To the Yangon

မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မဟာရန်ကုန်မြို့ကြီးကို ခေတ္တခန ရောက်ရှိခဲ့ပါတယ်ဗျ။ ကျွန်တော်အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းကနေ လုပ်ငန်းလိုအပ်ချက်အရ နည်းပညာအသစ်များကို လေ့လာသင်ယူဖို့အတွက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့ကြီးကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများတဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ မနက်မနက်ဆိုရင်လည်း အလုပ်ကိုယ်စီသွားဖို့အတွက် မိမိနေအိမ်ကနေ မနက်စောစောထွက်လာခဲ့ကြပီး အလုပ်သွားတဲ့လမ်းမှာပဲ မနက်စာကို ဆိုင်တစ်ဆိုင်မှာ ဝင်စားကြပါတယ်။ ပီးရင်တော့ အလုပ်တန်းသွားကြပါတယ်။ အဲ့လိုသွားဖို့အတွက် သက်ဆိုင်ရာ bus ကားများကို စောင့်ပီးစီးကြရပါတယ်။ Bus ကားတွေကလည်း အများကြီးမို့ သွားလာရတာအဆင်ပြေကြပါတယ်။ ယခုဆိုရင် Bus ကားခမှာ ၂၀၀ကျပ်ဖြစ်ပါတယ်။ အလုပ်သမားတွေအတွက် သွားလာရတာ ကုန်ကျစရိတ် သက်သာပါတယ်။
ရာသီဥတုအနေနဲ့ကတော့ နွေရာသီဖြစ်လို့ ပူအိုက်တဲ့ရာသီဥတုအခြေအနေရှိပါတယ်။ ပူအိုက်နေပေမဲ့လည်း လုပ်ငန်းကိုယ်စီလုပ်ကိုင်နေကြသူများဖြစ်တဲ့အတွက် ရာသီဥတုကို အကာအကွယ်ဖြစ်စေဖို့ ထီးကိုယ်စီနဲ့ သွားလာကြပါတယ်။ မိုးရွာရွာ နေပူပူ ထီးကလေးတစ်လက်နဲ့ အဆင်ပြေကြပါတယ်။
Writer caesarsupaimin
MSC-025
This post has received a 0.13 % upvote from @drotto thanks to: @caesarsupaimin.