GoodDay(အသက်ကြီး. . .တစ်နည်းသာ)

in #steemit7 years ago

FB_IMG_1504529629143.jpg
Steemit All Friends
ကောင်းသောညလေးပါ steemit friendsအားလုံး အဆင်ပြေချောမွေ့ကြပါစေလို့။
လွန်လေပြီးသော ၁၀နှစ်ခန့်ကပါလေ။
ကျနော်နှင့် ကျနော့်အဖေရဲ့ အဖေ(ဘကြီး)နှင့် ဘကြီး အိမ်မယ် ဆုံနေခိုက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါလေ။အဲအချိန်က ကျနော့် အသက်ဟာ ၂၈နှစ်လောက်ပါ အခုတော့ ၃၈ဖြစ်နေပါပြီလေ။
ကျနော်လည်း မြေးတော်တော့ ကိုယ့်အဘ ကြီးကို စိတ်ဝင်စားမှုလေးတွေမေးမိခဲ့ပါတယ်လေ။
ဘကြီးရေ ကျနော် မေးစရာရှိလို့ မေးကြည့်ချင်တာပါလို့ ရေနွေးကြမ်း အဖန်ရေလေးသောက်ရင်း မေးမိတော့ ဘကြီးက ပြုံးလို့နေတာ အခုချိန်အထိသတိရနေမိပါတော့တယ်လေ။ဘာ့ကြောင့်လည်းဆိုတော့ ကျနော့ဘကြီးဟာ ရပ်ရွာ မယ် အသက်လည်းကြီး သြဇာလည်းညောင်း ဘာသာရေး လှုမှုရေး အကုန်ပါနေလို့ပါလေ။
ဘကြီးနာမည်ကတော့ ဦးအောင်ပါ သို့ပေမယ့် ရပ်ရွာအတွင်း ရွာနားနည်း ပတ်ရှာလည်ကတော့ ဘကြီးအောင်လို့ အခေါ်များပြီး မသိသူမရှိသလောက်ပါလေ။လူငယ်တွေနဲ့ ပျော်ပျော်နေတတ်တယ် ဆုံးမတယ် ပြုံးပြီး ရယ်စရာနှင့် စကားကို ပညာသားပါပါ တွဲပြောတတ်တော့ အားလုံးလူကြီးလူငယ် လူလတ်ပါမကျန် ချစ်ကြောက်ရိုသေကြတာ
အမှန်တရားဖြစ်ပါတယ်။ကျေးရွာအတွင်း မင်္ဂလာဆောင်ရင် ဘိတ်သိတ်ပြောတယ် အလှူတွေယ် မောင်ရင်လောင်း သီချင်းတွေလည်း သီဆိုပေးတယ် ကျေးရွာအနည်း ရွာများက ဘုန်းကြီးကျောင်းတွေကပါ ဆရာတော်တွေပါမကျန် အားထား လေးစားခဲ့ကြတာ အခုချိန်ထိ သတိရနေပါသေးတယ်လေ။
ညနေပိုင်းဆို ခြင်းလုံးဝိုင်းခြင်းခတ်တာ ရာသီကောင်းတဲ့ ညနေပိုင်းလိုလို ပေါင်မယ်လည်း ရှေးလူကြီးအတိုင်း ဆေးမှင်ကြောင်တွေဖြင့် မြန်မာဆန်စွာ ကျနော်ကိုယ်တွေ့ မလို့ တင်ပြပေးခြင်းဖြစ်ပါတယ်လေ။ရက်ကောင်းရက်မြတ်ရွေးပေးခြင်း လက္ခဏာကြည့်ပေးခြင်း ဗေဒင်ကြည့်ပေးခြင်း တို့ကို ခင်မင်သူများအားလုံးကို မေတ္တာဖြင့် ပြုလုပ်ပေးခြင်းဟာလည်း ထူးခြားတဲ့ ပါရမီတစ်ခုလို့ တင်စားလိုက်ချင်ပါတယ် ဗျာ။
ကျနော်နှင့် ဘကြီးစကားပြောဖြစ်တာလေးကတော့ ဘကြီးရေ အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတွေဟာ ချစ်လို့ဘဲဖြစ်ဖြစ် ကြိုက်လို့ဘဲဖြစ်ဖြစ် မိဘပေးစားလို့ဘဲဖြစ်ဖြစ် ရှေးရေစက်ကြောင့် ပေါင်းသင်းနေထိုင်လာကြတာ ရှေးနှစ်ပေါင်းများစွာကတည်းက မဟုတ်လားလို့ စကားအစလေး မေးမိတာပါလေ ဘကြီးက တော့ အေး ဟုတ်တာပေါ့ ငါ့မြေးကလည်း မှန်တာပေါ့ကွယ်ဟု ပြုံးပြီးပြောလိုက် ရေနွေးချမ်းခါးခါးလေး သောက်လိုက်နဲ့ ဖြေကြားခဲပါတယ်။
ဟုတ်ပြီ ဘကြီးရေ အဲတာဆို အိမ်ထောင်ရှင်တိုင်း လိုလို ဘာ့အတွက်ကြောင့် ရန်ဖြစ်လိုက် ကွဲလိုက် ဖြစ်နေကြပါသလဲဗျာလို့ မေးမိပါတော့တယ်။
အဲအချိန်မယ် ဘကြီးက ငါ့မြေးသေချာမှတ်ထားကွ
အိမ်ထောင်ရှင်ဘဲဖြစ်ဖြစ် ချစ်သူတွေဘဲဖြစ်ဖြစ် အချစ်ဆုံးသူငယ်ချင်းတွေဘဲဖြစ်ဖြစ် ဆရာတပည့်တွေဘဲဖြစ်ဖြစ် ဘုန်းကြီးနှင်း ဒါယကာ
ဒါယိကာမတွေဘဲဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး အကြောင်းကြောင်းကြောင့် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ပြဿနာဖြစ်မည်ဆိုပါလျင် ကိုယ့်အမှားကို ကိုသိပြီး ဝန်ခံတောင်းပန်လျင် ဘယ်တော့မှရန်မဖြစ်ကြဘူးကွဲ့ သို့သော် အခုလိုဖြစ်နေကြတာက တစ်ဦးကလည်း ကိုယ့်အမှားမသိ ကြ အားလုံးက အမှန်တွေထင်ပြီး မှန်တာ လုနေကြတော့
မှန်ရင် ရန်ဖြစ်တယ်လို့ ဆိုမိန့်ခဲ့ပါတယ်။မှားရင် မှားမှန်းသိလိုလတစ်ဦးကို တစ်ဦး ဝန်ချတောင်းပန်နားလည်ရင် ဘယ်တော့မှရန်မဖြစ်ပါတကား။မှန်ရင် ရန်ဖြစ်နေတယ် ဆိုတာ တကယ်မှန်နေပါရဲ့တကား။
ရှေးလူကြီးစကားတွေဟာ အမှန်တွေမဟုတ်ပါလော။
နောက်တစ်ခု ကျနော်ကလည်း ကိုယ့်ဘကြီးကို ဆန်းဆန်းပြားပြားလေးမေးမိပါတော့တယ် လေ။ဘကြီးလို့ ကျနော်က အမြဲခေါ်ပါတယ်
အတူနေမဟုတ်ပေမယ့် အဖေ့ညီမနဲ့ အတူနေဆိုပေမယ့် ကျောင်းကန်ဘုရား လူမှုရေး မှန်သမျှကျနော့်မောင်းသောကားလေးနဲ့ လိုက်ပို့ဖြစ်နေကြပါ။ကားကလည်း ဘကြီးရဲ့ညီကျောင်းထိုင်ဘုန်းကြီး ဆရာတော်ကို လှူဒါန်ူထားသောကားhilux toyotal ကားလေးပါ ။ကျနော်ကားမောင်းတတ်တာ အဲကားလေးနဲ့ပါ ။အခုအချိန်ဆို ကျနော်ကားမောင်းတက်တာ မောင်းနေတာ အနှစ်၂၀တောင် ကျော်နေပါပြီလေ။၁၉၉၈-၂၀၁၇တွက်ကြည့်တော့လည်းဟုတ်နေတာပါဘဲလေ ။အချိန်တွေ ကုန်ဆုံးတာ မြန်တယ်လို့ ထင်နေရပေမယ့် ၂၄နာရီ တစ်ရက်ဟာ ရှေးဘိုးဘွားတွေကတည်းက အခုချိန်ထိ မပြောင်းလည်းသေးတော့ အချိန်ဟာ ပုံမှန်ဖြစ်နေပြီး အတိတ်တွေက ဆွဲခေါ်နေတယ်လို့ စိတ်ထဲမယ် ထင်ဟပ်မိစေပါတယ်လေ။
ကျနော့ ဘကြီးကို နောက်တစ်ခု ထပ်မေးမိတာကတော့ ဘကြီးရေ လူတွေအသက်တွေကြီးကြီးလာတယ် နော်လို့ မေးမိပါတယ် အဲချိန်မယ် ဘကြီးက အသက်က မကြီးပါဘူးကွဲ့ ငါ့မြေးရ ရုပ်တွေရင့်ရင့် လာတာပါလို့ ပြောခဲ့ပါပေတယ်ဗျာ။စဉ်းစားကြည့်တော့ ဟုတ်ပါပေတယ် အသက်ကမကြီးပါဘူး ရုပ်တွေရင့်ရင့်လာကြတာကို သတိထားမိပြန်တော့တယ်လေ။
ကျနော်လည်း ငယ်ရွယ်သူဆိုတော့ သိချင်တာ ဖြစ်ချင်တာတွေ ကြံကြံဖန်ဖန် မေးမိပါတော့တယ်။ဘကြီး ကျနော်မေးစရာရှိတယ် အဲအချိန်မယ် ဘကြီးဟာ ၈၂နှစ်အရွယ်ပါ သွားလုံးဝမကျိုး ပါးရေနားရေ မတွန့် ဆံပင်တော့ ဖြူနေပြီပေါ့ဗျာငါ့မြေး မေးလေကွယ် တဲ့. . . .
ဘကြီး ရုပ်ပျိုဆေးဆိုတာ တကယ်ရှိလား ဘကြီးလို့ မေးလိုက်မိတာပါ ရှိတာပေါ့ ငါ့မြေးရ ဆိုပြီး အခုလို ပြောပြပါတော့တယ်လေ။
ငါ့မြေး ဘကြီးတို့က ဘုန်းကြီးမျိုးနွယ်တွေလေ ။ဘကြီးရဲ့အကို ဘုန်းကြီး ပြောပြတာ ပြန်ပြောပြမလို့ပါတဲ့။
ဘငြီးအကိုဟာ သံဃာရတာ တင်တော့ ရန်ကုန်ကို ကြွရတယ်လို့ မိန့်ခဲ့ဘူးတာပါ။သံဃာရတာတင်တဲ့ နေရာမယ် ဝါအလိုက် ထိုင်ကြရတယ်လို့ မိန့်ခဲ့တာပါ ဖြစ်ချင်တော့ ရုပ်အရ အသက်ရွယ် ၂၀ကျော်ကျော် ထင်ရတဲ့ရဟန်း တပါးကြွလာတော့ ဘကြီးအကိုဘုန်းကြီး အရှင်ဘုရား ဝါတော်မိန့်တော်မူပါလို့ လျောက်တင်သောအခါဝယ် အားလုံးသော ရဟန်းတော်တွေထက် သက်တော်ဝါတော်ကြီးပြီး ရုပ်နုနေတာကို လက်တွေ့ တွေ့ရလို့ အရှင်ဘရား ထိုင်တော်မူပါလို့ နေရာပေးခဲ့ဘူးပါတယ်လို့ ပြောကြားခဲ့ပါတယ်လေ။ရုပ်နုနေသောဆရာတော်ကြီးအား အရှင်ဘုရား အခုလို ရုပ်နုနယ်နေတာ ဆေးကောင်းတစ်ခုတော့ရှိပါ့မယ် မိန့်ကြားတော်မူခဲ့ပါလို့ လျောက်တင်တော့ ရုပ်နုနေသောဆရာတော်ကြီးက အရှင်ဘုရားတို့ တပည့်တော်ဟာ အသက်၂၀အရွယ်ကတည်း စားသုံးခဲ့တဲ့ဆေးရှိတယ် အဲဆေးကြောင့် အခုလို နုပျိုနေတယ်လို့ မိန့်ကြားခဲ့ပါလေတော့တယ်။
၎င်းရုပ်ပျိုဆေးကတော့ ဘကြီးသေချာပြောပြခဲ့ပါတယ်။ကျနော်လည်းsteemit friends အားလုံးကို ထပ်ဆင့်ဝေမျှလိုက်ပါတယ် ဆေးက ပေါပါတယ်
အုန္နဲမြစ် ၅၀သား(ယခုအခေါ် ဆေးရိုးပင်)
ဆင်တုံးမနွယ်အခါးမြစ် ၅၀သား
ဖွားဘက်ပင်အမြစ် ၅၀သား(ယခုခေါ် ငုဝါပင်အမြစ်)
ဆတူကြီတ်ပြီး ပြားရည်စစ်ဖြင့် တေပြီး အလုံးလေးတွေ သေးသေးလုံးပြီး နေ့တိုင်း၃လုံးစားပေးခြင်းဖြင့် ရုပ်ပျို ကိုယ်နုသည့်အပြင် လေရောဂါကို အထူးပျောက်ကင်းပြီး စားသုံးသည့်အရွယ်တိုင်း ဖြစ်ပါတယ်လို့ မိန့်ကြားခဲ့ဘူးတာ ကျနော့ဘကြီးပြောပြခဲ့ပါတယ်လေ။
steemit friends အားလုံး ရုပ်ပျိုကိုယ်နုအောင် ဖော်စပ်စားသုံးပြီး တကယ်နုပျိုပါကြောင်းအသကကြီးပြီးတစ်နည်းသာ ခေါင်းစဉ်ဖြင့် ဝေမျှလိုက်ရပါကြောင်း
အားလုံးရွှင်လန်းချမ်းမြေ့ ရုပ်ပျိုကိုယ်နုကြပါစေလို့ ဆန္ဒပြုလျက်ပါ။ ။
@chitnaingoo
5.9.2017

Sort:  

waiting for more from you chitnaingoo! keep motivating!

အော ဆေးဆရာလည်းလုပ်တယ်လား ဆိုးပု
စာပိုဒ်တွေကြားမှာ ပုံလေးတွေထည့်ရင် ပိုပြီး ပြည့်စုံမယ်ဗျို့

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67706.36
ETH 2616.68
USDT 1.00
SBD 2.72