U Phay Maung Tin (Burmese Scholar and Educator ( Born- 1888, Died- 1973))

in #esteem6 years ago

image

ဗမာလူမျိုး ပညာ ရှင်ကြီး ... ဦး ဖေ မောင် တင်

ရှေး ဦး ဗမာ ခရစ်ယာန် အမျိုး သား ကြီး ဦးဖေ မောင် တင် အကြောင်း
Burmese Scholar and Educator ( Born- 1888, Died- 1973)

image

စာအုပ်မှာ..အမှာစာ ရေး တာက.. ဆရာ ဇော်ဂျီပါ။ ဆရာ ဇော်ဂျီပြော သလိုပါပဲ.. မလေးလုံ က.. ဆရာကြီး မွေးတဲ့ နေ့က..စလို့.. သေတဲ့ နေ့ထိ.. အသေး စိတ် ရသ ပုံစံ ရေး ထား တာမို့.. အတန်ငယ် ဖောင်း ပွ နေ တယ်လို့ထင် ရ ပါတယ်။ ဒါ ပေမဲ့..ဆရာမ -မလေးလုံရဲ့..ရသ စာပေ ပိုင်နိုင်မူ.. ဆရာကြီး ဦးဖေမောင်တင်ရဲ့ ဘ၀ ကိုယ်နှိုက်က..စိတ်ဝင်စားစရာတွေနဲ့ ..ပြည့်နှက် နေတာ ကြောင့်.. လက်ကမချနိုင်အောင်..တထိုင် တည်း ဖတ်ဖြစ်ခဲ့ရပါတယ်။ လူထု ဒေါ်အမာ ကလည်း သူတို့လေးစား ခဲ့ရတဲ့..ဆရာကြီး အကြောင်း အတ္တုပတ္တိရေး ဖို့ ..ကမ်းလှမ်း ခဲ့တယ်လို့..ဆရာကြီးက..စာအုပ်ထဲမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့..ဘာဖြစ်လို့..မလေးလုံနဲ့ကျမှ..ရေးဖြစ်ခဲ့သလဲ ဆိုတာတော့..ဆရာကြီးပဲ သိပါလိမ့်မယ်။

image

ဆရာကြီး အကြောင်းကို ပြန်ပြောင်း ရရင်တော့..ရန်ကုန် တက္ကသိုလ် ကြီး ရယ်.. ခေတ်စမ်းစာပေရယ်..ဗုဒ္ဓကျမ်းဂန် တွေရယ် မပါလို့ မဖြစ်ပါဘူး။ လွတ်လပ် ရေး ကြိုးပမ်း လှုပ်ရှား မူ တွေ ရဲ့ နောက်ကွယ် မှာ လည်း ..ဆရာ ကြီး ရဲ့အခန်း ကဏ္ဍ တွေ..အ များ ကြီး ရှိ နေခဲ့ပါ တယ်။ သေချာတာကတော့..နယ်ချဲ့ ဆန့်ကျင် ရေး တရား တွေ ဆူညံ နေတဲ့.. မတရား မူ ကို နဲနဲမှ ငုံ့မခံ ခဲ့တဲ့..ရန်ကုန် တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားကြီး တွေ ရဲ့..သပိတ် တိုက်ပွဲ တွေ တလျှောက် .. ဆရာကြီး ဟာ.. အားလုံးက လေးစား ချစ် ခင်ကြတဲ့.. တဦး တည်း သော မြန်မာ လူမျိုး ပါမောက္ခ ကြီး အဖြစ် နဲ့ ၄င်း.. ရန်ကုန် တက္ကသိုလ် ရဲ့ ပထမ ဆုံး ဗမာ လူမျိုး ကျောင်းအုပ် ကြီး တဦး အဖြစ် နဲ့ ၄င်း..ရပ် တည် ပေး နေ ခဲ့သူ တယောက် ဖြစ် ခဲ့ပါတယ်။

ဒုတိယ အကြိမ် နဲ့ တတိယ အကြိမ် ..ကျောင်း သားတွေ ..သပိတ်မှောက် ကြ တော့.. ကျောင်း အုပ်ချုပ်ရေး..အာဏာပိုင် အင်္ဂလိပ် အစိုးရ က.. ဗမာ လူမျိုး ဖြစ်တဲ့ ဆရာကြီးကိုပဲ ခေါ်သုံး ပြီး.. ဖြေရှင်းခိုင်းခဲ့ ပါ တယ်။ လက်လည်း ရှောင်ရင်း.. ဗမာ အချင်းချင်း ..အမြင်မှား..အမုန်းပွား စရာဖြစ်အောင်..တချက်ခုတ် နှစ်ချက်ပြတ် လုပ် ကြ ဟန် တူပါတယ်။ ဆရာစံ တို့..ကိစ္စ တုန်း ကလည်း အဲလိုပဲ။ ဆရာတော်ဦးဝိစာရ ကို အရေးယူတော့လည်း..ဆာ မောင်ကြီးကို သုံးခဲ့တာ ပါပဲ။ ဒါပေမဲ့..ဆရာ ကြီး ဟာ.. အမျိုးသား သစ္စာ ဖေါက် လုံးဝ အဖြစ် မခံ ခဲ့ပါဘူး။ ဗမာ နိုင်ငံ နဲ့ ဗမာစာပေ...လွတ် မြောက် ရေး အတွက်.. ကျရာ နေရာက နေ. အကောင်းဆုံး တာ ၀န် ကျေ ခဲ့သူပါ။

image

ဆရာကြီးဟာ..အဲဒီ အချိန် တွေက..အတော် ဘေးကျပ်နံကျပ် ဖြစ် ခဲ့ရတယ် ဆိုတာမျိုး ..အဲဒီ စာအုပ်ထဲမှာ.. ပြောခဲ့ပါတယ်။ တခါ တော့.. ညကြီး မင်းကြီး.. ကျောင်းဆောင် တွေမှာ.. ပရိဘောဂတွေကို စိတ်လိုက်မာန် ပါ.. ရိုက်ချိုး နေကြတဲ့.. တက္ကသိုလ် ကျောင်းသားတွေဆီကို.. ဆရာကြီး တယောက်.. ဘာ အစောင့် အရှောက်မှ မပါ.. လက် ဗလာ နဲ့ ၀င်သွား ခဲ့တယ်တဲ့။ ပထမတော့.. ဘာကြီး ညာကြီး ၀ိုင်းဝန်း အော်ဟစ်နေတုန်း.. ဆရာကြီးက.. မျက်မှန်းတန်းမိ နေတဲ့..မိတ်ဆွေ တယောက်ရဲ့သားကို ချဉ်းကပ်ပီး.. ထမင်းစားခန်း ထဲမှာ..ကျောင်းသား တချို့နဲ့.. ဆွေးနွေး နိုင်ခဲ့တယ်။ ပြီးတော့.. ပရိဘောဂ တွေကို အလကား ဖျက်ဆီးနေတာမျိုးတွေ မလုပ်ပဲ.. တစုံတရာ ဦးတည်ချက် နဲ့ စနစ်တကျ ..စည်းကမ်း ရှိရှိ ..တောင်းဆို ဆွေးနွေးဖို့ အကြံပေး နိုင် ခဲ့တယ်တဲ့။ တကယ်တော့..အင်္ဂလိပ်တွေကို..ဘယ်လို ချဉ်းကပ်.. တောင်းဆို သပိတ်မှောက် သင့်တယ်ဆိုတာကို.. ဥပါယ်တံမျဉ်နဲ့.. ပြောပြခဲ့တာ နေမှာပါ။ သူ့ အနေနဲ့.. အဲဒီ အချိန်က.. ကျောင်းသား ခေါင်း ဆောင် ကိုအောင်ဆန်းတို့..ကိုနု တို့ကို..လေးစား ချီးကျူးမိနေကြောင်း ကိုလည်း .. စာအုပ်ထဲမှာ ပြော ခဲ့တယ်လေ။

တကယ်တော့..ဆရာကြီး ကိုယ်တိုင် ကိုက..အင်္ဂလိပ် ကျောင်း အာဏာပိုင်တွေဆီကနေ .. ဗမာလူမျိုးတွေရဲ့ ..ရပိုင်ခွင့်တွေကို...ပညာရှိ ပီပီ.. တိုက်ယူ ..တောင်းယူ ခဲ့တဲ့ လူပါ။

ပါဠိ ဘာသာနဲ့..ဘီအေ..အမ်အေ..ပြီးထားတဲ့..ဆရာကြီးဟာ.. အောက်စဖို့ တက္ကသိုလ် ကနေ.. ဘီလစ်(B.Litt)နဲ့ဘွဲ့လွန်ယူအပြီး.. ရန်ကုန် တက္ကသိုလ်ကို ပြန်အလာမှာ..ပါဠိ ပါမောက္ခ အဖြစ် ခန့်အပ် ခံရတယ်။ ဒါပေမဲ့..သူ့ရင်ထဲမှာ ကိန်းအောင်းနေတာက.. မြန်မာစာပေ ဆိုပီး..တင့်တင့်တယ်တယ် ဖြစ်လာရေးပါ။ စဉ်း စား ကြည့်တော့လည်း.. မြန်မာနိုင်ငံ..မြန်မာလူမျိုးဆိုပြီး..တက္ကသိုလ်မှာ မြန်မာစာပေ ဆိုတာတောင် မရှိဘူးဆိုတာ..ဘယ်လောက် ရင်နာစရာ ကောင်းသလဲလေ။ ဒါပေမဲ့..အာဏာပိုင်တွေက.. `မင်းတို့..ဗမာစာ သင်ကြားရအောင်.. ဘာ စာပေတွေ များရှိလို့လဲ´ ဆိုတာမျိုး ပြောခံခဲ့ရတယ်။ ဆရာကြီးက..အားမလျှော့ခဲ့ပါဘူး။ ပါဠိ ဌါန အောက်မှာပဲ.. တဖြည်းဖြည်း ချင်း ..ဗမာစာ ကျောင်းသားတွေ မွေးယူခဲ့ရင်း.. နောက်ဆုံးတော့.. ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌါန ဆိုတာကြီးကို .. ရအောင် တိုက်ယူ နိုင် ခဲ့သူပါ။ အဲဒီမှာပဲ.. အတွန့်အတက် .. အဝေ့အ၀ိုက်များတဲ့.. ရှေး မြန်မာစာပေကို .. သူ့ရဲ့ တပည့်ကျော် ကြီးတွေနဲ့အတူ ..ပြုပြင် ပြောင်းလဲရေး လုပ်ခဲ့ကြတော့တာပဲ။ အဲလိုနဲ့..ခေတ် စမ်း မြန်မာစာပေ ဆိုတာကြီး ပေါ်ထွန်း လာခဲ့တော့တယ်။ ထင်ရှားတဲ့..ဆရာကြီးရဲ့ မြန်မာစာ တပည့်ကြီးတွေကတော့..သိပ္ပံမောင်ဝ.. ဇော်ဂျီ..မင်းသုဝဏ်.. ဒို့ဗမာ အစည်းအရုံးက..သခင်ဗသောင်း..။ ကြည့်ပါ ဦးတော့.. ဆရာကြီး ပျိုးထောင်ခဲ့တဲ့.. မြန်မာစာ အသီးအပွင့်ကြီးတွေကနေ.. ယနေ့ခေတ် တိုင်အောင်.. ဘယ်လောက်တောင်..အကျိုးများခဲ့ရသလဲ။

နောက်ပြီး.. စိတ်ဝင်တစား သိခဲ့ရတာက..ယခုခေတ် သုံးစွဲနေကြတဲ့.. တက္ကသိုလ်.. ကျောင်းတော်.. သိပ္ပံ ..၀ိဇ္ဇာ.. ဓါတု..ရူပ..ဇီဝ ဆိုတာတွေ နဲ့တကွ.. မြန်မာစာပေမှာ မရှိခဲ့တဲ့..အသုံးအနှုန်း အခေါ်အဝေါ် တွေ အတော်များများကို..ဆရာကြီး က.. ရွေးချယ်..သညာ ပေးခဲ့တာတဲ့။

ဒါတင်လား ဆိုတော့..ပါဠိ စာပေ သမိုင်းမှာလည်း..သူရဲကောင်း တဆူဖြစ်ခဲ့သူပါ။ ပါဠိ စာပေ ဆိုတာက.. ဟိုတုန်းက..အရှေ့တိုင်းရဲ့..အခြေခံ ဖြစ် ခဲ့တာ ဆိုတော့.. ဗမာစာသာ..လူရာမ၀င် ဖြစ်ချင်ဖြစ်ခဲ့မယ်.. ပါဠိကတော့..အောက်စ်ဖို့ မှာတောင်..သင်ကြားပေးတဲ့.. တကယ့် ဂန္ထ၀င် တခုပေါ့။ နောက်ပြီး.. ပိုအရေး ပါစေတာက.. ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွေ အကုန်လုံးဟာ..ပါဠိ နဲ့ ရေးသား မှတ်တမ်း တင်ခဲ့တဲ့ အချက်ပဲ။ ဆရာကြီး ဟာ...ကျောင်းသားဘ၀ တလျှောက်လုံး..ဆရာဘ၀ ..ပညာရှင်ဘ၀ တလျှောက်လုံးမှာ.. ရာဇ၀င် နဲ့ဗုဒ္ဓ ကျမ်းဂန်များစွာကို..ပါဠိ ကနေ.. အင်္ဂလိပ် ဘာသာကို ပြန်ဆို ပြုစုခဲ့တယ်။ ထင်ရှားတဲ့ပြန်ဆိုမှုတွေကတော့..အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင် ဖာနီဗယ် နဲ့ တွဲဖက် ပြန်ဆိုတဲ့.. ဇဗ္ဗူဒီပ ဦးဆောင် ကျမ်း.. အနတ္တလက္ခဏာကျမ်း..။ ပြီးတော့.. အင်္ဂလိပ် လူမျိုး ပညာရှင် နောက်တယောက်ဖြစ်တဲ့..ပါမောက္ခ လုစ် နဲ့ တွဲဖက် ပြန်ဆို ခဲ့တဲ့.. မှန်နန်း ရာဇ၀င်.. တကောင်း ရာဇ၀င်..။ အဲဒီ အချိန်တုန်းက..သူတို့..၃ ယောက် အတွဲညီခဲ့ ကြပုံကိုလည်း..မျက်စိထဲမှာ ပေါ်လာအောင်..မလေးလုံက..ရေး ပြခဲ့ပါတယ်။ ပါမောက္ခ လုစ် ဆိုတာက..သူနဲ့ ရွယ်တူ..အမျိုးကောင်းသား ပညာရှင် တယောက်။ သူ့အိမ်ကို ၀င်ထွက်ရင်း..သူ့ညီမ ..တီတီ နဲ့ မေတ္တာ သက်ဝင်ကြတော့..အဖေလုပ်သူက..နိုင်ငံခြားသားမို့ ..သဘောမတူ ငြင်းဆိုခဲ့တယ်တဲ့။ နောက်ဆုံးတော့..အသက် ၄၀ ကျော်ထိ အိမ်ထောင်မပြု သေးတဲ့..လူပျို အကိုကြီးကပဲ..အဖအရာ လုပ်ပြီး..သူငယ်ချင်းနဲ့ နှမကို ပေးစား လိုက်ရပါသတဲ့။ တီတီ နဲ့ လုစ် တို့ ရဲ့ အိမ်မှာ.. သူလိုက်နေပြီး..သမီး ယောက်ဖ ၂ ယောက်..သုတေသန ဘာသာပြန်တွေ..အကြီး အကျယ် လုပ်ကြတော့တယ်။ အဲဒါကို အားကျတဲ့..အိုင်စီအက် အရာရှိ ..ဖာနီဗယ် ကလည်း..အလုပ်က..ထွက်လိုက်ပီး..သူတို့နဲ့ အတူလာပီး..သူကိုယ်ပိုင် သမိုင်းသုတေသန လုပ်ငန်းတွေကို.. စလုပ် တော့တာပါပဲ။ တခါ တလေ ဆိုရင်..အင်းလျားလမ်းပေါ်က.. ဒေါ်တီတီလုစ် (ယခု..ပြည်သူပိုင် သိမ်း ထား သော..အင်းလျားလေး..လူငယ်ကျောင်း) ရဲ့အိမ် မှာ..အခန်း ၃ ခန်း ..အပြိုင်..လက်နှိပ်စက်သံ မပြတ်ညံ နေခဲ့တယ်ဆိုပဲ။
ပိဋ္ဋကတ် သုံးပုံပါ.. ကျမ်း တော်တော်များများကိုလည်း သူတဦးတည်း ပြန်ဆိုပြီးခဲ့တယ်လို့..ဖတ် လိုက်ရတော့..အတော်ကို အံ့သြ ခဲ့ရတယ်။

ပိုလို့..အံ့သြစေတာကတော့..ဆရာကြီးဟာ..ခရစ်ယာန် ဘာသာဝင် တယောက်ဖြစ် နေတာပါပဲ။ ဒါပေမဲ့..တဘက်မှာလည်း ..အဘေးကြီးဖြစ်သူ..တောင်ပိုင် သာသနာချုပ် ဆရာတော်ကြီးရဲ့..သွေးကြောင့်.. ဗုဒ္ဓ စာပေ တွေ အပေါ်မှာ တာဝန်ကျေ လွန်းခဲ့တာလား ဆိုတာတော့.. စိတ်ဝင်စား စရာပါ။ ဆရာကြီးရဲ့ အဘွားကြီး (အဖွား-အဖိုး ရဲ့အမေ) ဖြစ်သူက.. စလို့.. ခရစ်ယာန် ဘာသာကို..ဆွေစဉ် မျိုးဆက် ..ကိုးကွယ် ယုံကြည် ခဲ့ကြတာတဲ့။ အဲဒီအဘွား ရဲ့ ဇာတ်လမ်းကလည်း ..တော်တော်ကို ဆန်းတာ။ ဆွေကြီး မျိုးကြီး အစဉ်အလာ ရှိတဲ့.. သူတို့..မိသားစုကြီးဟာ.. မင်း နေပြည်ကနေ.. အောက်ပြည် အောက်ရွာ ရွှေ့လာရင်း.. အလှူရေစက် လက်နဲ့မကွာ..ဗုဒ္ဓသာသနာနဲ့နေခဲ့ကြတယ်။ အဲဒီအချိန်တွေတုန်းက.. ဆရာ ယုဒဿန်တို့ကစလို့..ခရစ်ယာန် သာသနာပြုတွေ မြန်မာပြည်ထဲ..ရောက်ရှိ နေခဲ့ကြပြီ။ တရက်မှာ..သက်ကြီးပိုင်းကို ရောက်နေပြီ ဖြစ်တဲ့သူ့ အဘွားဖြစ်သူက..သူ..ခရစ်ယာန် ဘာသာပြောင်း တော့မယ်လို့..ကြေညာ လိုက်တော့..တမျိုးလုံး ကြွပ်ကြွပ်ညံသွားခဲ့တာပေါ့။ သဘောမတူတဲ့..သားတွေ..ခင် ပွန်းတွေကို စွန့်ခဲ့ပြီး..သူ့ အဘွားဟာ.. ခရစ်ယာန် ဘုရားကျောင်းလေး တခုမှာ..ဆင်းဆင်း ရဲရဲ သွားနေခဲ့တယ်တဲ့။ နောက်တော့..သားဖြစ်သူ ..ဆရာကြီးရဲ့ အဖိုးကပါ..ခရစ်ယာန် ဘာသာဘက်ကို ပြောင်းလဲ သက်ဝင်သွားပြီး..ရှေးဦး ဗမာခရစ်ယာန် မိသားစုကြီး ဖြစ်လာ ခဲ့တော့တယ်။

စာအုပ်ထဲမှာ..ဆရာကြီး..ဖော်ပြ ခဲ့တဲ့..ပုဂ္ဂလ ခံစားချက်တခုက.. သူငယ်စဉ်..ကလေးအရွယ်က.. ၇ နှစ်သားလောက်ရှိတဲ့...သူ့အကိုတယောက် ..သစ်ပင်ပေါ်က..လိမ့်ကျ သေဆုံးခဲ့တဲ့..ပရောဂကြောင့်..သူ့ ဦးကြီး အရင်းဖြစ်တဲ့.. ဦးထွန်းငြိမ်း (အင်္ဂလိပ်-ဗမာ အဘိဓါန် ပြုစုခဲ့သူ)နဲ့..သူ့ အဖေဟာ..ညီအကိုချင်း သေတဲ့အထိ..မခေါ်မပြောနိုင် ဖြစ်ခဲ့တယ် ဆိုတာပဲ။ ခရစ်ယာန် ဘာသာရဲ့ အနှစ်သာရ..ခွင့်လွှတ် မေတ္တာထား ခြင်းနဲ့..ဆန့်ကျင်ဘက် ဖြစ်ခဲ့တာကို..သူ တော်တော် ၀မ်းနဲပုံ ပေါ်ပါတယ်။

image

ဘာသာရေး နဲ့ ပတ်သတ်တဲ့ နောက်တခုက.. ဆရာကြီးဟာ ..သူ့ဘ၀ တလျှောက်လုံးမှာ.. ပါဠိစာပေ ပညာရှင်ဆိုတာကလွဲလို့..ခရစ်ယာန် ဘာသာဝင်ဆိုတဲ့ အချက်ကို..ထင်ထင် ပေါ်ပေါ် မဖြစ်စေချင်ခဲ့ဘူးလို့ ထင်ရပါတယ်။ သူ စိုးရိမ်တာက..အင်္ဂလိပ် အစိုးရက..သူ့ကို..ခရစ်ယာန် ဘာသာဝင်မို့ ..သဘောကျပြီး..ရွေးချယ် ခန့်ထား မူတွေ လုပ်မှာကို သူ..အထူး သတိထား ခဲ့တယ်တဲ့။ အများစု ဗုဒ္ဓဘာသာ ..ဗမာ အသိုင်း အ၀ိုင်း ကလည်း.. သူ့ကို..အာမလို အားမရ ဖြစ် ခဲ့တာတွေကို..ဟာသနှောပြီး..ရေးထားပါသေးတယ်။ အဲဒီ အချိန်တုန်းက.. ဗမာအထက်တန်းစား အသိုင်း အ၀ိုင်းတွေမှာ နံမယ်ကြီး လူသိများတဲ့..မင်းကြီးကတော်..ဒေါ် မြမေက..`မောင်တင်က..ယေရှု ဖြစ်နေတာ ခက်တယ်´လို့..ညီးတွားခဲ့တယ် တဲ့။ ပြီး တော့.. အဘိဓမ္မာ..စာမေးပွဲ.. သံဃာ ပထမပြန်..စာမေးပွဲတွေ မှာ..ကြီးမှုး..မေးခွန်းထုတ် ..စစ်ဆေးရတဲ့..တာဝန်ကို ယူထားရလို့..ဆရာ တော်ကြီးတွေ အနေနဲ့ အတော်ဂွကျခဲ့ ရတယ်ဆိုပဲ။

တကယ်တော့..ဆရာကြီး ဦးဖေမောင်တင်ဟာ..ဗမာစာပေ..သမိုင်းမှာ ..အင်မတန် ကျေးဇူး ကြီးမားခဲ့တဲ့..ပညာရှင် က၀ိ အကျော်ကြီး တဦးပါ။ ပြီး တော့..ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုကြီးရဲ့.. သွေးကြောမကြီး တခုပါ။ ဗမာမျိုးချစ် အများစုအမြင်မှာ.. အင်္ဂလိပ် အစိုးရအတွက် လုပ်ကိုင်နေတဲ့..လူ တဦးမို့..အမြင် မကြည်ခဲ့ကြတာတွေ ရှိခဲ့ပုံရပေမဲ့.. ဆရာကြီးဟာ..အစိုးရ ယန္တယားထဲမှာ..စေတနာ သန့်သန့်နဲ့ လည်ပတ်နေခဲ့တဲ့..အမျိုးသားထု တရပ် လုံးအတွက် တန်ဖိုးရှိလှတဲ့ ပင်နယံကြီး တခုပါ။

ဆရာကြီးရဲ့..တပည့်ကျော် ကြီးတွေဖြစ်တဲ့..ဗိုလ်ချုပ် အောင်ဆန်းတို့..ဦးသိန်းဖေမြင့်တို့လို..လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်..တလေးတစား ချစ်ခင် ရိုသေ ခဲ့ကြတာကိုသာ ကြည့်ပါ။

ဗိုလ်ချူပ် အောင်ဆန်း အကြောင်းကိုလည်း ..ဆရာကြီးက..တနေရာမှာ ဖော်ပြခဲ့ပါတယ်။ ဂျပန်တွေ ၀င်လာလို့..အင်္ဂလိပ် အစိုးရ ၀န်ထမ်းတွေ အကုန် ..စစ်ပြေးကြရတဲ့ အချိန်မှာ..ဆရာကြီးလည်း..အင်းလျားလမ်းပေါ်က..(ယခု ရတနာဆောင် နေရာမှာ) အစိုးရ အိမ်ကြီးကို ထားခဲ့ပြီး..မိသားစု နဲ့အတူ..သူပိုင် ကား၂ စီးနဲ့..ကပိုင်ဘက်ကို ပြေးကြရတယ်တဲ့။ ဒါပေမဲ့..လမ်းမှာ..ဂျပန်က..သူ့ကား ၂ စီး စလုံးကို သိမ်းလိုက်လို့..အတော် ဒုက္ခ ရောက်ကြရတာပေါ့။ အခြေအနေတွေ နဲနဲ ငြိမ်သက်သွားတာနဲ့...ရန်ကုန်ပြန်လာပြီး..တက္ကသိုလ် ပြန် ဖွင့်ဖို့ လုပ်ရ ပြန်တယ်။ ရန်ကုန်တက္ကသိုလ်ဝင်း ကြီးကို ဂျပန်တွေက..သိမ်းထားတော့.. ကြည့်မြင်တိုင်ဘက်မှာ..ယာယီ ကျောင်းပြန်ဖွင့်ခဲ့ရတယ်။ ခေတ်ကလည်းပျက် .. လခ ကလည်း..မရ..စီး စရာ..ကားလည်း မရှိတော့တဲ့..ဆရာကြီးဟာ..တနေ့တော့..ဘိုင် စကယ်လေး စီးပြီး အလုပ်ကိုလာတုန်း..အနားမှာ..ကားနက်ကြီးတစီး ထိုးရပ်..။ ကားထဲက..ဗိုလ်ချုပ် အောင်ဆန်း ထွက်လာပြီး..အင်မတန် စိတ်မကောင်းတဲ့မျက်နှာနဲ့.. ဆရာကြီးကို ..ပြောပြော ဆိုဆို ..ခရီးရောက်အောင် လိုက်ပို့ ခဲ့တယ်တဲ့။ အင်း.. ခေတ်တွေ အမျိုးမျိုး ပြောင်းသွားတဲ့..နောက်ခံကားချပ်ပေါ်မှာ..ဆရာကြီးရဲ့ ရိုးသားမူနဲ့..တိုင်းပြည် အပေါ် စေတနာထားမှုတွေကတော့.. တပုံစံတည်း မပြောင်းမလဲပါဘဲ။

နောက်ဆုံး သူဘယ်လောက် ရိုးသားခဲ့သလဲ ဆိုတာ..အသက် ၈၀ ကျော် အိုမင်းမစွမ်း ရှိလာခဲ့တဲ့ အချိန်မှာတောင်.. အင်္ဂလီကန် ခရစ်ယာန် ဘုရား ကျောင်းဝင်းလေးတခုထဲက..အိမ်လေး တခုမှာ နေထိုင်ရင်း.. ဆေးခန်းသွားဖို့ကိုတောင်.. တပည့်တွေ မော်တော်ကားနဲ့ လာအခေါ်ကို ..မျှော်နေခဲ့ရ တယ်တဲ့။ အဲဒီ အချိန်မှာ..သူ အလွန်ချစ်ခင် ..အားကိုးခဲ့တဲ့..သူ့ သူငယ်ချင်း လုစ်နဲ့..နှမ..တီတီလုစ် တို့ ကတော့..အဝေး တနေရာမှာ ရောက် နေခဲ့ပြီ။ ၁၉၆၂ ခုနှစ် ပြည်သူပိုင်တွေ သိမ်းတော့..ဒေါ်တီတီလုစ် ရဲ့..ပရ ဟိ တ လေ လွင့် လူငယ် ပြုစု ပျိုးထောင်ရေး လုပ်ငန်းကိုပါ..အသိမ်းခံလိုက်ရအပြီး.. ခင် ပွန်းသည်..ပါမောက္ခ..ဂုဏ်ထူးဆောင် ဗမာနိုင်ငံသား..ဒေါက်တာလုစ် ရော..မိတ်ဆွေကြီး ဦးကြီးဖာနီဗယ်ပါ.. တိုင်းပြည်က..အနှင်ခံခဲ့ရတယ်။ အဲဒီ မှာ..၇၀ကျော် ၈၀ နား..အရွယ် ဒေါက်တာ လုစ်က.. တုန်ယင်တဲ့ အသံကြီးနဲ့..

`သူငယ်ချင်းရေ.. မင်းလက်ထပ် ပေးခဲ့တဲ့..မင်းနှမ ကိုတော့.. မင်း ဆီမှာပဲ ..ပြန်အပ်ခဲ့ရတော့မယ်´လို့..ပြောရှာတယ်တဲ့။ ဒါပေမဲ့..နောက်ဆုံးတော့..ဒေါ် တီတီလုစ် လဲ..ခင်ပွန်းသည်နဲ့ အတူ ..အင်္ဂလန်ကို လိုက်ပါ သွားခဲ့ရပါတော့တယ်။

ဗမာပြည် ..ယဉ်ကျေးမူ သမိုင်း..စာပေတွေ အတွက်..စိုက်လိုက် မတ်တတ်..အားထုတ် လုပ်ကိုင် ခဲ့တဲ့..ပညာရှင်ကြီးတွေကို..ကျေးဇူးဆပ် လိုက်ပုံက.. အတော်ရင်နာစရာလည်း ကောင်းလှပါတယ်။

မလေးလုံရဲ့ `ဘသက်ရှည်´ စာအုပ်ထူ ကြီး ၂ အုပ်ကို ဖတ်ပြီးသွားတဲ့ အချိန်မှာတော့..၀မ်းနည်းခြင်း..နှမြောခြင်းတွေ..နဲ့အတူ.. ခေတ်ခြင်း အတူတူ.. စေတနာခြင်း အတူတူ...မြန်မာစာပေ..အတွက်..လုပ်ကိုင်ခဲ့ကြပေမဲ့..ဆရာကြီး ဦးဖေမောင်တင်ဟာ..ဘာလို့များ..ဆရာကြီး သခင် ကိုယ်တော်မှိုင်းလောက်..ဗမာ အသိုင်း အ၀ိုင်းမှာ ပဲ့တင် မထပ် ခဲ့ရတာလည်း ဆိုတာကို ..မေးခွန်း ထုတ်ကြည့်မိနေ ပါတော့တယ်။

( တန်ဆောင်မုန်း လဆုပ် ၁၀ ရက် နေ့မှာ ကျရောက်သော.. ၈၇ ကြိမ်မြောက်..အမျိုးသား နေ့ ကြီး တဖြစ် လဲ.. ရန်ကုန်တက္ကသို်လ် ..ပထမ ကျောင်းသားသပိတ် မှ..အစပြု၍ အစဉ် အဆက် သော သပိတ် ပေါင်း များစွာ အား ဂုဏ်ပြု လျက်....။ တိုင်း ပြည် အကျိုး အတွက်.. နောက်ကွယ် မှ ပါဝင် အားဖြည့်ပေး ခဲ့ကြသော.. အစိုးရ ၀န် ထမ်း .. ပညာ ရှင် ကြီး များ အား .. လေး စား လျက်...)

Credit # Thu Yi Ya Nay Min (Blog) Myanmar History

Photo Credit # မြန်မာ သမိုင်း ဌာန

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawko1987 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 37.50% upvote from @sleeplesswhale courtesy of @deeplove!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 62954.14
ETH 3466.39
USDT 1.00
SBD 2.51