ရွှေလက်စွပ်ကြီး ၁
အထူးစုံထောက်ကြီးတစ်ယောက်ရှိပါတယ်။သူဟာသူ့ရဲ့ အလုပ်မှာအရမ်းတော်ပါတယ်။ လူဆိုးတွေကိုလည်း နောက်ဆုံးပေါ်နည်းပညာတွေသုံးပီး သူတို့ရဲ့နည်းပညာတွေကိုလေ့လာပီး ထောက်လှမ်းဖမ်းဆီးလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ လူဆိုကြီးတစ်ယောက်ဟာ ပေါ်ထွက်လာခဲ့ပါတယ်။နာမည်အကြီးဆုံး လူဆိုးဗိုလ်ကြီးဖြစ်ရမယ်ဆိုပီးတော့ကြွေးကြော်နေခဲ့ပါတယ်။
ဒီလိုနဲ့ အဲ့ဒီလူဆိုးကြီးက သူနေထိုင်တဲ့မြို့ကြီးမှာရှိတဲ့ ကမ္ဘာအကြီးဆုံး ရွှေလက်စွပ်ကြီးကို ခိုးယူဖို့ကြံပါတော့တယ်။ ရွှေလက်စွပ်ကြီးကို ခိုးယူဖို့အတွက် နေရာကိုသူကသိပီးသားဖြစ်ပါတယ်။ ဒါပေမဲ့လုံခြုံရေးတွေအထပ်ထပ်ချထားတဲ့အတွက် သူခိုးယူဖို့အဆင်မပြေဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ သူအကြံရသွားပါတယ်။ သူကိုယ်တိုင်ရုပ်ဖျက်ပီး လက်စွပ်ကြီးကိုခိုးဖို့ အတွက် ကြေငြာလိုက်ပါတယ်။ လက်စွပ်တည်နေရာကိုလည်း ပြောပြပီး ဘယ်နေ့ဘယ်ရက်မှာ အဲ့ဒီလက်စွပ်ကြီးကိုလာခိုးမယ်ဆိုတာကိုပါ ကြေငြာလိုက်ပါတယ်။
ပီးတော့မှ အဲ့ဒီလက်စွပ်ကြီးရှိနေတဲ့နေရာကို အချိန်ပြည့်စောင့်ကြည့်နေပါတော့တယ်။ အစိုးရအနေနဲ့လည်း အဲ့ဒီကြေငြာချက်ကိုသိပီးတော့ အရမ်းကို စိုးရိမ်တုန်လှုပ်ကုန်ကြပါတယ်။ ဘာလို့လည်းဆိုတော့ အရာရှိတော်တော်များများတောင်မသိတဲ့လက်စွပ်ကြီးရဲ့တည်နေရာကို အဲ့ဒီလူဆိုးကြီးကသိနေလို့ပါပဲ။ အဲ့ဒီအခါသူတို့တွေ အစည်းအဝေးထိုင်ပီး ဆွေးနွေးကြပါတော့တယ်။
ငါတို့တွေဒီလောက်လျှို့ဝှက်ထားတာကိုသူကသိနေတယ် ဘယ်လိုလုပ်ကြမလည်းဆိုပီးဆွေးနွေးကြတာပေါ့။ နောက်ဆုံးသူတို့တွေဆုံးဖြတ်လိုက်တာက ရွှေလက်စွပ်ကြီးကို နေရာပြောင်းမယ်ဆိုပီးဖြစ်ပါတယ်။ သူတို့တွေ အထူးစီမံထားတဲ့ လုံခြုံရေးကားကြီးတွေနဲ့လက်စွပ်ကြီးကိုတင်ပီး ထွက်ခွာလာခဲ့ကြပါတယ်။ အဲ့ဒါကို ကြိုတင်စောင့်နေတဲ့လူဆိုးကြီးက သူကြိုတင်ပြင်ဆင်ထားတဲ့ လူဆိုးအဖွဲ့တွေနဲ့ ဝင်ရောက်တိုက်ခိုက်ပီး လက်စွပ်ကြီးကိုဝင်လုပါတော့တယ်။
မသိသာအောင်လက်စွပ်ကြီးကိုနေရာပြောင်းတာဖြစ်လို့ လုံခြုံရေးကိုအများကြီးမပြင်ဆင်ထားကြပါဘူး။အဲ့ဒီလိုလုံခြုံရေးအားနည်းတဲ့အတွက် လူဆိုးတွေ ရွှေလက်စွပ်ကြီးကို ရရှိသွားပါတယ်။ အဲ့ဒီသတင်းဟာရက်ပိုင်းအတွင်းမှာပဲ နိုင်ငံကျော်သွားခဲ့ပါတယ်။ အဲ့ဒီကိစ္စကိုဖြည်ရှင်းဖို့အတွက် အတော်ဆုံးစုံထောက်ကြီးဆီကိုတာဝန်ရောက်လာပါတော့တယ်။စုံထောက်ကြီးကတော့ မပူမပင်တဲ့ပုံစံနဲ့ပဲ တာဝန်ထမ်းဆောင်ရန်ပြင်ဆင်ပါတော့တယ်။ ဖြစ်စဉ်အစအဆုံးပါဝင်သူတွေကို မေးမြန်းခြင်းတွေ စလုပ်ပါတယ်။သူလိုချင်တာတွေရတာရှိသလိုမရတာတွေလည်းရှိပါတယ်။
ဒါပေမဲ့ သူလိုက်ဖမ်းဖို့ လုံလောက်တဲ့ အထောက်အထားတွေမရသေးတဲ့အတွက် သူလိုက်ဖမ်းလို့မရသေးပါဘူး။ အဲ့ဒီအခါမှာတော့ စုံထောက်ကြီးကိုယ်တိုင်လူဆိုးလုပ်ပီး စုံစမ်းဖော်ထုတ်မယ်ဆိုပီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒီလိုနဲ့ သူ့ကိုထောင်ထဲထည့်ပေးဖို့ပြောပီးသူကိုယ်တိုင်ထောင်ထဲမှာအဖမ်းခံလိုက်ပါတယ်။ ထောင်ထဲရောက်တော့ သူဖမ်းပီးထောင်ထဲရောက်နေတဲ့လူဆိုးတွေနဲ့တွေ့ပါတော့တယ်။အဲ့ဒီအခါမှ သူ့ကိုပြန်လည်ထိုးကြိတ်နှိပ်ဆက်ကြပါတော့တယ်။
သူကတော့ ဘာလို့ထောင်ထဲရောက်တာလည်းမသိတဲ့ပုံစံနဲ့နေနေပါတယ်။ အဲ့ဒီနောက်မှာတော့ ထောင်ထဲမှ လူဆိုးဘိုကြီးတစ်ယောက်ရှိပါတယ်။သူ့ကိုဆိုအားလုံးကြောက်ကြပါတယ်။တစ်နေ့တစ်နေ့ သူ့ကိုထိုးကြိတ်ကြတယ် အဲ့ဒါကိုလူဆိုးဘိုကြီးကလည်းထိုင်ကြည့်တယ်။ ဒီလိုနဲ့တစ်နေ့ကျတော့ လူဆိုးဘိုကြီးကို မကျေနပ်တဲ့ထောင်ထဲကလူတစ်ယောက်က သတ်ဖို့အတွက် လူဆိုဘိုကြီးစီကို လက်ထဲကချွန်ထက်တဲ့အရာတစ်ခုကိုင်ပီး သွားနေတာကို စုံထောက်ကမြင်သွားပါတယ်။
အဲ့ဒါနဲ့ လူဆိုးဘိုကြီးကိုမထိုးမိခင်မှာသူအချိန်မှီတားလိုက်နိုင်ပါတယ်။အဲ့ဒီလိုလုပ်တဲ့အတွက် လူဆိုးဘိုကြီးက သူ့ကို သဘောကျသွားပါတယ်။ သူ့လူထဲဝင်ဖို့ပြောပါတယ်။ဝင်ဖို့အတွက်သူ့ရဲ့ညာလက်ရုံးနဲ့တိုက်ခိုက်ခိုင်းပါတယ်။နိုင်ခဲ့မယ်ဆိုရင် အဖွဲ့ထဲလက်ခံမယ်ဆိုပီးပြောလိုက်ပါတယ်။ သူလည်း လူဆိုးကြီးရဲ့ ညာလက်ရုံးနဲ့ တိုက်ခိုက်ဖို့အတွက် ကွင်းပြင်နေရာတစ်ခုမှာ နေရာယူလိုက်ပါတယ်။ ထောင်အစောင့်ရဲတွေကတော့နေမြဲအတိုင်းစောင့်ကြည့်နေပါတော့တယ်.......
