အတာသင်္ကြန်ရောက်တော့မယ်~^~^~^
မြန်မာတွေရဲ့ နှစ်ဟောင်းမှနှစ်သစ်ကူးတာ တန်းခူးလတိုင်းဖြစ်ပေတော့သည်။
english month ဧပြီလ ၁၇ ရက်နေ့တိုင်းဟာ မြန်မာတွေရဲ့ နှစ်ဆန်း (၁)ရက် ဖြစ်ပေလေတော့သည်။နှစ်တိုင်းအခုရက်ဟာ နှစ်သစ်ရက်မို့ အတာသင်္ကြန်ရောက်ဖို့ သိပ်မလိုတော့ပေ ။
သင်္ကြန်ရောက်လို့ ရေကစားကြသူက ကစားကြ
ဘုန်းတော်ကြီးကျောင်းသို့ ဥပုသ်သီလ ယူကြသူက ယူကြ
ဘုရားဖူးသွားကြသူက သွားကြ
ရေမဏ္ဍပ်မယ် ရေးပက် ကစားသူက ကစားကြ
ရေပက်ခံ ထွက်ကြသူက ထွက်ကြတာဘဲ
မုန့်လုံးရေ ပေါ် လုပ်စားကြသူက လုပ်စား ကြဖြင့် အတာသင်္ကြန်မယ် မြန်မာတွေရဲ့ အထူး အခါ ပွဲတော်ဖြစ်ပေသည်။
todayဟာ မတ်လ ၂၅ ဆိုတော့ အခုလ ၃၁ရက်ဆို လက ကုန်တော့မည် ။အတာသင်္ကြန်ကြဖို့ ၁၈ ရက်သာ လိုတော့သည်။ နှစ်ဟောင်း မြန်မာသက္ကရာစ် ၁၃၇၉မှ ၁၃၈၀ရောက်ဖို့ ရက်အနည်းသာ လိုပေတော့သည်။ ရုံးပိတ်ရက် ၅ရက် ပေးထားသည်။ ကိုယ့်အရပ်ကို ပြန်သူက ပြန်ကြလေသည်။ ပျော်စရာ အခုနှစ် အကောင်းဆုံးက နေပြည်တော်နှင့် မန္တလေး မြို့ကြီးများဖြစ်ပေတော့သည်။
မန္တလေး သင်္ကြန်
= = = = = = =
အခုနှစ် အတာသင်္ကြန်ကို မန္တလေး ကျုံးပတ်လည်တွင် အထူးစည်ကားစွာ ကျင်းပမယ် ဖြစ်ပေတော့သည်။ တောသင်္ကြန် နှင့် လမ်းလျှောက် သင်္ကြန် ကို အထူးတလည် စီစဉ်ထားပေသည်။ နိုင်ငံခြားသား ဧည့်သည် များအတွက် ပို အဆင်ပြေအောင် ပြုလုပ်ထားပေသည်။ ဒေသထွက် နိုင်ငံထွက် များ ဆိုင်ခန်းပြခန်းများဖွင့်၍ အထူးရောင်းချပေးပေမည်ဖြစ်သည်။ အကများ ယိမ်းအကများ ဆင်က များဖြင့် အထူး ယဉ်ကျေးစွာ ပြုလုပ်မည်ဟု မြန်မာသတင်း ဌာနက ကြေညာထားပေသည်မို့ အထူးလည်ပတ်ကြဖို့ အဆင်ပြေလှပေလိမ့်မည်။
နေပြည်တော် သင်္ကြန်
= = = = = = = = =
နေပြည်တော် သင်္ကြန်ကို ပျဉ်းမနား- တောင်ညို လမ်းမကြီး မြို့တော် ခန်းမ ရှေ့တွင်လည်း ဖွင့်ပွဲပိတ်ပွဲများဖြင့် ဖွင့်လစ် ကျင်းပမည် ဖြစ်ပေတော့သည်။
hotel zone (1)အနီး ရွှေဧည့်သယ် ရှေတွင် skynet မဏ္ဍပ် ထိုးထားပြီး
လာရောက်သူများကို အစားအသောက် ကျွေမွေးခြင်း နိုင်ငံကျော် အနုပညာ ရှင်များဖြင့် ဖျော်ဖြေပေးမည်ဖြစ်ပေသည်။ရေကစား ပိုက်များဖြင့် အထူးရှားဆုံး ပြုလုပ်မည်ဟု သိရပေတော့သည်။

Steemit မှ မိတ်ဆွေများ မကြာမှီမယ် အတာသင်္ကြန် ရောက်မည်ဖြစ်၍ လာရောက် လည်ပတ်ကြဖို့ အထူးဖိတ်ကြားအပ်ပါသည်။ အတာသင်္ကြန်မယ် အတူတူ ပါဝင်နွှဲပြီး ၁၃၈၀နှစ်ကို ပျော်ရွှင် ချမ်းမြေ့စွာဖြင့် ကြိုဆိုလိုက်ကြမယ် အတူတူလို့ ဟစ်ကြွေးလိုက်ချင်ပါတော့သည်။
@chitnaingoo
