"​ကျော်​ဖြတ်​ပါ”

in #love8 years ago

image

"​ကျော်​ဖြတ်​ပါ”

အချစ်​မှာ ပုံ​သေနည်း​တော့မရှိဘူး
ဒါ​ပေမယ့်​ အချစ်​​ကြောင့်
မျက်​ရည်​ကျရတာက​တော့
သေချာတယ်​​လေ

အလွမ်း ဆိုတာ
လက်​ဆုပ်​လက်​ကိုင်​ ပြသလို့​တော့မရဘူး
ဒါ​ပေမယ့်​ လူမသိသူမသိ တိတ်​တိတ်​​လေး
လောင်​ကျွမ်း​နေတာ အလွမ်းဆိုတဲ့ အရာပဲ​လေ

သံ​ယောဇဉ်​ ဆိုတာ
ထုတ်​​ဖော်​ပြလို့​တော့ မရဘူး
ဒါ​ပေမယ့်​ အချိန်​ကြာလာ​လေ
တင်းကြပ်​ပူ​လောင်​လာတာ
သံ​ယောဇဉ်​ ပဲ​လေ

အမုန်း ဆိုတာ
မချစ်​​တော့လို့ မုန်းခဲ့တာမှ မဟုတ်​တာ
အစွန်း​ရောက်​​အောင်​ချစ်​ခဲ့မိလို့
နာကျင်​မှု​တွေ စုပြုံ​နေတဲ့ အရမ်းကြီးမားတဲ့
အစိုင်​အခဲပဲ​လေ

အချစ်​ အမုန်း အလွမ်း သံ​ယောဇဉ်​ ဆိုတာ
နှလုံးသားရှိတဲ့ သတ္တဝါတိုင်း
ကျော်​ဖြတ်​ရမည့်​ မဟာတံတိုင်းကြီး​တွေပါ
သံ​ယောဇဉ်​​ကြောင့်​ ဖြစ်​လာတဲ့
ပူ​လောင်​မှု ၊ လှိုင်းတံပိုး​တွေကို ပညာသားပါပါနဲ့
ပါးနပ်​စွာ ​ကျော်​ဖြတ်​လာနိုင်​ရင်
သင်​ဟာ ရင့်​ကျက်​သူတစ်​​ယောက်​ပါပဲ

လေးစားစွာဖြင့်​ 😊😊😊

မှတ်​ချက်​#
ကျွန်​​တော်​မရင့်​ကျက်​​သေးပါ...

Sort:  

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63676.30
ETH 1681.71
USDT 1.00
SBD 0.41