အားထားရာsteemCreated with Sketch.

in #busy8 years ago

FB_IMG_1538657675353.jpg
အကျွုန်ုပ်သည် ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လေသည်။အမိအဘ ဘိုးဘွားဘီဘင်ကတည်းက ဘုရားတရားသံဃာဆရာမိဘ ခင်ပွန်းကြီး(၁၀)ပါးတို့ကို ကိုးကွယ်ဆည်းကပ် လိုက်နာကျင့်ကြံကိုးကွယ်အားထားရာ အဓိကဖြစ်ပေလေတော့သည်။ လောကတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားကိုကိုးကွယ်အားထားဆည်းကပ်ကြသူများစွာရှိခဲ့ပြီး မဂ်ဖိုနိဗ္ဗာန်သို့စံဝင်သွားကြသောပုဂ္ဂိုလ်ထူးများစွာရှိလေသည်။
မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်များကို လေ့လာကျင့်ကြံဖို့ အားထုတ်ဖို့ အထူးလိုအပ်ပေတော့သည်။
သီလဆောက်တည်ဖို့ အဓိကမိန်းဖြစ်လေသည်။
သီလကို ပထမထိမ်းထားနိုင်မှသာလျင် ကျင့်ကြံအားထုတ်ဖို့ နံပါတ်(၁)အခြေခံဖြစ်သည်ကို လေ့လာတွေ့ရှိရလို့ ကျေနပ်နေမိတာအမှန်ပေ။
သီလဆောက်တည်ဖို့ အထူးခက်ခဲလေသည်။ ၅ပါးသီလ ဆောက်တည်ထိမ်းနိုင်ဖို့ အတွက် တဖြေးဖြေးကျင့်ယူကြရပေမည်။
active income မယ် ငွေရှာကြသူများကြပေသည်။
မှုသားမပါ လျှင်လည်း အရာရာမယ် အဆင်မပြေဖြစ်နေတာကို တွေ့ရတော့ အသိကို သတိလေးဖြင့် ထိမ်းကာထိမ်းကာ သွားကြရပေလေတော့မည်။
ဘယ်သူတွေ သီလ ပျက်ပျက် ကိုယ်မပျက်ဖို့ အထူးထိမ်းရပေဦးမည်။ တကယ်တော့ လူ့ဘဝဟာ ခနလေးပါ။
အငှားခန္ဓာကိုယ်ကြီးကို ကိုယ်ပိုင် ခန္ဓာကိုယ်လို့ မြင်ကြထင်ကြနေသမျှတော့ တရားထူးရဖို့ မဖြစ်နိုင်သေးပေ။
အစားအသောက်စားပေးရတယ်။
အရသာကို ခံစားလိုက်မယ်ဆိုပါလျင်လည်း ဝေဒနာတွေပွားလာပေတော့တယ်။
စားပြီးသားတွေ လည်း ပြန်ထုတ်နိုင်မှ နေရထိုင်ရအဆင်ပြေလေသည်မို့ နေ့စဉ်လုပ်ဆောင်နေရပေတော့သည်။
ဘယ်အရာကို အားထားရမည်နည်း။
စဉ်းစားလေ အဖြေက လွယ်မလိုနဲ့ မကျင့်ကြံနိုင်ကြသေးပေ။
မြတ်ဘုရားရဲ့တရားတော်တွေဟာ

  • ရှိနေတာကိုလည်း သိခဲပေတယ်

*သိပြန်သော်လည်း ကျင့်နိုင်ခဲပေတယ်

  • ကျင့်ပြန်သော်လည်း ရနိုင်ခဲပေသည်မို့
    ကျိုးစားအားထုတ် အားထားရာ နိဗ္ဗာန်ဆိုတာ ဆုတောင်းရုံဖြင့် မရောက်နိုင်ပေ။
    ရောက်နိုင်မည့်လမ်းကို လျှောက်နိုင်မှသာလျင် တဒင်္ဂအထောက်အပံ့ အထုံပါမည်မို့ အားထားရာကို သိနိုင်ကြစေချင်လှပေ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 60924.48
ETH 1580.88
USDT 1.00
SBD 0.47