မိမိနှင့် သင့်တော်ရာ
image source link https://www.mkd.mk/poezija/posledniot-biser-sanja-atanasovska?page=56
Post about "oyster's shell and pearl" story
နက်ရှိုင်းလှတဲ့ ပင်လယ် ရေပြင်ကြမ်းပြင်အောက်မှာတော့ ပြာလဲ့လဲ့အရောင်ရှိတဲ့ ပင်လယ်ရေလှိုင်းလေးတွေ လွန့်မြူးနေပါတယ်။ ပင်လယ်ရေအောက်ကြမ်းပြင်မှာရှိတဲ့ သန္တာကျောက်တမ်းတွေမှာ တွယ်ကပ် ပေါက်ဖွားနေတဲ့ ချစ်စဖွယ် ပင်လယ်ရေမှော်ပင်လေးများကိုလည်း ပုံစံမတူပဲ ကွဲပြားစွာ အရောင်အသွေးစုံလင်စွာတွေ့မြင်ရပါတယ်။ ပင်လယ်ကမ်းခြေမှာလည်း ဖြူဖွေးလှတဲ့ သဲသောင်ပြင်ကြီးနဲ့အတူ ကမ်းခြေ တစ်လျှောက်မှာ ပေါက်ရောက်နေတဲ့ အုန်းပင် တွေလည်း များစွာရှိပါတယ်။ စင်ရော်ငှက်လေးများလည်း ပျံသန်းနေတာကိုတွေ့ရပါတယ်။ ပင်လယ်ရေပြင်မှာတော့ သန္တာကျောက်တန်းနဲ့ ရေမှော်ပင်လေးတွေ ငါးလေးတွေကို မြင်တွေ့နိုင်သလို ပင်လယ်ကမ်းခြေမှာလည်း သဲသောင်ပြင်တွေ အုန်းပင်တွေနဲ့ ဇင်ယော်ငှက်ကလေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ပင်လယ်ရေပြင်အောင်မှာတော့ တန်ဖိုးရှိလှတဲ့ ပုလဲလုံးလေးတွေကို ပင်လယ် ကမာကောင်လေးများစီကနေမှ ရယူနိုင်ပါတယ်။ တစ်ချို့သော ပုလဲလုံးများဆိုရင် တိုင်းပြည်တစ်ခုစာလောက် တန်ဖိုး မြင့်မားတာလည်းရှိပါတယ်။ ရေအောင်သယံဇာတအနေနဲ့ ပုလဲကတော့ ပထမဆုံး နေရာမှာရှိပါတယ်။ ဘာလို့လည်းဆိုတော့ ပုလဲ တစ်လုံးရဖို့အတွက် အချိန်ကာလတစ်ခုထိ ကမာကောင်လေးတွေကနေမှ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ အဲ့လို ကမာကောင်လေးတွေရဲ့အရေးပါပုံနဲ့အတူ ကမာကောင်လေးတွေပုံပြင်ကို ပြောပြချင်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းကဆိုရင် ပင်လယ်ပြင်မှာ ကမာ ကောင်လေးတွေအများကြီး ရှိပါတယ်။ သူတို့ ထဲမှာလည်း ကမာ ဘုရင်ကြီးရှိပါတယ်။ ဘုရင်ကြီးရဲ့ ပုလဲလုံးကြီးဟာဆိုရင်တော့ ပင်လယ်ပြင်ကြီးတစ်ခုလုံးကို အာဏာသက်ရောက်ပါတယ်။ ဘုရင်ကြီးကို လေးစားကြတဲ့ ကမာ ပြည်သူပြည်သားတွေ များစွာရှိသလို ဘုရင်ကြီးရဲ့ ပုလဲလုံးကြီးကို လိုချင်သူတွေလည်း များစွာရှိပါတယ်။ မသမာသူတွေပေါ့ဗျာ။ တစ်နည်းအားဖြင့် ပြောရရင် ကမာဘုရင်ကြီးပိုင်ဆိုင်ထားတဲ့ ပုလဲလုံးကြီးက အင်မတန်မှ ကြီးတာကြောင့် တန်ဖိုးလည်း အရမ်းကြီးမားသလို သြဇာ အာဏာလည်း အရမ်းကြီးမားပါတယ်။ သာမာန် ပြည်သူပြည်သားတွေထက်လည်း အရွယ်အစား အင်မတန်ကြီးမားပါတယ်။
ကမာဘုရင်ကြီးမှာ သား ၃ ယောက် နဲ့ သမီး ၃ယောက်ရှိပါတယ်။ သားတွေကတော့ အကြီးတွေဖြစ်သလို သမီးတွေကတော့ အငယ်တွေဖြစ်ပါတယ်။ သားသမီးတွေကလည်း ချစ်ချစ်ခင်ခင် နေထိုင်ကြပါတယ်။ ဘုရင်ကြီးအနားမှာ အမြဲခစားနေတဲ့ ပညာရှိ ကမာကောင်ရှိပါတယ်။ နောက်ပီး ကမာစစ်သူကြီးလည်းရှိပါတယ်။ ဘုရင်ကြီးရဲ့ ပုလဲလုံးကြီးကို မျက်စိကျ လောဘကြီးနေသူကတော့ ကမာ ပညာရှိ ကြီးပဲဖြစ်ပါတယ်။ ဘုရင်ကြီး ပိုင်ဆိုင်တဲ့ ပုလဲလုံးကြီးဟာဆိုရင် အင်မတန်လှပပီး တန်ဖိုးကြီးမားတာကြောင့်လည်း သူမျက်စိကျလိုချင်တပ်မတ်စိတ်တွေဖြစ်ခဲ့ပါတယ်။ တစ်နေ့ သူပိုင်ရမယ်၊ တစ်နေ့ သူ ပင်လယ်ပြင်ကို အုပ်ချုပ်ရမယ်ဆိုပီး ကြုံးဝါးနေခဲ့ပါတယ်။
ဘုရင်ကြီး ရဲ့ အသက် ၂၀၀ နှစ်ပြည့်တဲ့ အချိန်ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီပွဲမှာဆိုရင် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပီး သီဆိုကခုန်ကြပါတယ်။ ပွဲတော်ကျင်းပတဲ့ အချိန်ဖြစ်တာကြောင့် လုံခြုံရေးကို တိုးမြင့်ချထားပါတယ်။ ကမာစစ်သူကြီးကလည်း အမြဲတမ်း လှည့်လည် စောင့်ကြည့်နေပါတယ်။ ကမာ စစ်သည်တော်တွေကိုလည်း အလှည့်ကျ တာဝန်ထမ်းဆောင်စေပါတယ်။ ကမာ စစ်သူကြီး သတိမထား မသိလိုက်မိတာကတော့ ကမာ ပညာရှိကြီးမှာ ကိုယ်ပိုင် စစ်တပ်ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။ အဲ့ဒီ ပွဲတော် ကျင်းပချိန်မှာ ကမာပညာရှိက သူ့ရဲ့စစ်တပ်ကို သူ့အနားမှာ ရှိစေခဲ့ပါတယ်။ ဘုရင်ကြီး ပွဲတော်ကျင်းပတဲ့အချိန်လည်းဖြစ်၊ လုံခြုံရေး လျှော့နည်းတဲ့အချိန်လည်း ဖြစ်တဲ့အခါကျရင် သူ့ရဲ့လူတွေနဲ့ ဘုရင်ကြီးကို တိုက်ခိုက်ဖို့ဖြစ်ပါတယ်။
ပွဲတော်ကျင်းပနေတုန်းမှာပဲ ပွဲတော်အချိန်ရဲ့ ၃ ပုံ ၂ ပုံကိုရောက်တဲ့အခါမှာတော့ စစ်သည်တော်တွေလည်း သောက်စားကြရင်း ကခုန်ကြရင်း မောပန်းနေကြတဲ့အချိန်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်စစ်သည်တွေနဲ့ ဘုရင်ကြီးကို တိုက်ခိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာဆိုရင်တော့ ဘုရင်ကြီးရဲ့ စစ်သူကြီးအနားမှာမရှိတဲ့ အတွက် ဘုရင်ကြီးကို လွယ်လွယ်ကူကူထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ တိုင်းသူပြည်သားတွေလည်း အရမ်းထိတ်လန့်ကုန်ပါတယ်။ သူ့ရဲ့ ပညာရှိ ကမာ ကောင် က သူ့ကို သစ္စာဖောက်တယ်ဆိုတာသိလိုက်ပီးတော့ သူ့စီကနေ ပုလဲလုံးကို ယူသွားခဲ့ပါတယ်။ ပုလဲလုံးကြီးက အင်မတန် ကြီးမားနေလို့ ခက်ခက်ခဲခဲထုတ်ယူခဲ့ရပါတယ်။ အဲ့နောက်မှာတော့ ကမာယုတ်မာ ပညာရှိကြီးက သူ့ရဲ့ ကိုယ်ပိုင် ပုလဲလုံးကို ဘုရင်ကြီးရဲ့ ပါးစပ်ထဲထည့်ပေးပီး ဘုရင်ကြီးရဲ့ ပုလဲကို သူ့ရဲ့ပါးစပ်ထဲကိုထည့်လိုက်ပါတယ်။ အဲ့လိုထည့်တဲ့အခါမှာ သူ့အနေနဲ့ ဘုရင်ကြီးရဲ့ ပုလဲလုံးကြီးက အင်မတန်မှကြီးမှားနေတဲ့အတွက် သူ့ပါးစပ်နဲ့မဆံ့ပဲ ဖြစ်နေပါတယ်။ သို့ပေမဲ့ ပြည်သူပြည်သားတွေကိုတော့ သူဟာ ပုလဲလုံးကြီးကိုပိုင်ဆိုင်သူဖြစ်တယ်ဆိုပီး မင်းလုပ် အုပ်ချုပ်ပါတယ်။
ဒါပေမဲ့ သူအဲ့လို အုပ်ချုပ်တာ ၃ ရက်အကြာမှာပဲ သူ့ရဲ့ ကမာ ခွံ ကွဲသွားပီး သေဆုံးသွားပါတော့တယ်။ ပုလဲကြီးလည်း ဘုရင်ကြီးစီကို ပြန်ရောက်သွားပီး တိုင်းပြည်ကို အေးအေးချမ်းချမ်း အုပ်ချုပ်ပါတော့တယ်။
ဒီဆောင်းပါးကတော့ သူတစ်ပါးပိုင်ဆိုင်တဲ့အရာဟာ ဘယ်လောက်ပဲတန်းဖိုးကြီးမားနေပါစေ မိမိနဲ့ မကိုက်ညီဘူးဆိုရင် လောဘမတက်ဖို့ပြောချင်ပါတယ်။ တစ်ခြား ရှုထောင့်ကလည်း ကြည့်လို့ရပါတယ်။ သူတစ်ပါး ရဲ့ ပစ္စည်းကို မတရားလိုချင်စိတ်ဖြစ်တယ်။ ကိုယ့်စီရောက်လာတော့လည်း ကိုယ်နဲ့ မကိုက်ညီ မသင့်တော်ဘူးဖြစ်တယ်။ အဲ့ဒါကို အတင်း ကိုက်ညီတောင် လုပ်ယူရင်းနဲ့ မိမိပဲ ပျက်စီးရပါတယ်။
Writer caesarsupaimin
MSC-025

You got a 25.00% upvote and resteem from @ebargains courtesy of @caesarsupaimin. Thank you for using the @ebargains UPVOTE and RESTEEM bot.
If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @ebargains by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount
You will earn 80% of the voting bot's earnings based on your delegated SP's prorated share of the bot's SP pool at the end of EACH voting round! That is up to 38.5% APR! You can also undelegate at anytime.
မှန်ပါတယ်ဗျာ
ရေးသားထားတာတွေက
ဟုတ်ကဲ့ကျေးဇူးပါဗျ
This post has received a 2.54 % upvote from @speedvoter thanks to: @caesarsupaimin.
thank you
This post has received a 5.26% upvote from @msp-bidbot thanks to: @caesarsupaimin. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.
thank you
You got a 3.27% upvote from @brupvoter courtesy of @caesarsupaimin!
thank you
Wow greate article!
Thanks for using the @postdoctor service!
thank
You got a 33.33% upvote from @bearwards courtesy of @caesarsupaimin!
thank you
Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thank you
You got a 25.03% upvote from @upyou thanks to @caesarsupaimin! Send at least 0.1SBD or 0.1STEEM to get upvote for next round.
You got a 12.66% upvote from @bodzila courtesy of @caesarsupaimin! Join our Discord Channel https://discord.me/SteemBulls for support & feedback