မုန့်လုံးရေပေါ်

in #esteem8 years ago

ကဲ မနက်ဖြန်မယ် အတက်နေ့ကျွေးဖို့ ကုသိုလ်လုပ်ဖို့ မုန့်လုံးနေကြပေတော့သည်။ ကြီးကြီးလုံးကြပေသည်။ မုန့်လုံးထဲကို ထန်းလျက်ခဲ သေးသေးလေး တခါတည်းထည့်လိုက်ပေတော့သည်။ ကဲ စားလို့ကောင်းပေတော့မည်။

image
အားလုံး စုပြီး လုံးနေကြပေသည်။ မုန့်လုံးကိုတခါတည်း ရေနွေးပူပူဖြင့် ကြက်အောင် ပြုပ်နေပေတော့သည်။ပျော်စရာလည်း ကောင်းပေသည်။ မိသားစု စုံစုံညီညီ မလို့ တအားပျော်ကြပေတော့သည်။

image

ထင်းမီးနဲ့ မြန်အောင် ပြုတ်နေသည် ။ မိသားစု ကိုယ်စီကိုယ်စီတာဝန်ယူထားရပေတော့သည်။ကိုယ့်အလုပ် ကိုယ့်ကုသိုလ်မို အတူတူ အားထည့်ပြီး လုပ်နေကြပေတော့သည်။ မနက်ခင်းဆို ဘုန်းတော်ကြီး ၅ပါး အာရုဏ်ဆွမ်းကပ်မည်ဖြစ်ပေသည်။ နိုင်ရာနိုင်ရာကုသိုလ် ဖြစ်လေပေတော့သည်။ ဆရာတော်တွေကို ဆွမ်းကပ်ကြပြီး တရားနာ မိတ်ဆွေ တွေကို မုန့်လုံးရေဘော်ဒါနပြုလုပ်မည်ဖြစ်ပေသည်။

image
ကြက်နေသော မုန့်လုံးတွေကို အေးအောင် ထားထားရပေတော့သည်။ မုန့်လုံးအတွင်းမယ် ထန်းလျက်ခဲပါ တခါတည်း ထည့်ထားလို့ စားလို့ အဆင်ပြေနေပေတော့မည် ဖြစ်နေပေတော့သည်။

image
မုန့်လုံးကို အားထြည့်ပြီး မိသားစု အလှည့်ကြ လုံးကြပေတော့သည်။ မနက်ဖြန် မဟာသင်္ကြန် အတက်နေ့မလို့ တအားပျော်ကြပေသည်။ ဆွမ်းကျွေးပြီးလျင် ရေကစားကြပေမည်။အတက်နေ့မလို့ တို့မြန်မာတွေ တအား ပျော်နေပေတော့သည်။
တကယ်ပျော်သည်။ တအားပျော်သည်။အဟုတ်ပျော်နေရလို့ မြန်မာနှစ်သစ်ကူးမလို့ မေ့မရပေတောါမည် ဖြစ်မည်။
@chitnaingoo

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 60794.22
ETH 1603.88
USDT 1.00
SBD 0.47