မြန်​မာ ချန်​ပီယံ

in #esteem8 years ago

image
အနိုင်​ရရှိ​အောင်​ မိနစ်​ပိုင်းအတွင်းဆိုပေမယ့် ရှစ်ပတ်လုံး ကြိုးစားကျင့်ခဲ့ရ ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မချာဒိုနှင့် အောင်လ အန်ဆန်တို့ ယမန်နေ့က ယှဉ်ပြိုင်ထိုးသတ်ပြီးနောက် မီဒီယာများနှင့် တွေ့ဆုံဖြေကြားမှုများ ပြုလုပ်ခြင်းဖြစ်​ပါတယ်​ အောင်လအန်ဆန်း "ကျွန်တော် အားလုံးကို ကျေးဇူးတင်ပါတယ် ချစ်တယ် ဒီလောက်တောင် အောင်မြင်မယ်လို့ မစဉ်းစားခဲ့ဘူး သူများတွေ ကြည့်ချင်တာ ပွဲကောင်းကောင်းကြည့်ချင်တာ အဲဒါကို ကျွန်တော် ဆက်ကြိုးစားမယ် ဒါပေမဲ့ ဒီနှစ်မကုန်သေးခင် မြန်မာ ပြည်မှာ MMAသင်တန်းတစ်ခု ဖွင့်ချင်တယ်
ညီကိုတို့ အခုတွေ့တာ စက္ကန့်ပိုင်းအတွင်းပဲ ဒါပေမဲ့ ဒီဟာအတွက်ဆိုပြီး ကျွန်တော်ကျင့်တာ ရက်သတ္တ ရှစ်ပတ်ရှိတယ် မိသားစုနဲ့မတွေ့ဘဲ ကျွန်တော်တစ်ယောက် တည်း အခန်းသေးသေးလေးထဲမှာနေပြီး ကျင့်ခဲ့ရတာပါ ရှစ်ပတ်လုံး ကြိုးစားကျင့်ခဲ့တယ်​"ဆိုပြီး​တော့ ​ပြောကြားခဲ့ပါတယ်


ပြီး​တော့ ခြေထောက်ကန်ချက်ဖြင့် အနိုင်ယူခြင်းနှင့်ပတ်သက် ၍ အောင်လအန်ဆန်က ပြိုင်ဘက်တစ်ယောက်နဲ့ တစ်ယောက်က မတူဘူး ပြိုင်ဘက်က ဂရောင်းကင်းမှာအတော်ကောင်းရင်တော့ စတန်းဒက်မှာ နိုင်ရမယ် အဲတော့ MMAမှာ ကျွန်တော့်ရဲ့ တိုက်ခိုက်မှုအများကြီး ရှိတယ်ဆိုတာ ပြချင်တယ် နောက်ပွဲဆို ပိုကောင်းလိမ့် မယ် ဘာဖြစ်လို့လဲဆိုတော့ အခုတောင် ကျွန်တော် အလုပ် မလုပ်ဘဲနဲ့ MMAပဲကြိုးစားနေတယ်၊ မစ်ဒယ်ဝိတ်မှာ ကျွန်တော့်ကို ကစားချင်သူတွေ အများကြီးရှိတယ်၊ လိုက် ဟဲဗီးဝိတ်မှာလည်း ကစားချင်သူတွေ အများကြီးရှိတယ်၊ အဲဒီတော့ တာဝန်ပိုကြီးလာတယ်​ပေါ့​နော်
image
နောက်​ပြီး ကျွန်တော့်မှာယုံကြည်ချက် အပြည့်ရှိတယ် ကျွန်တော့်အသင်းမှာရော ကျွန်တော့်မိသားစုမှာရော ကျွန်တော့်နိုင်ငံရော ကျွန်တော့်ကိုSupport လုပ်ပေးမယ် ဆိုရင် ၁ဝဝ ရာခိုင်နှုန်း ယုံကြည်တယ်၊ ဇွန်၊ ဇူလိုင်လောက် မှာ မစ်ဒယ်ဝိတ်တန်း ထိုးဖြစ်မယ် ထင်ပါတယ်၊ ကျွန်တော် နောက်အပတ်ကစပြီး လေ့ကျင့်ခန်း ပြန်ဝင်တော့မယ်၊ အချိန်မဖြုန်းချင်ဘူး” ဟု ပြောသည် ဟဲဗီးဝိတ်တန်းသို့ တက်ရောက်ထိုးခြင်းနှင့်ပတ်သက်၍ အောင်လအန်ဆန်က”မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် နှစ်ခုစလုံးရတယ်၊ နှစ်ခုစလုံးကို ကာကွယ်မယ်၊ ဟဲဗီး ဝိတ် မထိုးတော့ဘူး၊ ကျွန်တော့်အရပ် အဲလောက်မရှည်ဘူး၊ ခြောက်ပေ လေးလက်မ၊ ခြောက်ပေ ငါးလက်မလောက် ဆိုရင် ဟဲဗီးဝိတ် ထိုးလို့ရတယ်၊ ဒါပေမဲ့ လူကောင်ကြီး တွေက ကျွန်တော့်အတွက် ကြီးလွန်းတယ်ဆိုပြီး​တော့လည်း ​အောင်​လအန်​ဆန်းမှ ​ပြောကြားခဲ့ပါတယ်​။

Sort:  

အားပေးနေမယ်ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Chai Thu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 64420.09
ETH 1675.09
USDT 1.00
SBD 0.41