Internet နှင့်

in #myanmar7 years ago (edited)

Internet ဆိုတာကြီးကို အသုံးပြုခွင့်ရခဲ့တာ ကျွန်တော့်အတွက် သိပ်မကြာသေးဘူးလို့ ဆိုနိုင်မည်ထင်ပါသည် ။ သုံးနှစ်ကျော်ခန့်သာ ရှိလိမ့်ဦးမည်ထင်ပါသည် ။ ဖုန်းကလည်းတော်တော်နှင့် ၀ယ်မသုံးနိုင်ခဲ့သလို ကျွန်တော်တို့ဒေသတွင် လိုင်းများလဲ မကောင်းခဲ့ပါ ။ လိုင်းလေးနည်းနည်းကောင်းလာပြီး ဖုန်းလေးလဲရှိလာတော့ ဟိုသုံးဒီသုံးပေါ့ ။ Chatting လေးလုပ်လိုက် Game လေး ဆော့လိုက်နဲ့ နည်းနည်း ပျင်းလာပါတယ် ။ ဒီလိုနဲ့ စာအုပ်လေး ကိုယ်မသိတာလေးတွေ တစ်ခုခုတော့ သိလာရအောင် ဆိုပြီး ရှာဖွေခဲ့တယ် ။ ရှာရင်းနဲ့ Online မှာ ငွေရှာတယ်ဆိုတာလေးတွေကို တွေ့လာပါတယ် ။ လုပ်ကြည့်တော့ အဆင်မပြေ Bill ဖိုး မရသည့်အပြင် အတော်များများမှာ အရှုံးများနဲ့ပါ ။ ဒါပေမဲ့ အလုပ်ကလည်း မယ်မယ်ရရ မရှိဆိုတော့ ယောင်လည်လည်နဲ့ပါဘဲ ။ ခုတော့ Steemit နဲ့ တွေ့ဆုံနေပါပြီ ။

th (2).jpg

အတော်များများက Internet လေးဖွင့်ပြီး တစ်ခုခု လုပ်နေရင် သူတို့စိတ်ထဲ မကောင်းမြင်တတ်ကြပါတယ် ။ နေရာတစ်ကာမှာ ဟုတ်ချင်မှတော့ ဟုတ်ပါလိမ့်မည် ။ လူတစ်ချို့က ပြောကြတယ် Online ဒီလောက်သုံးနေပြီး ကောင်မလေးလဲ မရသေးဘူးတဲ့ ကိုယ်ဘဲ အသုံးမကျသလို ။ အဆိုးမြင်ကြသူတွေလဲ နေရာတစ်ကာ ရှိနေဦးမှာဘဲလေ ။ မြင်လဲ မြင်စရာ အကြောင်းတွေကလည်း အများအပြား သာဓကတွေနဲ့ ရှိနေသည်ကို ။ ဟုတ်ပေသားဘဲ Internet ဆိုသော အရာ ကြီးထဲတွင် မဟုတ်မမှန် သတင်းများ လိမ်လည်မှုများ များစွာ ကြားနေရပါသည် ။ အချို့မှာ ထိုအရာများကို Steemit ပေါ်သို့ပင် သယ်ဆောင်လိုကြသည် မဟုတ်ပါလား ။ 18 + ဆိုသော အရာများနှင့် အခြား အပျော်ရှာစရာများကလည်း ပေါများလှသည် ။ ထို့ကြောင့် Internet အား မကောင်းမြင်သူတို့ မြင်ချင်စရာပင် ဖြစ်နေသည်လည်းထင်ပါသည် ။

th.jpg

Internet ကို တီထွင်သူများမှာ ထိုသို့ မကောင်းသော အရာတို့ ဖြစ်ပေါ်လာပါစေဆိုသော ရည်ရွယ်ချက်တော့ရှိမည် မထင်ပါ ။ Internet ကြောင့် အဆင်ပြေနေသည်လည်း များစွာရှိနေပါသည် ။ အဝေးရောက်နေသော မိသားစုများ အလွယ်တကူ ဆက်သွယ်နိုင်သည် ။ နေရာဝေးသူတို့ အချင်းချင်း စီးပွားရေးများ ပြေလည်စွာ လုပ်နိုင်သည် Data များကိုလည်း လွယ်တကူ ပို့ဆောင်နိုင်ပါသည် ။ Online shopping များဖြင့် အဆင်ပြေနေသူများလဲ များစွာ ရှိနေပါသည် ။ အစရှိသဖြင့် အများကြီးပါဘဲဗျာ ။ ဒါပေမဲ့ Internet ဖိုးကတော့ ဈေးကြီးပါတယ်နော် ။

Internet ဆိုသော အရာသည် ကျွန်တော်မသိသော အရာတို့ကို သင်ပြပေးသော ဆရာတစ်ယောက်သဖွယ်လဲ ဖြစ်ပါသည် ။ အချို့အရာများဆိုလျှင် အချိန်ကုန်ခံကာ လိုက်မေးနေစရာမလို google မှာရှာလိုက်ရုံဖြင့် သိနိုင်လေသည် ။ စာအုပ်များကို download လုပ်ပြီးဖတ်နိုင်သည် ။Steemit နှင့် တွေ့ဆုံခဲ့သည် ။ မိတ်ဆွေကောင်းများ ကိုလည်း ရရှိစေခဲ့ပါသည် ။ ၀င်ငွေများ လဲ ရရှိလာသည် ။ စာများလဲ တဖြည်းဖြည်း ရေးတတ်လာပါပြီ ။ ကျွန်တော့်အတွက်ကတော့ Steemit နှင့်တွေ့ခဲ့ခြင်းက ပိုကောာင်းခဲ့ပါသည် ။ ဒါကြောင့် သုံးတတ်ရင် ကိုယ့်အတွက် ကောင်းပါတယ်ဆိုတဲ့ အကြောင်း မသိသေးသူများ သိစေချင်ပါသေးသည် ။

MSC . 9

Photo credit; Google Image

Phyoe Thant Zin

@domelay(အတွေးမျှင်လေးများ)

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by domelay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖြိုးသန့်စင် ဖြိုးသန့်စင်

ဗျာ ခေါ်လို့ကောင်းတယ်နော်

Thank for shairing

Welcome ပါဗျာ

အခုထိ onlineမှာ ပိုက်ဆံရှာလို့ ရတယ်ဆိုတာ မယုံတဲ့သူက များနေတယ် ကိုယ့်မြို့ အတိုင်းအတာနဲ့ ကိုယ်ပြောတာပါ

ကျွန်တော်တို့ မြို့လေးဆို

Internetကတော့ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေျး့န်မမြင်တယ်ရှင့်

ဟုတ် ပါတယ် ခည

မသိသူ ကျော်သွား သိသူဖော်စား သုံးတတ်ရင်ဆေး မသုံးရင်ဘေးပေါ့ အိမ်က အဒေါ်တွေလည်း ဒီလိုပါဘဲ ဖုန်းကိုင်ရင် အမြင်မကြည်ကြဘူး သူတို့မသိတာဆို ကိုယ့်ဆီ ပြေးလာကြတယ် ပြောရင်လည်း သားအေးလွန်တယ်ဖြစ်အုံးမယ် ပြောတော့ပါဘူးလေ ရှိစေတော့ ရှိစေတော့

ဟုဟု ရှိစေတော့

မိုက်​တယ်

ကိုယ့်ပေါ်ပဲမူတည်ပါတယ်။အကျိုးရှိ၊မရှိဆိုတာက။
မသိသူတေကတော့ အပစ်ပြောကြတာပဲ။
စကားမစပ် ကောင်မလေးမရသေးတဲ့အတွက် congratulations ပါ..:P.
ကျနော်လည်းမရသေးလို့.. hee

ဟုတ်ကဲ့ congratulations ပါ မရတာဘဲ တစ်ခုကောင်းနေတယ်မြင်နေတုန်းပါဘဲဗျာ

Net ​ကြောင့်​ စာ​ရေးတတ်​​အောင်​ကြိုးစား​နေရ

ကွီးထွေးလဲ ရှယ်ရေးကောင်းနေပြီ

Happy Making Online Money With Steemit
steemit ​လေးရှိလို့ ​တော်​​သေးတာ​ပေါ့ Internet source နဲ့ပတ်​သက်​ရင်​ မြန်​မာနိုင်​ငံဆို service မ​ပေးတာများများ Myanmar Currency လည်း ကမ္ဘာမှာ ​ဘောင်​ဝင်​တန်းဝင်​ဖြစ်​ပါ​စေ ဆု​တောင်း​နေပါတယ်
Happy earning with steemit, using the internet source wisely....😄

ဟုတ်ကဲ့ပါ မြန်မာလိုရွှေးဖတ်သွားပါသည် ။ ကျေးဇူးပါ

ဟုတ်​ပ့​ဗျာ
အိမ်​က လူကြီး​တွေအဆိုးဆုံးပဲထင်​ရဲ့😂😂

ဟုတ်လား

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60696.93
ETH 2638.02
USDT 1.00
SBD 2.61