Prefect CV FormsteemCreated with Sketch.

in #aungphonethu7 years ago

ဆွဲဆောင်မှုရှိတဲ့ CV တစ်စောင်ဖြစ်အောင် ဘယ်လိုရေးမလဲ!

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အလုပ်ကောင်းကောင်းရအောင် ခေတ်မှီပြီး ဆွဲဆောင်မှုရှိတဲ့ CV တစ်စောင် ရှိဖို့လိုပြီး >>>
===================================================

ခေတ်မှီဆွဲဆောင်မှုရှိတဲ့ CV တစ်စောင် ပြင်ဆင်ထားတာဟာ ကိုယ်နဲ့လိုက်ဖက်တဲ့ အလုပ်အကိုင်တစ်ခုခုလျှောက်ထားတဲ့အခါ အရေးကြီးတဲ့ အစပျိုးပြင်ဆင်မှုတစ်ခုဖြစ်ပါတယ်။ ရာထူးနေရာတစ်ခုအတွက် လျှောက်ထားသူတွေ အပြိုင်အဆိုင်ဖြစ်နေတဲ့ ယခုလိုအချိန်အခါမျိုးမှာ ကောင်းမွန်ပြည့်စုံတဲ့ CV တစ်စောင်ကို မရှိမဖြစ် ပြင်ဆင်ထားဖို့လိုလာပါပြီ။ အင်တာဗျူး ၀င်ရရေးဟာ အလုပ်လျှောက်လွာ CV တင်ရခြင်းရဲ့ ပထမဆုံးမျော်မှန်းချက်ဖြစ်ပါတယ်၊ ဒါကြောင့် သင့်အလုပ်လျှောက်လွှာဟာ တစ်ခြားလျှောက်လွှာရှင်တွေထက် သိသာထင်ရှားအောင် သေချာပြင်ဆင်ထားဖို့လိုပါတယ်။ ဒီနေရာမှာသိထားရမှက အလုပ်ရှင်ဆီမှာရာနဲ့ချီတဲ့ CV တွေ လက်ခံထားသော်ငြားလည်း အင်တာဗျူးခေါ်တဲ့အခါ သူတို့ဆီမှာရှိတဲ့ အလုပ်နေရာတစ်ခုချင်းစီအတွက် သင့်တော်နိုင်တဲ့ CV တွေကို ဇကာစစ်သလိုရွေးပြီးဗျူးတာပါပဲ။ ပိုပြီးရှင်းအောင်ပြောရရင် သင့်ရဲ့ CV ဟာ သင့်ရဲ့သရုပ်သဏ္ဍန်ကို ကိုယ်စားပြုပြီး အင်တာဗျူးမယ့်သူကို ပထမဆုံး ကိုယ်ထင်ပြတဲ့အရာပဲဖြစ်လို့ သူတို့ကိုထင်းခနဲ မြင်သာအောင်၊ အများထဲ ဖြစ်နိုင်ခြေအရှိဆုံးသူအဖြစ် ထင်သာအောင် အကောင်းဆုံးပြင်ဆင်ထားဖို့ လိုပါတယ်။
အလုပ်လျောက်လွာ CV နှင့် အလုပ်လျောက်ရတဲ့ အကြောင်းအရာများကို အကျဉ်းချုပ်ဖော်ပြထားတဲ့ Cover Letter တွေဟာ အလုပ်လျှောက်လွှာရှင်တွေအတွက် သူ့ရဲ့အကြောင်းနှင့် သူ့ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဖော်ထုတ်ပြသဖို့အတွက် အခွင့်အရေးလည်းဖြစ်ပါတယ်။ ထုတ်ကုန်ပစ္စည်းတစ်ခုခု၊ လုပ်ငန်းဝန်ဆောင်မှုတစ်ခုခုရဲ့အကြောင်းကို အများသိနိုင်ဖို့အတွက် လက်ကမ်းစာစောင်တွေ၊ သတင်းစာတွေနဲ့ ငွေကုန်ကြေးကျခံပြီးကြေငြာကြသလိုပဲ CV ဟာ အလုပ်လျှောက်လွှာရှင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် ရရှိပြီးသား အတွေ့အကြုံအရည်အချင်းတွေကို လွတ်ကူရှင်လင်းစွာ လိုရင်းတိုရှင်း ထုတ်ဖော်ရေးသားပြီး ဒီအလုပ်ဟာ မိမိနှင့်သင့်တော်လျောက်ပတ်ဆုံးဖြစ်ကြောင်း အလုပ်လျှောက်လွှာထဲတွင် ဘယ်လိုထုတ်ပြသမလဲ ဆိုတာကို သိရှိပြီးအသုံးချတတ်ဖို့ အရေးကြီးပါတယ်။
CV ကို ဘယ်လိုဘယ်ပုံရေးပြီး ဘယ်အကြောင်းအရာတွေကို ဦးစားပေးဖော်ပြမှာလဲဆိုတာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲဆိုင်ပြီး မိမိကိုယ်တိုင်ရွေးချယ်ရမယ့်ကိစ္စဖြစ်ပါတယ်။ တိကျသေချာစွာ ပြဋ္ဌာန်းထားတဲ့ ပုံစံတွေ သတ်မှတ်ထားတာမရှိပါဘူး။ ဒါပေမဲ့ အခြေခံစဉ်းစားဆင်ခြင်သင့်တဲ့ ကြောင်းအရာတစ်ချို့ကတော့ရှိပါတယ်၊ ဥပမာ - မိမိရွေးချယ်သော အလုပ်အမျိုးအစား၊ ရာထူးနေရာ၊ ကုမ္ပဏီအမျိုးအစား၊ အလုပ်လုပ်မယ့် နေရာဌာနတွေပဲဖြစ်ပါတယ်။ တစ်ချို့ရာထူးတွေက သူတို့ရဲ့လုပ်ငန်းအမျိုးအစားကို လိုက်ပြီးအလုပ်ခေါ်တဲ့အခါ အလုပ်အပ်တဲ့ အရည်အချင်းတွေ ကွဲပြားတတ်ပါတယ်။ အလုပ်ခေါ်ယူမယ့် ကုမ္ပဏီတွေဟာ စီမံခန်ခွဲရေး အရာရှိလိုရာထူးအတွက် သီအိုရီပိုင်းဆိုင်ရာပညာနောက်ခံနဲ့ ကျွမ်းကျင်တဲ့ လက်တွေ့အသက်မွေးမှု အတွေ့အကြုံရှိသူတွေကို ဦးစားပေးနိုင်သလို၊ နည်းပညာပိုင်းဆိုင်ရာ ရာထူးနေရာတွေအတွက် သက်ဆိုင်ရာနည်းပညာနဲ့ပက်သက်ပြီးပညာရေး၊ ကျွမ်းကျင်မှု နှင့် သူရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကိုအဓိကထား စဉ်းစားမှာဖြစ်ပါတယ်။
အလုပ်မျိုးစုံလျှောက်လို့ရတယ် စူပမန် Superman-CV လိုမျိုး CV တစ်စောင်တည်းနဲ့ အလုပ်တွေ တစ်ခုပြီးတစ်ခု လိုက်လျှောက်နေတာမျိုးလုံးဝမလုပ်မိဖို့ သတိပေးချင်ပါတယ်။ အလုပ်လျှောက်တော့မယ်ဆိုရင် မိမိလုပ်ကိုင်လိုတဲ့ ရာထူးနှင့် အလုပ်အကိုင် အမျိုးအစားကို သေချာစွာရွေးချယ်ပြီး တစိုက်မှတ်မှတ်လျှောက်ထားပါ။ ပြောချင်တာက သင့်အနေနဲ့ စိတ်ဝင်စားတဲ့ ရာထူးနှင့်အလုပ်အကိုင် အမျိုးအစားတစ်ခုထက်မက ရှိနေမယ်ဆိုရင် သင့်ရဲ့ CV ကိုလည်း သင်စိတ်ဝင်စားတဲ့ ရာထူးနှင့် အလုပ်အကိုင်အမျိုးအစား တစ်ခုခြင်းစီအလိုက် သေချာပြင်ဆင်ပြီး လျှောက်ထားနိုင်မှ အများထဲက တစ်ယောက်အဖြစ် အင်တာဗျူးဝင်ခွင့် မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။ ယနေ့လိုခေတ်အခါမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တစ်နေ့တခြားတိုးပြီး ခေါ်နေကြတာမို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ မျိုးစုံလျှေက်ထားခွင့်ရှိပါတယ်။ ဒါကြောင့် မိမိလျှောက်ချင်တဲ့ အလုပ်အကိုင်တစ်ခုခြင်းစီအလိုက် CV တစ်စောင်မက ပြင်ဆင်ထားဖို့ အကြံပြုပါရစေ။
CV ရေးတဲ့အခါ ပါဝင်သင်တဲ့ အချက်အလက်တွေနှင့် လိုက်နာသင်တဲ့ အကြောင်းအရာတချို့ရှိပါတယ် -
၁။ CV ကိုရေးတဲ့အခါ စီးပွားရေးနယ်ပယ်နဲ့ဆိုင်တဲ့ (business font) စကားလုံး (သို့) စာလုံးပုံစံနဲ့ရေးပါ (ကွန်ပျူတာဖြင့် စာစီပါ)။ စာရွက်ရဲ့ ပုံစံအချိုးအစားအလိုက် ရေးထားတဲ့ စာတစ်ပိုဒ်ချင်းစီရဲ့ ဖွဲ့စည်းပုံ စတာတွေကို သေချာနေရာတကျစာစီပါ။ စားလုံးပေါင်းမှားတဲ့ CV ဟာ အပယ်စာရင်းဝင် CV ဖြစ်ဖို့ အခြေခံလမ်းစဖြစ်တဲ့အတွက် သုံးထားတဲ့ စာလုံးတစ်လုံးချင်းစီရဲ့ စာလုံးပေါင်းကို သေသေချာချာ ဂရိုစိုက်ဖို့လိုပါတယ်။
၂။ အပြုသဘောဆောင်တဲ့ မိမိရဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ရလဒ်တွေ၊ ပုဂ္ဂိုလ်ရေးရာ အားသာမှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအချက်တွေကို ထိထိမိမိရှိတဲ့ စကားလုံးတွေသုံးပြီး ထင်သာမြင်သာရှိအောင် အတတ်နိုင်ဆုံး ရေးသားဖော်ပြပြီး အလုပ်ရှင်တွေကို မိမိဟာ ဒီအလုပ်နဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း ထုတ်ဖော်ပြသပါ။
အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာတွေမှာ လျှောက်ထားသူတွေ လိုအပ်တဲ့ အရည်အချင်း၊ ပညာရေး အဆင့်သတ်မှတ်ချက်၊ လျှောက်ထားမယ့် ရာထူးနဲ့ဆိုင်တဲ့ လုပ်ငန်းအတွေ့အကြုံစတာတွေကိုတစ်ခါတည်း ထည့်သွင်းကြော်ငြာလေ့ရှိကြပါတယ်။ CV စပြီးရေးတော့မည်ဆိုရင် အဲဒီအချက်တွေကို သေချာစွာ နားလည်အောင် အရင်ဖတ်ပြီး မိမိနှင့် ကိုက်ညီပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမှ လျှောက်ထားဖို့ဆုံးဖြတ်ပါ။ CV ရေးတဲ့အခါ အဲဒီအချက်တွေအပေါ်အခြေခံပြီး မိမိရဲ့ လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းရဲ့ တာဝန်ယူမှုဆိုင်ရာ အတွေ့အကြုံစတာတွေကို လိုက်လျောညီထွေဖြစ်အောင် ကိုးကားပြီးရေးပါ။
CV တစ်စောင်မှာ ပါဝင်သင့်တဲ့ အခြေခံအချက်အလက်တွေကတော့ -

  • ပုဂ္ဂိုလ်ရေးဆိုင်ရာအသေးစိတ် နာမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ email လိပ်စာ၊ (နိုင်ငံတကာမှာ အိမ်လိပ်စာက ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအကြောင်းပြချက်နှင့်လည်ကောင်း၊ မိမိရဲ့ မွေးနေ့ အတိအကျကို အသက်အပိုင်းအခြားဆိုင်ရာ ခွဲခြားဆက်ဆံတတ်ခြင်း စသည့်အကြောင်းပြချက်တွေကြောင့် ထည့်သွင်း ဖော်ပြမှုမရှိတော့ပါဘူး။)

  • အလုပ်အကိုင်အတွေ့အကြုံ
    (လက်ရှိ သို့မဟုတ် လက်ရှိ အလုပ် မတိုင်မိက အနီးစပ်ဆုံး အလုပ်အတွေအကြုံကနေ စပြီးရေးပါ)

  • ပညာအရည်အချင်း
    (မိမိရဲ့ ဘွဲ့အပြင်တစ်ခြားတက်ထားတဲ့ သင်တန်းတွေ ဥပမာ - ကွန်ပျူတာ၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ စီမံခန့်ခွဲရေး စသည်တို့ကို ဖြစ်နိုင်ရင် တက်ရောက်ခဲ့တဲ့ နေ့စွဲနှင့်တကွ လက်ရှိသင်တန်း မတိုင်မိက သို့မဟုတ် အနီးစပ်ဆုံးက နေစပြီးဖော်ပြပါ။)

  • မိမိ၏စိတ်ဝင်စားသော၊ ဝါသနာပါသောအကြောင်းအရာများ
    (ဥပမာ - စီပွားရေး၊ လူမှူးရေး၊ အားကစားတို့နှင့် ပတ်သက်၍အတွေ့အကြုံ၊ အောင်မြင်မှု စသည်များကို ဖြစ်နိုင်ရင် ထည့်ရေးပေးပါ၊ သင့်ရဲ့လုပ်ငန်းခွင်ပြင်ပ ဘဝသရုပ်အမှန်ကို ခန့်မှန်းနိုင်ပြီး သူများတွေနဲ့ နှိုင်းယှဉ်တဲ့ခါ အများကြီးအထောက်အကူဖြစ်စေပါတယ်။)

  • လက်ရှိလုပ်ကိုင်နေသော သို့မဟုတ် နောက်ဆုံး လုပ်ကိုင်ခဲ့သော ကုမ္ပဏီတွေကနေ အခု ဒီရာထူးနေရာအတွက် လျှောက်ထားရတဲ့ အကြောင်းရင်း(အင်တာဗျူးတဲ့အခါလည်းထပ်မေးနိုင်) CV တွေ အများကြီးကမှ ဘယ် CV ရှင်ကိုအင်တာဗျူးခေါ်ရင် ကောင်မယ်လည်းလို့ တွေဝေစရာ အခြေအနေမျိုးဖြစ်နေတဲ့ အလုပ်ရှင်ကို သင်အားရွှေးချယ်ရန် တွန်အားဖြစ်စေပါတယ်။

  • မိမိရဲ့ လုပ်ရည်ကိုင်ရည်အကြောင်း၊ အလုပ်လျှောက်ရတဲ့ အကြောင်းအရာများကို အကျဉ်းချုပ် ဖော်ပြထားတဲ့ Cover Letter - သီးသန့်ရေးပြီး CV နှင့်တွဲရန်
    (လျှောက်ထားတဲ့ ရာထူးနဲ့ဆက်စပ်တဲ့ မိမိရဲ့ လုပ်ငန်းအတွေ့အကြုံ ဖြတ်သန်းမှုများတွင် မှတ်မှတ်ရရအောင်မြင်မှုရရှိခဲ့သော အကြောင်းအရာများ ဥပမာ - ကျွန်တော်က ပြီးခဲ့တဲ့ အလုပ်မှာ နှစ်စဉ် ရောင်းအား (၂၀%) တက်အောင်လုပ်နိုင်ခဲ့တယ်၊ လစဉ် လတိုင်းအရောင်း Target ကိုထိ/ကျော်လွန်ဖို့ အစီစဉ်တကျလုပ်ဆောင်နိုင်ခဲ့တယ်၊ ကုမ္ပဏီရဲ့ရှိပြီးသားဖောက်သည်တွေထက် (၃၀%) ကျော်သော ဖောက်သည်အသစ်ရရှိအောင် ရှာပေးနိုင်ခဲ့တယ် ဆိုတာမျိုးတွေ၊ ဒါတွေထည့်ရေးပေးခြင်းအားဖြင့် သင့် CV ကို ပြီးဆွဲဆောင်မှုရှိစေတဲ့အပြင် ရွေးချယ်ရခက်နေတဲ့ အခြေအနေမျိုးကို ကျော်လွားနိုင်ဖို့ အကြောင်းပြချက်တစ်ခု ဖြစ်သွားစေပါတယ်)

  • အရင် မိမိလုပ်ခဲ့သော သို့မဟုတ် လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီ၏ထောက်ခံစာများ - CV နှင့်တွဲရန်
    ဥပမာတွေ၊ နမူနာပုစံတွေကို အသေးစိတ်လေ့လာကြည့်ချင်တယ်ဆိုရင်တော့ Google Search တွင် CV Template လို့ရိုက်ပြီးကျလာတဲ့ Link တွေကို ဝင်ကြည့်ပြီး အသေးစိတ်လေ့လာနိုင်ကြပါတယ်။ ဒီတော့ ကျွှန်တော်ရဲ့ စာဖတ်ပရိတ်သတ်တွေ CV ကောင်းကောင်းတွေ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။FB_IMG_1499605362198.jpg

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64599.25
ETH 3467.96
USDT 1.00
SBD 2.55