တောအနီး အလည်

in #myanmar6 years ago

စာရေးဖို့ ကောင်းကောင်း စဉ်းစားမရနေတုန်း ဒီနေ့ ကြိတ်မန်ဟူသော အပင် ကောက်ရန်အတွက် တောအနီး မြိုင်ထဲ သို့ ရောက်ခဲ့ပါသည် ။ ထိုနေရာ ကလေးမှာ သာယာနာပျော်ဖွယ် ရှိနေပြီး စိမ်းလမ်းသော ချုံများဖြင့် ပြည့်နက်နေပါတော့သည် ။ ထို့ပြင် စမ်းချေင်းလေး တစ်ခုလည်း ရှိနေသေးသည် ။ ရေက ကြည်လင်နေသည်တော့ မဟုတ်လှပါ ။ သို့သော် သဘာဝ စစ်စစ် ချောင်းရေသာ ဖြစ်ပါသည် ။

IMG_20180402_161658.jpg

ထိုနေရာမျိုးကလေးတွင် ထိုင်ပြီး အေးအေးဆေးဆေး လေညှင်းကလေး ခံကာ စဉ်းစားနေလျှင် အတွေးများ ခုန်ဆွ ခုန်ဆွဖြင့် ပျော်မြူးကာ ထွက်ကျလာနိုင်သည် ဟူ၍ပင် တွေးမိလိုက်ပါသေးသည် ။ ထိုအချိန် ဘဲကလေးများနှင့် ဘဲမေမေ ရေကူးလာနေသည်မှာ အလွန်ချစ်ဖွယ်ကောင်းသော သားအမိတစ်စုကို တွေ့မြင်လိုက်သလိုပင် ဖြစ်မိပါသည် ။ ကျွန်တော်လဲ မှန်များကွဲကာ စုတ်နေသော ဖုန်းလေး ထုတ်ကာ ရိုက်ဖို့ ကြံစည်သော်လည်း ထိုဘဲများမှာ ကျွန်တော့ကို စောင့်နေသည် မဟုတ်သဖြင့် လွတ်သွားခဲ့ပြီး ချောင်းလေးကိုသာ ရိုက်ဖြစ်ခဲ့သည် ။

IMG_20180402_161828.jpg

ဘဲအား ရိုက်မရသည့် အတွက် နဘေးမှ ကြက်အား ရိုက်ရန်ကြံစည်သည် ။ သို့သော် ကြက်မောင်နှံမှာ ကျွန်တော့အား အကပ်မခံပေ ။ facebook သို့တင်ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကြည့်လိုက်သည် ။ သို့သော် ထိုသို့ ပြောလိုက်မှ ပိုဆိုး ကျွန်တော်နားမလည်သော စကားများကို သူတို့မောင်နှံ တတွတ်တွတ် အော်ကာဖြင့် အဝေးသို့ထွက်သွားလေသည် ။ ထို ရုပ်နှမျောနေသော ကြက်မောင်နှံတို့နှင့် အပြိုင် စကားမများချင်တော့ သဖြင့် သူတို့ပုံအားမရိုက်ခဲ့သလို သူတို့နှင့်လဲ ပြိုင် ရန်မတွေ့နိုင်ပါ ။

သို့ဖြင့် ထိုနေရာလေးတွင် စားပွဲလေးချကာ ညနေ နေဝင်ချိန်လေးအား ရှုစားကာ စာရေးရလျှင် အလွန်ကောင်းလိမ့်မည်ဟု တွေးမိလေသည် ။ ထိုအချိန်တွင်ပင် အနီးမှ သွေးစုတ်ဖုတ်ကောင်ငယ်များမှာ အစာခဲကြီး တွေ့သည့်အလား ကျွန်တော့အား ဝိုင်းတွယ်ကြလေသည် ။ ကျွန်တော်လဲ ထို ဖြုတ်တို့၏ ဒါဏ် မခံနိုင်သည်နှင့် အတွေးစလေးများ ဖြတ်ကာ ကြိတ်မန်ပင်များ ထည့်ထားသော ခြင်းအား မကာ ထိုနေရာမှ ထွက်လာပါတော့သည် ။

MSC . 9

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ကြက်မောင်နှံက ဆယ့်တစ်လီဖြစ်မှာစိုးလို့နဲ့တူပါရဲ့

ဖြစ်နိုင်တယ် အဲ့ကြက်မောင်နှံ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62912.13
ETH 2544.21
USDT 1.00
SBD 2.84