အမှတ်တမဲ့

in #myanmar8 years ago (edited)

20160330_162323.jpg

 လမ်းသွားရင်း တစ်နေသောအခါ လမ်းဘေးမှာသနားစရာ အဘိုးအို တစ်ယောက် လမ်းမှာတောင်းရမ်း နေတာတွေ့ခဲ့တယ် အဘိုးအိုကို သူ့မိတ်ဆွေတစ်ယောက်က ဆိုင်းဘုတ်တစ်ခုဖြင့် စာတစ်ကြောင်းရေးပေးထားတယ်…

ထိုမိတ်ဆွေကား စတိုးဆိုင်တစ်ဆိုင်၏ ပိုင်ရှင်တစ်ဦးပါတကား ။
အဲဒီဆိုင်းဘုတ်က ဘာလည်းဆိုတော့
''အဘိုးမျက်မမြင်တစ်ယောက်ပါ အဖိုးကို သနားသေားအားဖြင် ထမင်းဖိုးဟင်းဖိုးလေးသနားကြပါတဲ့။ ''
သနားတဲ့သူတွေက အဘိုးအိုဒုက္ခကိုမြင့်တော့ ငွေစအနည်းငယ် ပေးလှူစွန့်ကြဲ သွားကြတယ်…
အဘိုးအိုလည်း ရသလောက်နဲ့နေ့စဉ် စာရေးသောက်ရေးဖြေရှင်းခဲ့တယ် ရတဲ့ငွေက နည်းတယ် ။
ထိုအဘိုးအိုရခဲ့တဲ့ ငွေစကိုယူပြီး နီးရာစတိုးဆိုင်မှ လူငယ်တစ်ဦးက စားရေးသောက်ရေးအတွက် သူကူညီနိုင်သလောက် ဝယ်ပေးရှာသတဲ့။ တစ်ခါတစ်လေတော့ သူတက်နိုင်တဲ့အခါ လစာထုတ်ရက်တွေမှာဆို အဘိုးအိုကို ကျွေးမွေးပြုစုရှာသတဲ့။
ထိုအဖိုးအိုကို နေ့စဉ် ထိုနေရာတစ်ဝိုက်တွင် တွေ့နေကြ မည်သူမျှအရေးတယူ သတိမထားမိကြ။
အဘိုအိုကား တစ်ချိန်က စာပေတွင်ကျော်ကြားသော (………………) တစ်ဦးဖြစ်ခဲ့လေပါတကား။
တစ်နေသောအခါ ရုပ်ချောချော စာရေးဆရာ ကဗျာဆရာ တစ်ယောက်က တောင်းရမ်းနေသော အဘိုးအိုနာဖြတ်သွားခဲ့မိတယ်။
ပြီးမှ နောက်ပြန်လှည့်လာပြီး ဆိုင်းဘုတ်ကိုသေခြာကြည့်ကာ ခေါင်းခါတယ် သူကတော့ ငွေမလှူနိုင်ရှာဘူး စာလေးရေးပြီး ဆိုင်းဘုတ်ကိုပြင်သွားခဲ့တယ်…
ပြီးတော့မှ သူသွားစရာရှိသော အလုပ်ကိုသူဆက်သွားခဲ့တယ် …
ဒါပေမည့်အဘိုးအိုက သူရှေ့ရောက်လာပြီး စကားမပြောဘဲ စာရေးနေတဲ့သူကို မမြင်ပေမည့် သူရှေ့လာရပ်တဲ့သူ၏ ခြေအစုံလေးကို စမ်းမိခဲ့တယ် ဘာလည်းဆိုတာကိုတော့ သူညဏ်နဲ့ မှတ်သားထား လိုက်တယ် …
ထိုသူက စာရေးပြီးအဘိုးကို လက်မှာကိုင်ထားရန် ရေးပြီးသား ဆိုင်ဘုတ်လေး ပြန်ပေးခဲ့တယ် ဘာရေးထားလည်းတော့ အဘိုးအိုမသိရှာဘူး ။
ဒါပေမည့် လမ်းသွားရင် ထိုအဖြစ်ပျက်လေး တစ်ခုကို အမှတ်တမဲ့ ရပ်ကြည့်နေသော သူတစ်ဦးကတော့ ရှိနေခဲ့လေပြီ တကား ။
ထိုအဖြစ်ပျက်ကို လမ်းဘေးကနေကြည်နေမိတယ် ဆိုတာဘယ်သူမှ သိလိမ့်မည်မထင် သက်ဆိုင်သူတို့၏ နှလုံးသားမှတ်တမ်းလေး သာ ဖြစ်ခဲ့လေပြီ တကား …
နှလုံးသားဝယ် ထင်ကျန်စေသော ဆိုင်းဘုတ်လေးမှာ
''သာယာလှပသော နေ့သစ်ကလေးတစ်ခုကို အဘိုးမမြင်နိုင်ပါ''
ထိုစာသားလေးကြောင့် လမ်းသွား လမ်းလာသူ အများ၏ ပေးစွန့်အလှူငွေများစွာရခဲ့သည်မှာ ငြင်းနိုင်စရာ မရှိခဲ့ ။
ထိုစာရေးပေးသူကို ကျေးဇူးတင်လို့မဆုံး…
မထင်မှတ်ထားသောအရာလေး တစ်ခုဟာ လောကကိုမည်သို့ အကျိုးပြုသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရလေပြီ ။
သြော် ; ဒို့လည်း လောကကို ဘယ်လိုပြင်ရမလည်းဆိုတာ လေ့လာစရာတွေ အများကြီးကျန်နေသေးပါကလား………????

#ခရစ်တွန်သြဘာ (21-12-2017) @chirstonawba

Sort:  

Congratulations @chirstonawba! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published 4 posts in one day
Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 61656.48
ETH 1593.99
USDT 1.00
SBD 0.47