သာသနာအားမာန်

in #mso8 years ago

image
ပဉ္စမအကြိမ် သာသနာ့အားမာန် ဆရာဒကာချိတ်ဆက်ရေးအသင်းမှ စာသင်သား သံဃာတော်များအား စာပေသင်ကြားရေးအတွက် လိုအပ်သော ငွေများကို တစ်လလျှင် (၃၀၀၀၀-)ကျပ် ကူညီထောက်ပံ့လျှက်ရှိပါသည်။ ပညာသင်ကြားရေးတွင်မက နည်းပညာဖြင့် facebook ၊page ထောင်ပြီးလည်းကောင်း အခြားသော blog များဖြင့်လည်းကောင်း ဗုဒ္ဓဘာသာ စာပေများ လူအများနားလည် အောင်သွန်သင်ပြသခြင်းကို ဆောင်ရွက်ရန်တိုက်တွန်းပြီး တရားစာပေဖြင့် လူငယ်များ အား တက်နိုင်သလောက် ရတဲ့ဘက်ကနေ သာသနာပြုရန် ကြိုးစားရန်တိုက်တွန်းခြင်း သန်တန်း ပို့ချခြင်းများပြုခဲ့သည်။ အသင်းသားများနှင့်အတူ ဆရာဦးမြင့်ခိုင် ဆရာဒကာချိတ်ဆက်ရေးအသင်း ၊ပေါက်စိမ်းရပ် ဓမ္မာရုံတွင် ကျင်းပသည် ။ စာသင်သားများအား ဒကာ/ဒကာမများမှ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည် ။ imageကျေဇူးသိခြင်းအကျိုး (၁၀) ပါး
=================

(၁) အစားအစာ ပေါများခြင်း။

(၂) ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။

(၃) သူခိုး ဓားပြတို့ အနှိပ်စက် မခံရခြင်း။

(၄) လူများက နှစ်သက်လိုလားခြင်း။

(၅) ဂုဏ်ကျေးဇူးသတင်း ကျော်ဇောခြင်း။

(၆) အခြံအရံ ပေါများခြင်း။

(၇) ဘုန်းကျက်သရေ တိုးပွားခြင်း။

(၈) အမြင့်မှကျသော်လည်း မှီရာတည်ရာရခြင်း။

(၉) ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လယ်ယာ၊ စပါး တိုးပွားခြင်း။

(၁၀) ရန်သူ မထိပါးနိုင်ခြင်း။

                     ( တေမိယဇာတ်)

တစ်လုပ်စားဖူး သူကျေးဇူး

© ကျေးဇူးမသိ၊ လူတုံးတိ၊ များဘိဒုက္ခသာ

© အရိပ်ခိုကိုး၊ သစ်ပင်မျိုး၊ မချိုးမခုတ်ရာ

© အရိပ်ခိုကိုး၊ အခက်ချိုး၊ ပျက်ရိုးထိုသူသာ

© တစ်လုပ်စားဖူး၊ သူ့ကျေးဇူး၊ ကျုးကာမဖျက်ရာ

© ကျေးဇူးသိက၊ အဝဝ၊ ချမ်းသာကြမည်သာ

© ယခုမျက်မှောက်၊ ချမ်းသာရောက်၊ မြားမြောက်ပုံစံလာ။

(စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး)

@chirstonawba

Sort:  

ကျေးဇူးဆိုတာဆပ်တတ်ရတယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 63331.28
ETH 1806.53
USDT 1.00
SBD 0.38