Thin Gyan
သင်္ကြန်ရောက်ပါတော့မယ်ဗျ အားလုံးလည်းသင်္ကြန်အချိန်အခါကို စောင့်မျှော်နေလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့မြန်မာလူမျိုးများရဲ့ နှစ်သစ်ကူးအချိန်မဟုတ်ပါလားဗျာ။ နှစ်သစ်ကူးအချိန်ဖြစ်တဲ့အတွက် အစိုးရရုံးပိတ်ရက် ၅ ရက်ရှိပါတယ်ဗျ။ အဲ့ဒီရုံးပိတ်ရက် ၅ ရက်ကိုလည်း လူတိုင်းလူတိုင်း အစီအစဉ်တွေကိုယ်စီကိုယ်စီ ရှိပြီးကြသလို ဘာအစီအစဉ်မှ မဆွဲထားရသေးသူများလည်းရှိကြအုံးမှာပါဗျ။
သင်္ကြန်အချိန်အခါမှာ မြန်မာလူမျိုးများရဲ့ နှစ်သစ်ကူးပွဲတော် ရေကစားပက်ဖြန်းခြင်းဖြင့် နှစ်ဟောင်းမှ အညစ်အကြေးများကိုဖယ်ရှားသန့်စင်ပီး နှစ်သစ်ကို သန့်ရှင်းဖြူစင်သောစိတ်များဖြင့် လျှောက်လှမ်းနိုင်ဖို့ရည်ရွယ်တယ်လို့ ထင်မိပါတယ်ဗျ။(ကျွန်တော့တစ်ဦးတည်းထင်မြင်ချက်ဖြစ်ပါသည်)
အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် ပထမဦးစွာလူအများပြုလုပ်ဖြစ်ကြသည်မှာ ဘုန်းကြီးဝတ်ခြင်း သို့မဟုတ် မိဘများကို ကန်တော့ခြင်းများဖြစ်ကြပါလိမ့်မည်။ အဲ့ဒီလိုတွေကမှ သူငယ်ချင်းများနှင့် အတူမော်တော်ကားငှါးပီး လျှောက်လည်ဖို့စီစဉ်တာတွေ၊ သင်္ကြန်မန္တပ်ထိုင်ပီးရေကစားဖို့စီစဉ်တာတွေ၊ အခြားနယ်မြို့များသို့ အလည်အပတ်သွားရောက်ဖို့စီစဉ်တာတွေ၊ နယ်မြို့မှာရှိတဲ့ သူငယ်ချင်းထံသွားရောက်လည်ပတ်ဖို့ပြင်ဆင်တာတွေ၊ အချို့ကျတောထမင်းဘူးများရောင်းဖို့ ပြင်ဆင်သူများ၊မိမိတို့၏ ရပ်ရွာသို့ ပြန်ကြပီး မိသားစုနဲ့အတူ အားလပ်ရက်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်းနှစ်သစ်ကူးကြတာတွေ စတဲ့စတဲ့ အစီအစဉ်များနဲ့ အလုပ်ရှုပ်နေကြမှာ အမှန်ပင်ဖြစ်ပါသည်။
မန္တလေးမြို့ကြီးရဲ့ ကျုံးဘေးမှာတော့ မြို့တော်ဝန်မန္တပ်အနေနဲ့စတင်ပြင်ဆင်နေပြီဖြစ်ပေမဲ့ အခြားသော မန္တပ်များအတွက် ပြင်ဆင်ဖို့ အဆင်မပြေကြသေးပါ။ ဘာလို့လည်းဆိုတော့ ကျုံးကြီးရဲ့ လက်ရန်းအကာများ အသစ်ပြောင်းလဲ တပ်ဆင်မှုများ မပြီးစီးသေးသောကြောင့်ဖြစ်ပါတယ်။ စည်ပင်သာယာမှ တာဝန်ရှိသူများလည်း လူအင်အား အများအပြားနဲ့ အင်တိုက်အားတိုက် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်နေကြပါတယ်။ သင်္ကြန်မိုးပွားကလေးများကလည်း ရံဖန်ရံခါ ပိတောက်ပန်းပင်များကို ပက်ဖျန်းလျက်ရှိနေပါတယ်။ ရာသီဥတုအနေနဲ့ကတော့ တစ်နေ့လုံးရဲ့ ၈၀%ခန့်မိုးအုံ့နေပီ ကျန်၂၀%ခန့် နေသာပါတယ်။
အင်္ကြန်နှစ်သစ်ကူးရက်များပီးဆုံးလို့ နှစ်ဆန်း၁ရက်နေ့ရောက်လာရင်တော့ မြန်မာလူမျိုးများအားလုံး မနက်စောစော ဘုရားသို့သွားကာ နှစ်သစ်ဆုမွန်ကောင်းများတောင်းရင်း ဘုရားဝေယာဝစ္စများ ပြုလုပ်ကာ ကုသိုလ်ကောင်းမှုပြုသူများကို ဘုရားရင်ပြင်တော်အပြည့် တွေ့ရမှာ အမှန်ပင်ဖြစ်ပါသည်။
သင်္ကြန်ကာလအတွင်းမြို့ကြီးပြကြီးမှာ သင်္ကြန်မန္တပ်ကြီးများ လည်ပတ်စရာကားများစုံလင်အောင်ရှိနေပေမဲ့ ကျေးရွာနေ နှစ်သစ်ကူသူများအဖို့တော့ စဥ့်အိုးနှင့် နွားလှည်းသာ စည်ကားပါလိမ့်မည်။ သို့ပေမဲ့လည်း သူတို့အရပ် သူတို့ဓလေ့မို့ ပျော်ရွှင်စွာနှင့် နှစ်သစ်ကူးကြမည့်ပုံရိပ်များကို မြင်ယောင်နေမိပါသည်။ ပိတောက်ပန်းများကတော့ သင်္ကြန်ရဲ့ သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။ ပိတောက်ပန်းများပွင့်လန်းပီး နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ရန်အတွက် နွေရာသီအတွင်းမှာ အနည်းဆုံး တစ်ကြိမ်ခန့် မိုးရွာသွန်းပါတယ်။
ကျွန်တော့အနေနှင့်တော့ သင်္ကြန်အတွက် ထွေထွေထူးထူး ပြင်ဆင်ထားသည်မရှိပါ။ သို့ပေမဲ့ အဲ့ဒီအချိန်မှာ အစားအသောက်များ ဈေးကြီးသည်ကိုတော့ သိထားမိပါသည်။ အဲ့ဒါကြောင့် သင်္ကြန်ရောပ်ကာနီး ကြိုတင်စုဆောင်းဝယ်ယူထားရင်ပိုကောက်းမယ်ထင်ပါတယ်ဗျာ။ စားသောက်ကုန်များ ၂ဆ သို့မဟုတ် ၃ဆ တက်ချိန်လည်းဖြစ်ပါတယ်။ မိတ်ဆွေများကိုလည်းအကြံပြုချင်တာက မိမိကြိုက်နှစ်သက်သော အစားအစာများကို ကြိုတင်ဝယ်ယူ သိမ်းဆည်းထားစေချင်ပါတယ်။ သင်္ကြန်ကာလအတွင်း မိမိလိုချင်သော ကုန်ပစ္စည်းများ အစားအစာများ ဝယ်ယူသည့်အခါ မခက်ခဲအောင်ပါ။
သင်္ကြန်နှစ်သစ်ကူးရက်များထဲမှ နောက်ဆုံးရက်မှာတော့ တစ်နေ့လုံး လည်ပတ်ကာ ရေပက်ခံထွက်ထားသူများသည် ညပိုင်းတွင်မန္တလေး ကျုံးကြီးရဲ့ဘေးမှာမိမိတို့ရဲ့ လည်ပတ်ရေးမော်တော်ယာဉ်များကိုရပ်နားကြပီး နှစ်သစ်ကူးချိန်ကိုစောင့်ကြပါတယ်။ နှစ်သစ်ကူးချိန်ကို စောင့်ပီး "နှစ်သစ်မှာပျော်ရွှင်ပါစေ"ဆိုတဲ့ ဆုမွန်ကောင်းတောင်းစကားကို အားလုံး တစ်ပြိုင်နက် ဆုမွန်ကောင်းတောင်းကြပါတယ်။ပီးမှသာ မိမိတို့နေအိမ်ကိုပြန်ကြပါတယ်။ တစ်ချို့ကျတော့မပြန်ကြပဲ ကျုံးဘေးမှာပဲအိပ်ကြပါတယ်။ မနက်မှပြန်ကြသူများလည်းရှိပါတယ်။
သင်္ကြန်အချိန်တွင်း အားလုံး သူသူငါငါပျော်ပျော်ပါးပါး ဆင်နွဲကြပေမဲ့ ပွဲတော်ကြီး ပြီးဆုံးသွားချိန်မှာတော့ လမ်းမထက်မှာ အမှိုက်သရိုက်များ များစွာ ပြန်ကြဲနေသည်ကို မြင်တွေရကြမှာ ဖြစ်ပါတယ်ဗျ။ ဒါကတော့ နှစ်စဉ်နေ့တိုင်းဖြစ်နေကျပါပဲ။အားလုံးလည်း နှစ်သစ်ကူးမဲ့ အစီအစဉ်ကိုယ်စီနဲ့ ပျော်ရွှင်ကြပါစေဗျ။
Writer caesarsupaimin
MSC-025
Photo from google search
Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thank you
သင်္ကြန်ရောက်ရင် ကဲပြီဗျို့ ကိုစော
ကဲ့ပါဗျ