အရူးခေါင်းဆောင်

in #esteem8 years ago (edited)

image

တစ်ခါတုန်းကမြို့တစ်မြို့မှာအရူးဆေရုံရှိတယ်...

အာ့ဒီဆေးရုံကအရူးတွေကသောင်းကျန်းလွန်းလို့
ဆရာဝန်တွေမနိုင်တော့တဲ့အခါ တစ်ခုစဉ်းစားမိကြသတဲ့
အရူးအချင်းချင်းကိုထိန်းနိုင်ရင်အဆင်ပြေနိုင်တယ်
ဆိုပြီးတော့ပေါ့ အာ့ဒါနဲ့ နောက်တစ်နေ့ကျတော့
အရူးအားလုံးကိုခေါ်ပြီးပြောတယ်တဲ့....

ကဲ မင်းတို့ထဲကခေါင်ဆောင်(3) ယောက်ရွေးမယ်
ငါမေးတာကို မှန်အောင် ဖြေနိုင်ရင် ခေါင်ဆောင်ခန့်မယ်

ကဲ စပြီးမေးတော့တာပေါ့...

မာလာကာသီးတစ်လုံးကိုပြပြီး ဒါဘာသီးလည်းမေးတော့
ပထမ တစ်ယောက်မှမဖြေနိုင်ဘူးတဲ့
ခဏနေမှ နောက်နားက အရူး ပွင့်ဦး ဆိုတဲ့တစ်ယောက်
ကထဖြေတယ် ....

မာလာကာသီးပါ...

အာ့ဒါနဲ့ သူ့ကို ခေါင်ဆောင်ခန့်လိုက်တယ်
တစ်ယောက်ရပြီးပေါ့ ....

ကဲ နောက်တစ်ယောက်ဆိုပြီး
သရက်သီးကိုပြတယ် ဘာသီးလဲပေါ့
အရူးထွန်းအောင် ထဖြေတယ် သရက်သီး
နစ်ယောက်မြောက်ခေါင်ဆောင်ရပြီးပေါ့
image
ကဲ ဒီတစ်ခါနောက်ဆုံးတစ်ယောက်ကိုတော့
အသီးပြစရာ လောလောဆယ် မရှိလို့
ပါစပ်ကပဲ သေချာပြောပြမယ် နားထောင် ...

'သူ့အလုံးက လူခေါင်းလောက်ရှိတယ်
အဆူးတွေလည်းအများကြီးနဲ့
မွန်ပြည်နယ် မော်လမြိုင်မြို့ ဘက်က
အများဆုံးထွက်တယ်....

ကြိုက်တဲ့သူတွေအတွက်ကတော့ သူ့အနံ့လေးက
မွေးနေတယ် မကြိုက်တဲ့သူတွေအတွက်ကတော့
သူ့အနံ့ကာ ခေါင်းကိုက်လောက်အောင် နံသတဲ့

နောက်ဆုံးမေးခွန်းလည်းကျရောအချိန်အတော်
ကြာတဲ့အထိဖြေနိုင်တဲ့သူ ပေါ်မလာဘူးတဲ့

....ဒါပေမယ့် အခုဒီစာကိုဖတ်နေတဲ့သူကတော့
ဒီအဖြေကိုသိလို့ စိတ်ထဲကတောင်ဖြေပြီးနေ
လောက်ပြီး ...
image
ဟုတ်ကဲ့ ဂုဏ်ယူပါတယ်ဗျာ....
ခဗျားကို တတိယမြောက် အရူးခေါင်ဆောင်အဖြစ်
ခန့်အပ်လိုက်ပါပြီးးးးးးးးးးးးးးးးးးးး
😁😁😁😁😁😁😁😁😁😁စတာပါ ဟဲဟဲ
@chitnaingoo
photo goole
S.M.T.38

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 63933.57
ETH 1872.06
USDT 1.00
SBD 0.38