အောင်အောင်ရဲ့ ဝါသနာ

in #myanmar8 years ago

အောင်အောင်သည် အောင်မြင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် ဘွဲ့တစ်ခုရပြီးသည်မှ စတင်ကာ လုပ်ငန်းများကို တစ်ခုပြီး တစ်ခု လျှောက်လာရင်း တစ်နေ့တော့ ရုံးလုပ်ငန်းလေး တစ်ခုတွင် အလုပ်ရခဲ့ပါသည် ။ အောင်အောင် အောင်မြင်ချင်သည်ကိုသာသိသည် ။ သူ၏ ရည်မှန်းချက်မှာ ငွေရရန်သာဖြစ်ပြီး ဝါသနာမှာလည်း ငွေရှာရန်သာ ဖြစ်မည်ထင်ခဲ့သည် ။ တစ်ကယ်တော့ သူဖြစ်ချင်သော အရာတို့ကို ပတ်ဝန်းကျင်တို့မှ ပုန်းကွယ်စေခဲ့သည်ကို သတိမထားမိခဲ့ပေ ။ တစ်ကယ်ဆိုလျှင် အောင်အောင်မှာ သူဘာလုပ်ချင်သည် ဆိုတာကိုပင် မသိတော့လောက်အောင် ဖြစ်နေခဲ့သည် ။


hd work.jpg
Image source

အောင်မြင်သောသူ ငွေရှာကောင်းသူသာ ဖြစ်ချင်ခဲ့သည် ။ သို့သော် ထိုသို့ငွေရရှိရန် သူအလုပ်လုပ်နေရသည်ကို ပျော်ရွှင်နေသည်လား ပြန်စဉ်းစားကြည့်လျှင် ပျော်ရွှင်သည်မဟုတ်လှပါ ။ ထို့ကြောင့် သူ့လုပ်ငန်းတွင် စေတနာ ထားနိုင်ခြင်း ရှိမည်လည်း မဟုတ်ပါ ။ သူကား ဝန်ထမ်းတစ်ယောက်ဖြစ်သည် ။ တာဝန်ထမ်းဆောင်သည် သူလုပ်စရာရှိသည်များကို လုပ်ဆောင်ပြီး ရရှိသည့်လစာကို ယူမည် ဒီလောက်ပင်ဖြစ်လေသည် ။ လုပ်ငန်းတွင် စိတ်မပါခြင်းကြောင့် အခြားသူများနှင့် လုပ်ငန်းအရ ဆက်ဆန်ရသည်ပင် သူ့အတွက် မလုပ်ချင်ဘဲ လုပ်နေရသည့် တာဝန် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နေလေသည် ။ ထို့ကြောင့်ပင် တစ်ခါတစ်ရန် ဆက်ဆန်ရေးတွင် အဆင်မပြေဖြစ်တတ်လေသည် ။ သို့သော် လူအများက ထိုအရာကို နားလည်မပေးတတ်ကြပေ ။


bad w.jpg
Image source

အောင်အောင်မှာ အောင်မြင်သော ချမ်းသာသော လူတစ်ကာတို့မှ လေးစားသော ဟူသောအရာများကို လိုချင်မိသည် ။ သို့သော် မိမိတစ်ကယ်တမ်း ဝါသနာမပါသော အလုပ်အား လုပ်ကိုင်နေရခြင်းအတွက် ဖိအားများခြင်းနှင့် ထိုအရာများ ထင်ထားသည်လောက် မပြည့်စုံလာသည့်အခါ ထိုအလုပ်အပေါ်တွင် ယုံကြည်ချက်မရှိ ဖြစ်လာပါသည် ။ သို့သော် အောင်အောင် မိမိဘာဖြစ်ချင်သည် ဆိုသည်ကို ကောင်းကောင်း မစဉ်းစားတတ်တော့ပေ ။ ထို့ထက်ပိုဆိုးလာနိုင်သည် ဆိုသော အရာတစ်ခုကို ရင်မဆိုင်နိုင်တော့ပေ ။ ထို့ပြင် ကိုယ်ဘာလုပ်ချင်သည် ဆိုတာကိုပင် သေချာရေရာမှုမရှိသော သူ့အတွက် ဒီတိုင်းပင် ဆက်သွားရမည် ဖြစ်လေသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

လုပ်ငန်းခွင်ပျော်ရွှင်မှု အရေးကြီးသည်

ဟုတ်တယ် အကို

‌အောင်‌‌အောင်‌ ဘာလုပ်‌မလဲဆိုတာ သိချင်‌‌နေမိတယ်‌။‌မျှော်‌‌နေမယ်‌။

ငမ်း ပြီးပါပြီဆို

ဝတ္ထု မှတ်‌လို့ ဂယ်‌ဘဲ ဂယ်‌ဘဲ။

မလုပ်​ချင်​လည်းလုပ်​​နေရတာအလုပ်​ပါ​အေ။

အယ်လဲ့ ကျွန်တော်ကျ မလုပ်ဖြစ်ဖူး အမေ့ဆီထိုင်စားဖြစ်နေတယ်

အောင်အောင်တော့ ကြိုးစားတော့မည် ထင်ပါသည်

အင်း ဘယ်လိုဖြစ်ဦးမယ် မသိဘူးနော့

ဘာလုပ်ချင်တာလဲ ဆိုတာ ကိုယ့်ကို သေချာဖို့ လိုတာပေါ့လေ နော့်ကွာ

ဟုစ် အတို

ကိုယ်​က​တော့ ကိုယ့်​ဟာကိုယ်​ ဘာလုပ်​ချင်​လဲ ဆန်းစစ်​တဲ့အခါ ဘာမလုပ်​ ချင်​​တာကခက်​​နေတာ

ဘာလို့များ လာတူနေပါလိမ့်

ငအောင် ဇာတ်လိုက်တွေ ပေါသဟေ့

မရည်ရွှယ်ပါဘူးဗျာ

အဖြေမရှာ အဖြေမထုတ်ပဲ တန်းလန်းထားခဲ့တယ်ပေါ့လေ

လက်ရှိဖြစိနေကြတဲ့ ဘဝများကို မီးမောင်းထိုးပြလိုက်တာပဲ့ ကိုဒိုရေ

ဟီး အဲ့ဂလိုတောင်ဖြစ်သွားဒယ်လား ကျေးဇူးပါ ။

ဒီတိုင်းလေးဘဲ နေတော့မလား ကြောင်ကြောင်

ဒီလိုပါဘဲလေ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 62333.05
ETH 1669.91
USDT 1.00
SBD 0.41