ဒုက္ခပြဇာတ်

in #myanmar7 years ago

လောကတွင် ချစ်ရသူနှင့် ပေါင်းသင်းရခြင်းသည် ကောင်းမွန်သော ချမ်းသာ ဖြစ်စေတတ်သည် ။ မီးများ မီးနိုင် ရေများ ရေနိုင်ဆိုသကဲ့သို့ပင် ချမ်းသာများထက် ဆင်းရဲပိုလေသော် ဒုက္ခလေးတော့ ရောက်တတ်ကြသည် ။ အကြတ်နေ့ သင်္ကြန်မိုးလေး သွန်းဖြိုးရွှာလာတော့ လေကလေးပါ အဖော်ခေါ်လာသည် ။ လေကလေးက အကြမ်းကြီး မဟုတ်ပေမဲ့ “လေကျယ်” တို့တဲလေး အတွက်တော့ သိမ့်သိမ့်ခါနေလေသည် ။

သင်္ကြန်မိုး သီချင်းကလေး ဖြင့် ပျော်ရွှင်စွာ ကနေသူများ ထိုအချိန်တွင် ရှိကြပေလိမ့်မည် ။ သို့သော် ။“လေကျယ်” တို့ လင်မယားနှစ်ယောက်မှာတော့ အဝတ်သိမ်းသိုင်း နေရာ ရွှေ့သိုင်းတို့ကို ပြိုမတတ် ယိမ်းခါနေသော တဲလေးအတွင်း ကနေကြရသည် ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ ဆိုသော်လည်း ထိုသို့သော တဲအိုပျက်ဒုက္ခတို့အား တဲအိုပျက်သမားများသာ ကောင်းကောင်းသိပါလိမ့်မည် ။


Naiset+Hut+Storm.jpeg
Image source

အရှေ့က ပက်သော မိုးရေ တဲနောက်ကို တစ်လံကျော်လောက် ရောက်နိုင်သော အခြေနေတွင် အကာ မလုံ သော တဲလေးထဲတွင် အဘယ်သို့ရှိအံ့နည်း ။မိုးကာပိုင်းလေးတစ်ခုဖြင့် စိုမည်စိုးရသော အဝတ်တို့အား လူနှင့်ရောခြုံနေသော ဇနီးသည်နှင့် ကလေးငယ်ဘေးတွင် လေမိုးဒါဏ် တို့အားကြံ့ကြံ့ ခံလျှက် “လေကျယ်” တစ်ယောက် မားမား မတ်မတ် ရပ်နေလေသည် ။ မလုံခြုံနိုင်သော အစတိုလေးများ စုပေါင်းစပ်ပေါင်းထားသည့်  မိုးကာ အမိုးလေးမှာ လေနှင့် အတူစီးမျောကာ လွင့်လူးနေဆဲ ။ သူ၏အတွေးများတွင်လဲ များစွာသော အကြောင်းအရာတို့စီတန်းကာ တစ်ဖျတ်ဖျတ် လွှင့်နေဆဲ ။


small hut
Image source

သို့နှင့် သင်္ကြန်မိုးလေး စဲသွားချိန် လေကြမ်းတို့ပြီးဆုံးချိန် မိုးတိတ်စ အလင်းရောင်အောက်တွင် အနော်ခနဲ့ အိမ်လေးမှာ တစ်ခြမ်းစောင်းလျှက် အမိုးတို့ပွင့်လျှက် ။ အဝတ်တွေ ရေစိုကြမ်းလို့ ပြန်လှမ်းရအခက် ။ ရေမခြောက်တဲ့ ဝါးကြမ်းခင်းထက် ကောင်းကင်ကို မျော်ငေးလို့ တစ်ညတာ မှေးစက် ရဦးမည် ။

ဒီတစ်ခါ ဝင်ငွေလေး ရလျှင် တဲအိမ်လေးအား သေချာပြင်မည် ဟု ဆုံးဖြတ်ချက်ချရင်း သူတို့နှစ်ယောက် ညစာအတွက် နှစ်ဦးသား အသဲအသန် ရှာဖွေရဦးမည်ဖြစ်လေရာ ထိုညစာအား အရင်ရှာဖွေရန် ကြိုးပမ်းကြလေသတည်း ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

တူနှစ်ကိုယ်တဲအိုပျက်မှာ နေရ ရွှေပုံပေါ်မှာစံရ
ချစ်တာပဓာန အင်း သီချင်းကတော့ဆိုကောင်းပ

ဟုတ်တယ် ဦးထွေးရေ သီချင်းကတော့ကောင်းပ ။

ဘဝတွေကလည်းကွယ်

ဒီလိုပါဘဲခွယ် ။

နောက်တစ်လေ မရောက်ပါစေနဲ့ ညစာလေးကောင်းကောင်းမွန်မွန်စားနိုင်ပါစေ

မရောက်စေချင်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.078
BTC 62741.70
ETH 1659.93
USDT 1.00
SBD 0.42