ရည်မှန်းချက်က ပထမခြေလှမ်းပါ

in #myanmar6 years ago

တစ်နေ့တစ်နေ့ရုန်းကန်လှုပ်ရှားရတဲ့လူသားတွေမှာ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေနဲ့ ကြိုးစားနေကြသူတွေကို နေ့စဉ်နဲ့အမျှတွေ့လာတော့ အတွေးတစ်ခုဝင်မိတယ်။ သူတို့ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ရောက်ပီဆိုရင် ဘာတွေဆက်လုပ်ကြမလဲဆိုတာကို။ ရည်မှန်းချက်တစ်ခုကတော့ လူတစ်ယောက်မှာရှိကိုရှိပါတယ်။ ဘာကြီးဖြစ်ရမယ်။ ဘာကိုဝယ်နိုင်ရမယ်။ ဘာကိုပိုင်ဆိုင်ရမယ်။ ဘယ်နေ့ ဘယ်အချိန်မှာ စသဖြင့်ပေါ့။ ဒါပေမဲ့ တွေးရင်းတွေးရင်း အတွေးတွေက ပျောက်ပျောက်သွားခဲ့တယ်။ နောက်တစ်ကြိမ် ပြန်စဉ်းစားမိပြန်ရင်လဲ ဒီလိုပဲ ပျောက်ပျောက်သွားတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ကိုယ်တိုင်မမေးကြည့်ဖူးဘူး။ သူတို့ကို မမေးကြည့်သေးခင်မှာ မိမိ ကိုယ်ကိုလဲ အရင်ပြန်မေးကြည့်ရပြန်တယ်။ ငါကရော တစ်နေ့ဘာဖြစ်ချင်တာလဲ။ ဘာတွေလုပ်ချင်တာလဲ။ ဘာတွေလိုချင်တာလဲ။ မေးပေမဲ့လဲ ဘာမှရေရေရာရာ မသိခဲ့ဘူး။

 ခုသိတဲ့အတိုင်းပြောပြရရင်လဲ အကုန်လုံးနီးပါး လိုချင်နေတာတွေကြီးပဲ။ သီချင်းဆိုတာလဲ ဆိုတတ်ချင်တယ်။ ပန်းချီဆွဲတာဆိုလဲ ဆွဲတတ်ချင်တယ်။ ဘောလုံးကန်တာလဲ တော်ချင်တယ်။ လုပ်ချင်တာတွေကများနေတယ် ဘာမှရေရေရာရာမသိဘူး။ အဲ့ဒါတွေထဲက တစ်ခုခုကို အကောင်းဆုံးအခြေအနေကို စဉ်းစားကြည့်လိုက်တယ်။ အတော်ဆုံးပန်းချီဆရာဖြစ်ပီ ဘာဆက်လုပ်မလဲဆိုတာကို။ အဲ့ဒီအခါကျတော့ အတော်ဆုံးဖြစ်သွားတဲ့အတွက် ကိုယ့်ကို ငှားပီး ပန်းချီဆွဲခိုင်းတဲ့လူတွေရှိလာမယ်။ သင်တန်းသင်ပေးရတဲ့လူတွေရှိလာမယ်။ အိမ်တိုင်ရာရောက် အထူးသင်တန်းတွေရှိလာမယ်။ မြို့တွေ နိုင်ငံတွေ တစ်ခုပီးတစ်ခု ခရီးသွားရင်း ပန်းချီဆွဲတာတွေရှိလာမယ်။ ဒါက အစပါ။ ဘာလို့အစလို့ပြောရတာလဲ အတော်ဆုံး ပန်းချီဆရာဖြစ်နေပီပဲလို့ မေးစရာရှိလာပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ အတော်ဆုံးပန်းချီဆရာမဖြစ်ခင် စစချင်း စက္ကူအဖြူပေါ်မှာ ခဲတံနဲ့ စပီး ပုံဆွဲလေ့ကျင့်ရပါတယ်။

 တစ်ဖြည်းဖြည်းနဲ့ နေ့စဉ် ပုံတစ်ပုံတည်းကိုပဲ ထပ်ကာထပ်ကာ လေ့ကျင့်ရေးဆွဲရပါတယ်။ အဲ့လိုနဲ့ နောက်ပိုင်း ဆေးရောင်ပါတဲ့ ပန်းချီကားတွေဖန်တီးရပါတယ်။ ဆေးရောင်ပါမှ ပန်းချီကားကလဲ ကြည့်လို့ ရသမြောက်မှာပါ ဆေးရောင်မပါပဲ ရသမြောက်တဲ့ ပန်းချီကားတွေလဲရှိပါတယ်။ ဟုတ်ပီ ကျွန်တော်တို့ ဒီလိုနဲ့ ဆက်ကာ ဆက်ကာလေ့ကျင့်ရင်းနဲ့ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်း မိမိရဲ့ လက်ရာဘယ်လောက်အခြေအနေရောက်ပီလဲ ပြန်ပီး သုံးသပ်ကြတယ်။ ပီးရင် လိုအပ်တဲ့နေရာတွေကို ကြိုးစားပီး ကောင်းမွန်အောင်လေ့ကျင့်ရပါတယ်။ ဒီလိုနဲ့ လေ့ကျင့်ရင်းနဲ့ ဆရာတွေရဲက သွန်သင်မှုကိုလဲ အဆက်မပြတ်နားထောင် လေ့ကျင့်ရပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာမှ ပန်းချီကားကောင်းတစ်ချပ်ဆွဲတတ်လာမယ်။ အတော်ဆုံး ပန်းချီဆရာဖြစ်လာပါမယ်။ ဟုတ်ပီ အတော်ဆုံးပန်းချီဆရာဖြစ်လာပီဆိုရင် ခုနကပြောသလို အစပဲရှိသေးတယ်ဆိုတာက ပန်းချီပညာက တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ 

ယနေ့ခေတ်မှာ နည်းပညာတွေလဲ တိုးတက်နေတဲ့ခေတ်ဖြစ်တာကြောင့် ပန်းချီပညာမှာလဲ အများကြီး တိုးတက်ပြောင်းလဲ နေပါတယ်။ အဲ့လိုတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာသစ်တွေကို လေ့လာဖို့က အတော်ဆုံးပန်းချီပညာမရှိလဲလေ့လာလို့ရပါတယ်။ ဒါပေမဲ့ နည်းလမ်းတစ်ခုကိုတောင် ကောင်းမွန်စွာနားမလည်ပဲနဲ့ နောက်နည်းလမ်းတစ်ခုကို လေ့လာဖို့ဆိုတာ ကတော့ မကောင်းဘူးလို့ထင်ပါတယ်။ တစ်ခုကို သေချာနားလည်ပီးမှ နောက်တစ်ကို ဆက်လေ့လာတာဖြစ်ဖြစ် ဒီတစ်ခုကိုပဲ ပိုကောင်းမွန်အောင်ဖန်တီးတာဖြစ်ဖြစ် အဲ့ဒါက ပိုသင့်တော်ပါတယ်။ ခု မိမိဆွဲတတ်တဲ့ပညာက ရေဆေးလား ဆီဆေးလား 3d ပန်းချီကားလား ခဲပန်းချီလား စသဖြင့် နည်းလမ်းတွေအများကြီးထဲကမှ တစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ်ပညာတွေကိုလေ့လာပီး မိမိ တတ်ကျွမ်းတဲ့ နည်းပညာနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပိုပီး လှပ ပြောင်မြောက်တဲ့ လက်ရာကို ရရှိမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင်တော့ မိမိတို့ရဲ့ ပန်းတိုင် ရည်မှန်းချက်ကို ရောက်တာက နောက်ထပ် စိန်ခေါ်မှုတွေကို လေ့လာရင်ဆိုင်ဆို့ ပထမခြေလှမ်းလို့ထင်မိပါတယ်။ 

မိတ်ဆွေတို့ရောဘယ်လိုမြင်မိပါသလဲဗျ

written by caesarsupaimin

MSC-025

photo by google search

Sort:  

ငရုတ်သီးစားပီး ရည်မှန်းချက်ကြီးကြီးထားပါတယ်

အွမ် နောက်ပီအကိုကတော့ နောက်ထပ်အသီးတွေ ထပ်ရေးအုံးမယ် အားပေးပါအုံး :)

အားပေးလျှက်ပါဗျာ

ဟုတ်ကဲ့

ကျ​နော်​လည်း ဖြစ်​ချင်​တာ​တွေအရမ်းများ​တော့ ရည်​မှန်းချက်​ ကေ၀၀ါးသွားတယ်​။ ဒီpost ကိုဖတ်​ပြီးဆင်​ခြင်​မိပါတယ်​။

ဟုတ်ကဲ့

Thank you for post

ဟုတ်ဟုတ်

ရည်မှန်းချက်ရှိမှအောင်မြင်မှာ Good

ဟုတ်ပါတယ်ဗျာ
ဖြစ်ချင်တာတွေများတော့
ဘာမှမဖြစ်လာပြန်ဘူး
တစ်မျိုးတည်းကိုသာ
အခြေခံကနေ စိတ်ရှည်လက်ရှည်နဲ့တစ်ဆင့်ခြင်းသွားရင်
ထူးချွန်သူတစ်ဦးဖြစ်လာမှာတော့ သေချာတယ်
ကျွန်တော်က သိပ်ပြီးစိတ်မရှည်တော့ မထူးချွန်ဘူး
အင်း စိတ်ရှည်အောင် ဘုန်းကြီးအရင်ဝတ်ပြီး တရားထိုင်မှဖြစ်တော့မယ်😁

ဘုန်းကြီး ဝတ်ဖို့မလိုပါဘူးဘဒိုရယ် မနက်ခင်း ၁၅ မိနစ်လောက် တရားထိုင်လိုက် နေ့စဉ်ဆို စိတ်တည်ငြိမ်လာမယ် ပီးရင် စိတ်ကြည်လင်လာမယ် အဲ့ဒီအခါ အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ ကိုယ်စိတ်ဝင်စားတဲ့အရာတွေများနေရင်တောင် ကျွန်တော်တော့ တရားမထိုင်ဘူး ဟိဟိ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62829.19
ETH 3026.36
USDT 1.00
SBD 3.61