွေထဲက တစ်ယောက်ယောက်ရဲ့ အချစ်ကိုသာ လက်ခံခဲ့မယ်ဆိုရင် သူ အိမ်ထောင်ရေး တာဝန်တွေနဲ့ တွေရှုတ်ပြီး ကျွှန်တော်တို့ရဲ့ ကမ္ဘာကြီးကို အလင်းမပေးနိုင်မှာ စိုးလို့ ဘယ်သူ့ရဲ့ အချစ်ကိုမှ လက်မခံနိုင်ကြောင်း အပြတ် ငြင်းခဲ့တပေါ့ကွယ် ။

received_1192258094241626.jpeg

ဒါကြောင့် လနတ်သမီးလေးရဲ့ လှပတဲ့ မျက်နှာတစ်ပြင်လုံး ပေါ်လွင်ထင်ရှားစွာ မြင်ရတဲ့ လပြည့်ညရောက်ရင် မဲကြီးတို့ ညီအစ်ကိုတွေ စိတ်အရမ်း ထိန်းရပြီပေါ့ ။ စိတ်မထိန်းနိုင်တဲ့ လပြည့်ညမျိုး ရောက်ခဲ့ပြီဆိုလျှင် စိတ် မထိန်းနိုင်သူက သွားရောက် ချစ်ရေးဆိုမိ ကြပြန်ပါသတဲ့ ။ လနတ်သမီးလေးကို ရည်းစားစကား သွားရောက်ပြောကြားချိန် ကျွှန်တော်တို့ကမ္ဘာမှ လူသားများဟာ လကို ကောင်းကောင်း မမြင်ရဘဲ လကြတ်တယ်လို့ ခေါ်ကြပါသတဲ့ ။ ဒီတစ်ခါ လကြတ်တာက မောင်နီချစ်ရေးဆိုတဲ့ အခါမို့ ဖြစ်မယ်ထင်ပါတယ် လက အနီကြပ်တာပါတဲ့ ။ လနတ်သမီးလေး မောင်နီတို့ ညီအကိုတွေရဲ့ အချစ်ကို လက်မခံလိုက်ပါစေနဲ့ဦး ။ ကျွှန်တော်တို့ကို အလင်းတွေ ဆက်ပေးပါဦးနော် ။

MSC . 9

Photos credit; my steemit friends

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

အေးပါကွာ စိတ်ကူးလေး သဘောကျတယ်။ လနတ်သမီးလေးရေ အချစ်ကိုဦးစားမပေးပါနဲ့ကွယ် မင်းလေးရဲ့ အလင်းလေး လိုအပ်နေလို့ပါ။

လနစ်သမီးလေးကို ချစ်စေချင်သေးဝူးနော် အပျိုကြီးလုပ်ပါလို့ ခ်ခ်

လက နှစ်အတော်ကြာမှ တစ်နာရီပိုင်းပဲကြတ်တာပါ ငါတို့မတော့ ၄ နှစ်လောက်ရှိပီ ဒေါက်နှောက် ကြတ်နေတာပါအေ ဒါနဲ့မေးရအုံးမယ်လနတ်သမီးဆိုတော့သတိရလို့ပါ ကြက်ကဥတော့ ကြက်ဥ ငုံးကဥတော့ ငုံးဥ တဲ့ လကဥတော့ ဘာဥလို့ခေါ်မလဲဟင်

လက ဥမဥပါဘူး အကောင်လိုက်မွေးတာပါ

ပန်းချီဆရာဖြစ်ပြီဆိုတော့ ဆေးစက်ကျရာအရုပ်ထင်ရတော့မှာပေါ့။

ဟုဆရာ

စာရေးဆရာလေးတို့ကတော့နော်
ရေးတက်ပါ့

ကျေးဇူးပါ အမ နောက်လဲ ကြိုးစားပါဦးမယ်ဗျာ

ထွေးကြီး​ရောပါဘူးလား

အမငိ ကိုထွေးလဲ ကြံစည်နေသေးတယ်လား လုပ်နကိ မွီးမရိုက်လိမ့်မယ်

စိတ်မကောင်းပါဘူး ကိုမဲကြီး @domelay ရေ...

အမငိ ဘယ်လိုတောင်များမဲကြီးက domelay ဖြစ်လိုက်သွားတယ်

အော် ... ဆရာမရယ် ... ငွေလမင်းလေးရယ် ...
😂😂😂

အကိုဒုန် တမ်းတနေပါလား ဆရာမကို သွားပြဦးမှပါ

နာတော့ အဲ့လိုကြားဖူးဘူး လနတ်သားကို မာနတ်မင်းက ဖမ်းမိသွားလို့ လကြတ်တာလို့ဘဲ ကြားဖူးတာ

ဟုတ်လား အမ 😁😀😀😀

တော်သေးတာပေါ့ လနတ်သမီးလေးက ဘယ်သူမှ ပြန်မကြိုက်လို့ 

ဟုတယ် အာ့ကြောင့် ဘယ်သူ့မှ မကြိုက်တာကောင်းတယ်ခေး

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 60911.74
ETH 1565.41
USDT 1.00
SBD 0.47