အချစ်ရူး (2) . . .

in #myanmar9 years ago (edited)

ပိုးအိမ်နှင့် ချစ်ထူးဆိုတဲ့အရမ်းချစ်ကြတဲ့စုံတွဲလေးမှာ ပိုးအိမ်ဖြစ်သူက သူမတွင် သွေးကြောပိတ်ရောဂါရှိသည့်အတွက် ချစ်ထူးအားငြင်းပယ်ကာ ရွှာပါပြောင်းသွားပြီးနောက် ချစ်ထူးရူးသွားပါသည် ။ ပိုးအိမ်လည်း ဆုံးသွားပါသည် ။

image

ထို ပိုးအိမ်သေဆုံးရာရွှာကလေးတွင် အောက်လမ်းဆရာခေါ်မလား အထက်လမ်းဆရာခေါ်မလားမသိ ထိုကဲ့သို့ အရုပ်ကလေးများဖြင့် သရဲတစ္ဆေ နာနာဘာဝတို့ အား အရုပ်ကလေးတွင် ပူကပ်ခိုင်းပြီး ခိုင်းစေတတ်သော ဆရာတစ်ယောက်ရှိသည်ဆိုသည် ။ ထိုအကြောင်းတွေကိုတော့ ကိုလူညာ ဆိုသောသူမှ ပြန်လည် ဖွင့်ဟခဲ့ပါတယ် ။ ကိုလူညာဆိုတာက လူပျိုကြီး မိန်းမရချင်တာလည်းလွန်ပါရော သူဌေးကလည်းဖြစ်လိုက်ချင်သေးတယ် ။ သူက အဲ့ဒီဆရာကြီးဆီ နည်းလမ်း သွားတောင်းတယ် ။ထိုဆရာ အစွမ်းကိုလည်း အိမ် အဝင်မှာတင် ထူးခြားတာတွေ ကြုံရပါတော့တယ် ။

တံခါးမှာ လူရှိသကဲ့သို့ဖွင့်ထားသည် ။ ဆရာကြီး ဆရာကြီး လေးငါးခါခေါ်သော်လည်း မထူး ဒါနဲ့ အိပ်များနေလား အပေါ်သို့ တက်လိုက်သည် ။ ဝုန်းးး
အိမ်ပါတုန်ခါသွားသည် အလွန်ကြီးသောသူတစ်ယောက်ခုန်ချလိုက်သလို သို့သော် သူတို့တွေ့လိုက်ရသည်ကား အလွန်သေးငယ်ပြီး လက်တစ်ဆစ်ခန့်သာရှိသော အရုပ်လေး တစ်ရုပ်သာ စင်ပေါ်မှ ပြုတ်ကျခြင်းပါ ။ သူတို့ လန့်သွားပြီး အောက်သို့ ပြန်ဆင်းလာကြသည် ။ ထိုအချိန် ဆရာကြီး အပြင်မှ ပြန်လာသည်နှင့် ဆုံတွေ့ခဲ့ပါသည် ။ "အေးကွယ် ဟိုးဘက်ကရွှာ ကိစ္စရှိလို့ သွားလိုက်တာ ငါ့ဖာသာငါဆို နေ့ချင်းပြန်လို့ရတယ် ဟိုကောင်တွေ ပါလာတော့ တစ်ညအိပ်လိုက်ရတယ် " ကိုလူညာ သိချင်ဇောဖြင့် "ဘယ်ကောင်တွေလည်း ဆရာ" ဟု မေးလိုက်တော့ ဒီကောင်တွေပေါ့ကွာ ဟူ၍ သူ့အိတ်ထဲက အရွှယ်စုံ အရုပ်ကလေးများ ထွက်လာလေသည် ။ အရုပ်ကို ကိုင်လျှင် ထို အရုပ်တွင် ကပ်ညှိနေသူအားမြင်ရပြီး လိုရာခိုင်းနိုင်သည်ဟုဆိုသည် ။ ယခုကဲ့သို လမ်းခရီးသွားလျှင်လည်း ထိုအရုပ်များတွင် ကပ်ညှိနေသူမှ ဆက်မလျှောက်နိုင်လျှင် အနားပေးရသည်ဆိုသည် ။ မဟုတ်လျှင် လူကိုတက်စီးလာသည် ။ သူတို့အား လူတစ်ယောက်ကဲ့သို့ ကျွှေးမွေး ထားရသည် ဆိုပါသည် ။

magician-41677_960_720.png

ကိုလူညာ မိန်မရချင်သည့် အကြောင်းပြောပြရာ ဆရာကြီးမှ မိန်းမရဖို့ မပူပါနဲ့ ကောင်မလေးစားမည့်အထဲ သို့မဟူတ်သောက်မည့်ထဲ ဆေးခပ်ဖို့ ပြောပါတယ် ဒါပေမဲ့ ကောင်မလေးကို တစ်သက်လုံးမသိပါစေနဲ့တဲ့ သိတဲ့နေ့တော့ မင်းအသက်ကိုတောင်ရန်ရှာပါလိမ့်မယ် ဆိုပြီးဆေးမှုံ့ ထုတ်လေး ပေးပါတယ် ဒါပေမဲ့ သူက ချမ်းရောချမ်းသာချင်တယ် ပီးတော့ တစ်ခြား လုပ်ချင်တာတွေလဲ များနေခဲ့ပါတယ် ဒါကြောင့် ဆရာကြီးက "ဒါဆို အရုပ်လေးတစ်ရုပ် သွားလုပ်ကြတာပေါ့ ဒီ ည လကွယ်ညမို့ အဆင်ပြေတယ် အချိန်က နီးကပ်နေတော့ အရုပ်ထုဖို့အချိန် မရဘူး " ကိုလူညာမှာလည်း အရင်က ပိုးအိမ်ကို တစ်ဖက်သတ်ကြိုက်သည့် ပန်းပု ဆရာတစ်ယောက် ထုလုပ်ထားသော အရုပ်လေးတစ်ရုပ် ရှိနေလေသည် ။ ချစ်ထူးနှင့် ပိုးအိမ် အဆင်ပြေသွားချိန်တွင် ကိုလူညာ လက်ထဲ ထိုအရုပ် ရောက်ရှိလာခဲ့လေသည် ။

image

ဆရာကြီးကတော့ သူ့ကျွှမ်းကျင်မှုအရ သိသည်ထင် အရုပ်အား ကြည့်၍တစ်ချက်ပြုံးလိုက်သည် ။ ထို့နောက် သူသွားသည်ကား ပိုးဥ၏ အုပ်ဂူရှိရာသို့ . . . ။ မည်သို့အစီမံပြုလုပ်သည်ကိုတော့ ကိုလူညာ မသိခဲ့ပါ နောက်နေ့ သူအရုပ်ကလေးပြန်ရလာပါသည် သို့သော် ယခင်နှင့်တော့ မတူတော့ ။
ထိုနေ့က အရုပ်ကို အဆင်ပြေပြေရခဲ့သော်လည်း ကိုလူညာကြောက်နေသည် အရိပ်မဲကြီး သူ့နောက်ကနေ လိုက်နေသည် ။ခိုင်းစား၍ ရသည်ဆိုသော် လည်း ဆရာကြီးပြောသော်လည်း တဖြည်းဖြည်း အကောင်အကုန်လုံး မြင်ရမည်ကို လန့်နေသည် ။ စိတ်နှင့် လူနှင့်မကပ်တော့ ဘုရားရှိခိုးရန် ဂွေးမြင်ကုန်း ဘုရားထဲသွားဖို့လုပ်သည် ။ အရုပ်မှာ ဘုရားထဲ မဝင်နိုင်ဟု သူထင်တာကြောင့် ဘုရားဝန်း အပြင် တစ်နေရာတွင် ထားခဲ့သည် ။ ထို့နောက် ချစ်ထူး ဘုရားထဲမှ ထွက်ချိန် ထိုအရုပ်ကလေးအား ယူသွားသည်ကို သူမြင်လိုက်သည် ။ သို့သော် သူလည်းထိုအရုပ်အား လန့်နေသဖြင့် သွားရောက် ယူငင်ခြင်း မပြုတော့ဘဲ စိတ်ထဲမှသာ "အဲ့ဒါမင်းကောင်မလေးပိုးအိမ်ဘဲ ချစ်ထူးရေ" ဟူ၍ တွေးလိုက်နိုင်သည် ။

ချစ်ထူးမှာလည်း ထိုအရုပ်ကလေးအား သူ့ကောင်မလေးဟူသော အစွဲဖြင့်သာ အစာကျွှေးသည် ရေတိုက်သည် ပြုစုယုယနေသည် ။ ရေချိုးပေးသည် သနပ်ခါးလိမ်း ဘာညာ အစုံလုပ်ပေးသည် အရုပ်ကလေးနဲ့ စကားတွေပြောနေတတ်သည် ။ သူ့မိဘများတော့ စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး မတတ်နိုင်ကြပေ ။ သူ ရူးနေသည်လား သူ့ကောင်မလေးနှင့် အတူ နေထိုင်ကာလောက ကြီးကို မေ့ထားသည်လား ဆိုတာကိုတော့ ချစ်ထူးသိပေလိမ့်မည် ။ သို့သော် ချစ်ထူးကို ကျွှန်တော်တို့ မေးလို့ မရနိုင်ပါ ။ မေးလည်း သူပြောမည်မဟုတ်ပါ ။

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

ကျေးဇူး

@reported has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

@royrodgers has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

အချစ်​ရူးကြီးရူး​တော့သည်

ဟုတ်တယ်ဗျာ ချစ်ရူး ကျွှန်တော်ရူးဘူးနော်

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

အရမ်းကောင်းတဲ့ articleလေးပါ bro..

ကျေးဇူးပါဗျာ

အော်​ဒိုမီတစ်​​ယောက်​ရူးသွား​လေပြီ

အမ် ဒိုမီဟုတ်ဖူးလေဗျာ ရူးတာက နောက်ကြပါနဲ့ဗျာ

ချစ်ထူးကိုဘာဖြစ်လို့မေးမရတာလဲ bro

သူရူးနေတယ် မဖြေဘူးဗျာ

Edge of the death.

Missing story 😃

ဘယ်လိုပြောရ မလဲနော့ အဲ့ဒါ တော်ပါပြီ ဘားမပြောတော့ပါဘူး ကိုယ်မှနားမလည်တာ ဟီး

သနားစရာ အရူးသတ္တဝါ ငါမကယ်ရင်တော့ရူးတော့မယ်ထင်တယ်

ဟုဟု အကိုစိုး ကယ်ပေးလိုက်ပါအုံးဗျာ

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63789.74
ETH 1693.74
USDT 1.00
SBD 0.41