နောင်ရေးအတွက် SP

in #myanmar8 years ago

Steemit သည် ဝင်ငွေ ရနိုင်သော နေရာဖြစ်သည် ။ ထိုတစ်ခုထဲသာ မြင်မိတတ်ကြသည်က များနေမည် ထင်ပါသည် ။ Steemit သည် ငွေကို တိုးပွားစေနိုင်သော နေရာလည်း ဖြစ်သည် ။ ထိုအရာကို သတိမထားမိသောသူများမှာ ငွေကို တိုးပွားစေရန် ရည်ရွှယ်ချက်မရှိသောကြောင့်ထင် ။ Steemit မှရသည့် နည်းနည်းကို ထုတ်ယူ သာယာနေကြပါသည် ။ ထို့ပြင် Steem သည် အရှုံး အမြတ်ရှိသာ ကုန်သွယ်မှု လုပ်ငန်း အသေးလေးအား လုပ်နိုင်သေးသည် ။ tranding site တွေမှာတော့ crypto အများအပြားကို ကုန်သွယ်ရောင်ဝယ်နိုင်သည် ။ Steemit အတွင်း Internal Market တွင်တော့ Steem နှင့် SBD နှစ်မျိုးကို ဈေးအတက်အကျလိုက်၍ ရောင်းဝယ်နိုင်ပါသည် ။ ကျွှန်တော်ကတော့ ထိုရောင်းဝယ်မှုဖြင့် သိပ်မစွံပါ ။ ရောင်းဝယ်မှုအတွင်း အမြတ်များရနေသော သူများလဲ များစွာရှိလေသည် ။

Decentralized_economy.jpg

Steem မှ ရသော ဝင်ငွေများအား ကျွှန်တော်စလုပ်စ ယခင်ခြောက်လခန့်ကသာ ရောင်းကုန်ခဲ့မည်ဆိုလျှင် ယခုအချိန်တွင် power မှာ မရှိသလောက်ဖြစ်နေလိမ့်မည် ထင်ပါသည် ။ အစပိုင်းတွင် စုနိုင်သမျှ စုထားခဲ့ပါသည် ။ အပြင်မှဖုန်းဘေ ထည့်စရာပင် မတတ်နိုင်မှ ဘေဖိုးလောက် ထုတ်သုံးခဲ့ပါသည် ။ ဖုန်းဘေပင် နပ်မှန်အောင်မဖြည့်နိုင်အောင် ဆင်းရဲသော ကျွှန်တော်ပါ ။ ယခုအချိန်တွင်တော့ ဖုန်းဘေကို အပြင်တွင်ရှာစရာမလိုတော့သလို ဖေဖေမေမေတို့ထံလဲ မတောင်းရတော့ပါ ။ ကျွှန်တော့ Steemit account မှဝင်ငွေမှာ ဖုန်းဘေဖိုးလောက်တော့ စိတ်ကြိုက်သုံးနိုင်ပါပြီ ။ ဒါတင်မကသေးပါ Steemit မှရသော ဝင်ငွေဖြင့် lettop တစ်လုံးပင် ဝယ်လိုက်သေးသည် ။ ထုတ်လိုက်သည်မှာလည်း သာမန် လခစားတို့၏ ငါးလခန့် အလုပ်လုပ်သည့်ငွေခန့်ပင် ရှိနေပါသည် ။ ဝင်ငွေ မရှိသည့် ကျွှန်တော်မှာ ထိုမျှလောက်ရသည်မှာ များစွာ ဝမ်းသာမိပါသည် ။ အစပိုင်းမှာသာ ထုတ်မိခဲ့လျှင် ထိုမျှလောက်ရနိုင်မည်မဟုတ်သလို Power လဲ ရှိမည် မဟုတ်တော့ပါ ။ ထိုထုတ်လိုက်မိသည့်အတွင် နောင်တစ်ချိန် နောင်တပြန်ရနိုင်ပေသည် ။ထို့ကြောင့် ပြန်လည်ကြိုးစားနေပါပြီ ။ power များလည်း ဆက်လက် စုဆောင်းသွားပါဦးမည် ။

download (4).jpeg

ငယ်စဉ်ကပုံပြင်လေးတစ်ပုဒ်ကို ပြန်လည် သတိရမိပါသည် ။ အားလုံးလဲ သိပြီးလောက်သည်မို့ အကျဉ်းမျှသာ ပြောပြပါမည် ။ လက်ဆောင်ရလာတဲ့ ကြာက်ဥလေးတစ်လုံးကို ကိုင်ပြီး စိတ်ကူးယာဉ်သတဲ့ ကြက်ဥကနေ ကြက်ကလေးပေါက်လာပြီး ကြက်တွေ အများကြီးပေါက်လာမယ် နောက် သူဌေးကြီးဖြစ်လာမယ် ။ တွေးနေရင်းနဲ့ဘဲ ကြက်ဥလေး လွတ်ကျ ကွဲသွားပါသတဲ့ ။ ပုံပြင်ထဲမှာတော့ စုံစုံလင်လင်ဖော်ပြထားတာပေါ့နော် ။ ဒီလိုဘဲ ကျွှန်တော်တို့ လွတ်ကျခဲ့တဲ့ ကြက်ဥလေးတွေ များပြီလား ? ဟုတ်ပါတယ် ကျွှန်တော်တော့ ငယ်ငယ်ကတည်းက ကိုယ်ဖြစ်ချင်တာလေးတွေ ကျကွဲခဲ့ပေါင်းလဲ များပါပြီ ။ Steemit မှာတော့ ကျကွဲ မခံတော့ပါဘူး ။ ကျမကွဲပေမဲ့မိမိလက်တွင်းရှိတဲ့ တိုးပွားနိုင်တဲ့ အရာကို ကျွှန်တော်တို့ သုံးစားပြစ်မယ်ဆိုလျှင် ပြန်လည် တိုးပွားတော့မှာ မဟုတ်ပါဘူး ။ သရက်ဖူးလေး တစ်ခိုင် စားလိုက်တာနဲ့ သရက်သီး လေးငါးလုံးလောက် ဆုံးရှုံးသွားနိုင်ပါတယ် ။ အစပိုင်းမှာ အရေးကြီးတဲ့ အညွှန့် အခက်လေးတွေကို စားသုံးလိုက်တာနဲ့ steem သစ်ပင်ကြီးဟာ ဖွံ့ဖြိုးမှု နှေးသွားနိုင်ပါတယ် ။

တစ်ခဏ သာယာမှုအတွက် နောက်တစ်ချိန် ရရှိလာမည့်အကျိုးများကို မဆုံးရှုံးစေချင်ပါ ။ အခြားအရာများကို မလုပ်နိုင်ဘူးထားပါ စာရေးပြီး ပုံမှန် ရသည့် အရာလေးဖြင့် steem power များ စုပြီး ထို power မှ ရရှိသော အတိုး curation rewards လေးများ ပွားများကာ နောင်တစ်ချိန်တွင် Steemit သည် ငွေအိုးကြီးသဖွယ် ဖြစ်နိုင်ပါသေးသည် ။ Steem power များ များစွာပိုင်ဆိုင်ကြသူများ ဖြစ်လာနိုင်ကြပါစေ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ကောင်းလိုက်တာ ဒိုမီရေ ။ ရှင်းရှင်းလင်းလင်း ဥပမာလေးတွေနဲ့ ထိရောက်ပါပေ့။

ကျေးဇူးကွီးရွှေ အစပိုင်းမှာကွီးရွှေတို့ အားပေးခဲ့လို့ ခုလို အဆင်ပြေနေတာပါ

ျွန်​​တော်​လည်းစုမယ်​ဗျာ

ဟုတ်ကဲ့ ၀မ်းသာပါတယ်ဗျာ

အားကျမိပါတယ်​ဗျို့

ဖြစ်လာမှာပါဗျာ Steemit ကို သိခဲ့တာကြာပြီဘဲ ဆက် မအိပ်နဲ့တော့်နော်

ကျွန်​​တော်​လဲအခုမှစလုပ်​​တော့....spအများကြီးလို​တယ်​...

ရိုးသား ကြိုးစားရင် တိုးပွားလာမယ့် SPတွေပါ။

ကြိုးစားပါ ရလာမှာပါ ကျွန်တော်တို့လည်း နည်းနည်းစီစုလာရတာပါ

ကျွန်တော်လည်း SP စုရဦးမယ်ဗျာ . . ကျေးဇူးပါဗျ . . တကယ်အားတက်စေပါတယ်

ဟုတ်ကဲ့ Steemit မယ် Steem Power မရှိရင် အဆင်မပြေပါ

အညွန့်လေးတွေေ
မဆုံးရှုံးစေချင်ဘူးဗျာ....

အမှန်ဘဲလေ

ဘယ်သူမပြု မိမိမှုပါဒိုမီရေ

ဟုတ်အကို

အားကျတယ်​အစ်​ကို

အစမရှိ အဆုံးအရှိအေ ဘာကျလဲ မသိ ဖြစ်လာမှာပါ

Spကစုကိုစုသင့်​တာပါဗျာ

ဟုတ် များများရအောင် စုပါဦးနော်

ဘယ်ကနေ စစုရမှန်း မသိတော့ပါဘူး

ရသမျှတွေကနေ စစုပါ ခင်ဗျာ

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.081
BTC 63253.25
ETH 1685.08
USDT 1.00
SBD 0.42