Marketing ဝန်ထမ်း

in #myanmar8 years ago

  Bank တစ်ခုရဲ့ Marketing ဝန်ထမ်းတစ်ယောက်ဆိုတာကတော့ ပြောရရင် ဘက်စုံထူးချွန်သူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ မိမိရဲ့ မိခင်ဘဏ်ကြီးရဲ့ ဝန်ဆောင်မှုတွေအားလုံးနီးပါးကိုသိရတယ်။ နောက်ပီး customer တွေကိုလည်း ဘဏ်ဝန်ဆောင်မှုတွေကို အသုံးပြုချင်လာအောင် ပြောရပါတယ်။ သူတို့ကတခြားလူတွေထက်ပိုပင်ပန်းကြပါတယ်။ ပိုလည်းတောင်ကြပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ bank marketing ဝန်ထမ်းတစ်ယောက်အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ 

  မနက် ၆နာရီမှာ သူအိပ်ယာထရပါတယ်။ ပီးရင် ဈေးထဲသွားပီး ဟင်းချက်ဖို့ရန်အတွက် သစ်သီးဝလံတွေ ဝယ်ယူရပါတယ်။ အသား၊ ငါးတွေလည်း အဆင်ပြေရင်ပြေသလို ကြည့်ပီး ဈေးဝယ်ရပါတယ်။ ဈေးဆစ်တာတွေ လည်းရှိပါတယ်။ ဈေးထဲကို လမ်းလျှောက်ပီး ဈေးတွေပတ်ဝယ်လို့ ပီးပီဆိုရင်တော့ အိမ်ကိုပြန်လာပီး ချက်ပြုတ်ဖို့ပြင်ဆင်ရပါတယ်။ ဟင်းသီးဟင်းရွက်တွေကိုပြင်ဆင် အသား၊ ငါးတွေကို ပြင်ဆင်ရပါတယ်။ ပီးရင် ချက်ပြုတ်ပါတယ်။ ထမင်းအိုးတည်တာ ဟင်းချက်တာနဲ့ ၁ နာရီလောက်ကအေးဆေးကုန်သွားပါတယ်။ အဲ့နောက်မှာတော့ ရေမိုးချိုးပီး အလုပ်သွားဖို့ ပြင်ဆင်ရပါတယ်။  အလှလည်းပြင်ရပါတယ်။ ပီးရင်တော့ ချက်ပြုတ်ထားတဲ့ ထမင်းနဲ့ ဟင်းတွေကို ထမင်းချိုင့်ထဲထည့်ပီး ရုံးကိုလာပါတယ်။

 ဆိုင်ကယ်နဲ့ရုံးသွားတာဖြစ်လို့ ဦးထုတ်ဆောင်းပီး စည်းကမ်းရှိရှိ အလုပ်ကို လာပါတယ်။ အလုပ်ရောက်တဲ့အခါမှာတော့ လေတိုက်လို့ ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်ကို ပြန်ပီး ပြင်ဖီးပါတယ်။ အလှပြင်ထားတဲ့ Make up တွေ အဆင်ပြေရဲ့လား မပြေဘူးလား ပြန်ကြည့်ပီး လိုအပ်တာတွေကို ပြန်လုပ်ရပါတယ်။ နှုတ်ခမ်းနီတွေ ပါးနီတွေပြန်လိမ်းရပါတယ်။ ပီးရင်တော့ Marketing ထွက်ဖို့အတွက် လမ်းကြောင်းတွေပြင်ဆင်ရပါတယ်။ မနေ့ကတည်းက ဖုန်းဆက်ပီး customer တွေကို ချိန်းဆိုထားတဲ့အချိန်မှာ ရောက်အောင်သွားနိုင်ဖို့ သွားမဲ့လမ်းတွေကို ချိန်ညှိပီး စဉ်းစားလုပ်ဆောင်ရပါတယ်။ ပီးရင်တော့ Marketing စထွက်ပါတော့တယ်။ စထွက်တဲ့အခါမှာလည်း ကားသမားကို ဖုန်းဆက်ခေါ်ရပါတယ်။ ကားရောက်လာတော့မှာ ပထမဆုံး နံပါတ်စီထားတဲ့ လမ်းကြောကို စသွားပါတယ်။

 Marketing သွားတဲ့အခါမှာ လုပ်ဆောင်ရတာတွေအများကြီးရှိပါတယ်။ Merchant အသစ်ကို မိမိတို့ ဘဏ်ရဲ့ ဝန်ဆောင်မှုတွေကို ရှင်းပြရတာ၊ အကောင့်ဖွင့်ထားတဲ့လူကို အကောင့်စာအုပ်ပြန်ပေးရတာ၊ deposit ငွေကောက်ပေးရတာတွေ၊ နောက်ပီး merchant အနေအထားလုပ်ငန်းအနေအထားကို အကဲခတ်ပီး ATM စက်ချထားဖို့ အကြံပေးရတာတွေ၊ စတဲ့ စတဲ့ လုပ်ငန်းဆောင်တာတွေအပြင် customer များရဲ့ Mobile banking ပြုလုပ်ခြင်းတွေကိုပါ တစ်ခါတစ်ရံ ပြုလုပ်ပေးရပါတယ်။ သူတို့ ဝန်ဆောင်မှုတွေ ကောင်းကောင်းပေးပီး တာဝန်ထမ်းဆောင်ရပါတယ်။

 ညနေပြန်လာရင်တော့ ဒီနေ့ သွားခဲ့တဲ့ လမ်းကြောင်းတွေကို အစီစဉ်တစ်ကျ ပြန်လည် မှတ်တမ်းတင်ရေးသားပီး HO ကို email ပို့ပီး reportတင်ပေးရပါတယ်။ ဒါကတော့ တစ်နေ့တာအလုပ်များဖြစ်ပါတယ်။ Marketing လမ်းကြောင်းမထွက်ပဲ ကျန်ရှိနေခဲ့သူကတော့ မနက်ဖြန်အတွက် လမ်းကြောင်းအသစ်တွေ သို့မဟုတ် ယနေ့ မပြီးပြတ်သေးသော လမ်းကြောင်းတွေကို စီစဉ် ချရေးထားရပါတယ်။ ဒီလိုနဲ့ တစ်နေ့တစ်နေ့ လည်ပတ်နေပီး အချိန်တွေကုန်ရင်း Marketing ဆင်းကြသော ဝန်ထမ်းများအကြောင်းကို အလုံးစုံအတိအကျမဟုတ်တောင် အကြမ်းဖျင်းရေးပြလိုက်ရပါတယ်ဗျ။  


writer caesarsupaimin

MSC -025

Sort:  

You got a 50.00% upvote and resteem from @singing.beauty courtesy of @caesarsupaimin. Thank you for using the @singing.beauty UPVOTE and RESTEEM bot.

If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @singing.beauty by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount

You will earn 80% of the voting bot's earnings based on your delegated SP's prorated share of the bot's SP pool at the end of EACH voting round! That is up to 38.5% APR! You can also undelegate at anytime.

@youtake pulls you up ! This vote was sent to you by @caesarsupaimin !

This post has received a 50.00 % upvote from @moneymatchgaming thanks to: @caesarsupaimin. Upvote this Post to Support the MMG Community on Steemit! :)

You got a 16.47% upvote from @upyou thanks to @caesarsupaimin! Send at least 0.1SBD or 0.1STEEM to get upvote for next round.

You got a 33.33% upvote from @hotbot courtesy of @caesarsupaimin!

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63398.51
ETH 1702.04
USDT 1.00
SBD 0.41