ဥစ္စာစောင့်

in #busy8 years ago (edited)

အရှင်သြဘာသ

“တပည့်တော်နားမလည်လို့ ရှင်းပြပေးပါဘုရား....”

“အေးဘာမြန်းလည်းကွယ့်....”

“ဥစ္စာစောင့်ဆိုတာ ရှိသလားဘုရား..”FB_IMG_1524874344017.jpg

တပည့်တော်တို့ လူဘုံလောကကို ဥစ္စာစောင့် သိုက်နန်းရှင်တွေ ဟာလချင်းတိုင်းလာ ၊ပြန်ချင်တိုင်းပြန်သွားလို့ ရတယ်လို့ လူတွေအတော်များများက ယုံကြည်နေကြပါတယ်ဘုရား။ အဲဒါဖြစ်နိုင်ပါသလား။ နောက်ပြီး ဥစ္စာစောင်နှင့်သိုက်နန်းရှင်ဆိုတာ မတူဘူးလို့ပြောကြတယ်ဘုရား။ ဘယ်လိုကွာခြားပါသလဲ။ တကယ်ကောရှိမရှိ ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ဒီလိုရှိတယ်ကွယ့်

ဥစ္စာစောင်ဟူသည် ဘုမ္မစိုးနတ်မင်းကြီး၏ လက်အောက်ခံ ပေတမျိုးနွယ်များ ဖြစ်ကြသည်ဟု ဆိုနိုင်ပါတယ် ၊ လူတွေက တစ်ခါတစ်ရံ တွေ့ကြ ကြုံကြသဖြင့် လူ့ဘ၀နှင့်နီးစပ်သည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် ဘ၀ချင်းကွာခြားလှပါတယ်၊ ဘုမ္မဿိတပေတ (မြေကို မှီနေသော ပြိတ္တာမျိုး) များစွာရှိသဖြင့် ရှိမည်ဆိုက ရှိနိုင်ပါတယ်။ လူများ၌ အဆင့်အတန်းအမျိုးမျိုးရှိသလို ပြိတ္တာလည်း အဆင့်အတန်းအမျိုးမျိုးရှိကြောင်း ပေတ္တ၀တ္ထုတော်ကြီးတွင် ဖက်ရှုလေ့လာခြင်းအားဖြင့် ဥစ္စာစောင့်ဟူသည် တကယ်ရှိနိုင်ကြောင်း သိနိုင်ပါတယ်။

@chirstonawba
(26-4-2018)

Sort:  

Unfortunately, I cannot read such a beautiful alphabet 😭

Dear friend, you do not appear to be following @artzone. Follow @artzone and get added to our voting list for valuable up-votes!

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.082
BTC 62530.03
ETH 1633.28
USDT 1.00
SBD 0.44