မိမိဆုံးဖြတ်ချက်ကိုယုံကြည်ပါ

in #myanmar9 years ago

ခေတ်လူငယ်တွေကြားရေပန်းစားနေတဲ့အရာတွေအများကြီးရှိပါတယ်။ 

လူငယ်တွေအတွက် အတွေ့အကြုံသစ်တွေ အတတ်ပညာသစ်တွေနဲ့ ပျော်စရာကောင်းနေတာပေါ့။ နည်းပညာဘက်ကပဲပြောမလား အတွေးအခေါ်ပိုင်းကပဲပြောမလား အတွေ့အကြုံပိုင်းကပဲပြောမလား သင်ကြားလေ့လာရေးဘက်ကပဲပြောမလား အားလုံးကို အဆင်ပြေပြေနဲ့ ယူတတ်ရင် ယူတတ်သလို ရတဲ့ခေတ်ကာလမှာ လူဖြစ်လာကြတာ အင်မတန်ကံကောင်းပါတယ်။ 

ကျွန်တော်တို့လို 90  91 born တွေအနေနဲ့ပြောရရင်တော့ ခေတ်ကြီးတိုးတက်မှုကိုရှေ့မှီနောက်မှီပေါ့ဗျာ ကျွန်တော်တုန်းကဆို ကလေးတွေဆော့ဖို့အတွက် အရုပ်သေးသေးလေးတွေဝယ်ဆော့တယ်။ သားရေကွင်းပစ်တမ်းဆော့တယ်။ ထုတ်စီးတိုးတယ်။ ကြိုးခုန်တယ်။ ဇယ်ကောက်တယ်။ ပြေးတမ်းလိုက်တမ်းကစားတယ်။ ကျောက်ရုပ်ကျောက်ပျက်ကစားတယ်။ စွန်လွတ်တယ်။ သေနတ်ပြစ်တိုင်းကစားတယ်။ တူတူပုန်းတမ်းကစားတယ်။ ဂေါ်လီလိမ့်တယ်။ ကဒ်ထူးစက္ကူမှာ ပါဝါရိန်းဂျားအရုပ်တွေပါတဲ့ပုံတွေဝယ်တယ်။ ပုဇင်းတွေလိုက်ဖမ်းတယ်။ လိပ်ပြာတွေလိုက်ဖမ်းတယ်။ ငှက်တွေဂွနဲ့ပြစ်တယ် ဟီး။ အဲ့လိုတွေနဲ့ မရိုးတမ်းဆော့ခဲ့ကြရပါတယ် အများစုက။ ခုခေတ်လူငယ်တွေအတွက်ကတော့ ငယ်ငယ်လေးကတည်းက ကွန်ပျူတာဆိုတာနဲ့ ရင်းရင်းနှီးနှီးနေလို့ရတယ်။ အင်တာနက်ဆိုရင်လဲ အလွယ်တကူကြည့်လို့ရတယ်။ ပါဝါရိန်းဂျားဇာတ်ကားလား ကာတွန်းဇာတ်ကားလား စစ်ကားလား ကိုရီးယားဇာတ်လမ်းလား တရုတ် စသဖြင့် အကုန်အလွယ်တကူ ရနိုင်တယ်။ ပညာသင်အုံးမလား အင်တာနက်ကနေ အလွယ်တကူ လေ့လာလို့ရတယ်။ သင်ခန်းစာတွေလဲအများကြီးလေ့လာလို့ရတယ်။ အရောင်းအဝယ်ကိုဆိုင်မရှိတောင်မှ အင်တာနက်မှာရောင်းလို့ရတယ်။ ခုတော့ ဥပဒေထုတ်ထားပါတယ် စည်ပင်လိုင်စင်လိုပီးပေါ့။ အဲ့ဒါကတစ်ပိုင်းပါ။ တိုးတက်နေတဲ့ခေတ်မှာလူငယ်တွေဖုန်းကိုယ်စီကိုင်နိုင်နေပီ။ တစ်ချို့ဆို ဖုန်းနံပါတ် ၂ ခု ၃ ခုရှိတယ်။ အင်တာနက် facebook တွေလူတိုင်းသုံးနိုင်တယ်။ ကျောင်းသူကျောင်းသားတွေ ဖုန်းတွေနဲ့ သီချင်းတွေနားထောင်တယ် ဇာတ်ကားတွေကြည့်တယ် ဖုန်းနဲ့။ ကျွန်တော်တို့ခေတ်ကတော့ MP3 MP4 ကဂိတ်ဆုံးပဲ။

 ခေတ်ရေစီးကြောင်းနဲ့အတူတူ လူငယ်တွေလဲသူတို့ စိတ်ဝင်စားရာ အားသန်ရာတွေ လုပ်လို့ရတယ်ဆိုတော့ လူငယ်တွေပိုပျော်ကြတာပေါ့။ အဲ့ထဲက ဆံပင်အရောင်ဆိုးတာလေးကို နဲနဲပြောချင်ပါတယ်။ ဆံပင်အရောင်ဘာလို့ဆိုးကြလဲ။ အဲ့ဒါကတော့ သူတို့ မြင်တွေ့နေတဲ့အရာတွေထဲကမှ သူတို့ ကြိုက်နှစ်သက်လို့ လိုက်လုပ်တာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူသလို ဆံပင်ပုံစံ ဆံသား စတာတွေကမတူကြပါဘူး။ ဆေးဆိုးရင် အရောင်ကောင်းကောင်းရတဲ့သူရှိသလို ဆိုးတာတစ်ရောင် ထွက်လာတာတစ်ရောင်ဖြစ်တာတွေလဲရှိပါတယ်။ ဆံပင်ဆေးဆိုးခြင်းကို ရုံးတစ်ချို့မှာ ကန့်သက်ထားပါတယ်။ လုပ်ငန်းမှာ ဆံပင်အရောင်က ဒီလုပ်ငန်းအတွက် တခြားသူတွေအမြင်ကို ပြောင်းလဲစေနိုင်လို့ပါ။ တည်တည်ကြည်ကြည်နဲ့ မြန်မာနိုင်ငံသားများအတွက် မွေးကတည်းကပါလာတဲ့ အနက်ရောင်ကပဲ သင့်တော်ပါတယ်။ ဆံပင်ပုံစံတွေလဲ အမျိုးမျိုး ညှပ်ကြပါတယ်။ လိုက်ဖက်တဲ့လူရှိသလို မလိုက်ဖက်တဲ့လူလဲရှိတာပေါ့ဗျာ။ တစ်ချို့က သူတို့ လုပ်လိုက်တဲ့ပြောင်းလဲမှုအပေါ် အားရကျေနပ်ကြတယ်။ တစ်ချို့ကကျတော့ သူတို့ကိုယ်တိုင်မဆုံးဖြတ်ပဲ တခြား မိမိ မိသားစုဝင်တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်း ချစ်သူ စတာတွေရဲ့ အတွေးအမြင်တွေကို မေးပီး သူတို့ပြောသလိုလုပ်တာတွေလဲရှိပါတယ်။ 

ဒါက ကျွန်တော်မြင်မိတာလေးပြောပြတာပါ။ ဥပမာလေးပေါ့။ ကျွန်တော်ပြောပြချင်တာက ကိုယ်စိတ်ဝင်စားတယ် ကိုယ်ကြိုက်တယ် အဲ့ဒါကြောင့် ဒီလုပ်ငန်း ဒီကိစ္စ ဒီလုပ်ဆောင်ချက်ကို လုပ်ပီးရင် မိမိ စိတ်ကြိုက်အတိုင်းပဲနေစေချင်ပါတယ်။ မိမိ ကိုယ်ကိုယ်ပဲ အမြဲထိတွေ့မြင်နေရမှာ မိမိ ကျေနပ်စိတ်ချမ်းသာဖို့အရေးကြီးပါတယ်။ နောက်ပီး တစ်ခြားသူကိုလဲ မိမိ ကြိုက်တဲ့ပုံစံ သွားပြောနေတာမဟုတ်ဘူး မိမိကိုယ်ကိုယ်ပဲ စိတ်ကြိုက်နေတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို စိတ်ကြိုက် ပြောင်းလဲပါ စိတ်ကြိုက် သင်ယူပါ စိတ်ကြိုက် လေ့လာပါ စိတ်ကြိုက်နေထိုင်ပါ။ အဲ့ဒါဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုပိုရှိလာပါမယ်။ မိမိဆုံးဖြတ်ချက်ကိုမိမိစိတ်ချသွားပါမယ်။


လူအများစုက သူတို့လုပ်တာဟုတ်ပါ့မလား မှန်ပါ့မလား ကောင်းပါ့မလားဆိုပီး စိုးရိမ်စိတ်တွေများနေကြပါတယ်။ အဲ့ဒီစိတ်ကိုဖျောက်ပေးကြပါ။ မိမိဆုံးဖြတ်ချက်နဲ့နေကြပါလို့ပြောချင်ပါတယ်။


by caesarsupaimin

MSC-025

photo by google search


Sort:  

တော်ပါတယ် bro လေးစားအားကျမိပါတယ်

ဟုတ်ကဲ့

good bro,thank for share.

ကျေးဇူးပါ

Believe yourself

nice post bro

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.103
BTC 63437.66
ETH 1881.67
USDT 1.00
SBD 0.37