Dogecoin အကြောင်းအနည်းငယ်
Dogecoin ဆိုတာဘာလည်းဆိုတော့… Dogecoin ကတော့ cryptocurrency တစ်မျိုးဖြစ်ပါတယ်။ cryptocurrency တွေထဲကမှာ တိုးတက်ဖြစ်ပေါ်လာခဲ့တဲ့ coin တစ်မျိုးဖြစ်ပါတယ်။ Dogecoin တွေကို တစ်စုံတစ်ယောက်မှ နောက်ထပ် တစ်စုံတစ်ယောက်စီကို အလွယ်တကူ လွဲပြောင်းပေးအပ်နိုင်ပါတယ်။ အင်တာနက်ကိုအသုံးပြုပီးလွဲပြောင်းပေးအပ်ရတာဖြစ်ပါတယ်။ လုံခြုံစိတ်ချရမှုလည်းရှိပါတယ်။ ကျွန်တော်တို့တွေရဲ့ Dogecoin wallet address သာမှန်ကန်မှုရှိနေပါစေ..တစ်ကမ္ဘာလုံးမှာရှိတဲ့ Dogecoin wallet address သို့ အလွယ်တကူပေးပို့နိုင်ပါတယ်ဗျ။
နောက်ပီး Internet ကနေမှ မိမိတို့လိုအပ်သော အသုံးအဆောင်ပစ္စည်းများ၊ ဝန်ဆောင်မှုများစတာတွေကိုလည်း အလွယ်တကူအသုံးပြုလို့ရပါတယ်။ အဲ့ဒီလို Dogecoin တွေကို လွဲပြောင်းမှုပြုလုပ်တဲ့နေရာမှာလည်း ကြားခံ bank တွေမလိုအပ်တော့ပါဘူး။ ရောင်းသူဝယ်သူ၊ ပေးပို့သူလက်ခံသူ တိုက်ရိုက်ဆက်သွယ်ပေးပို့နိုင်ပါတယ်။ နောက်ပီး မိမိပို့ပေးလိုက်တဲ့ Dogecoin amount နဲ့ note နေရာမှာ မိမိရဲ့အချက်အလက်တွေ ဘာမှမဖြည့်ထားဘူးဆိုရင် လွဲပေးသူက မည်သူမည်ဝါဆိုတာကို လက်ခံရရှိတဲ့သူက မသိနိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ဘယ်သူက ဘယ်သူ့ကိုပို့တယ်ဆိုတာလည်း မသိရတော့ပါဘူး။ အဓိက ကတော့ Dogecoin wallet address နဲ့ အလုပ်လုပ်သွားတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့တွေအနေနဲ့ Dogecoin ကို ဘယ်လိုရနိုင်လည်းဆိုရင် Mining ပြုလုပ်ခြင်းကနေရနိုင်ပါတယ်။ mining ပြုလုပ်ခြင်းမှာကလည်း အမျိုးမျိုးရှိပါတယ်။ မိမိတို့မှာရှိသော ကွန်ပျူတာနှင့်လည်း mining ပြုလုပ်လို့ရပါတယ်။ ဒါမှမဟုတ်ရင် desktop ကွန်ပျူတာနှင့်လည်း အလွယ်တကူ မိုင်းတူးလို့ရပါတယ်။ ထိုသို့ မိမိတို့၏ ကွန်ပျူတာများနှင့် mine တူးဖို့ရန်အတွက်က မှန်ကန်တဲ့ mining software ရှိဖို့လိုအပ်ပါတယ်။ နောက်ပီး မှန်ကန်တဲ့ mining pool address ရှိဖို့လိုအပ်ပါတယ်။ အဲ့ဒါတွေမမှန်ရင်တော့ ကျွန်တော်တို့တွေ mining ပြုလုပ်လို့ရမှာမဟုတ်ပါဘူးဗျ။ Dogecoin ကို mining ပြုလုပ်ရာမှာတော့ us basic များနှင့်ပြုလုပ်ပါက ပိုမို ကောင်းပီး အရမြန်ပါတယ်။ Dogecoin ဟာ scrypt အမျိုးအစားဖြစ်ပါတယ်။
Scrypt coin အမျိုးအစားကို သူနဲ့ ကိုက်ညီသော hardware များဖြင့် mining ပြုလုပ်ခြင်းက ပိုပီးတော့ မြန်မြန်ဆန်ဆန် dogecoin တွေကို ရရှိစေပါတယ်။ အခြားသော scrypt coin အမျိုးအစားများလည်းရှိပါသေးတယ်။ နောက်ပီး dogecoin များကို အင်တာနက် website များမှလည်း free claim လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ သူတို့ပေးထားတဲ့ ကြော်ငြာကို အချိန်အကန့်အသတ်တစ်ခုအထိ ကြည့်ရှုပေးခြင်းကနေမှ မိမိတို့ကို ပြန်လည်ပေးအပ်တာဖြစ်ပါတယ်။ အနည်းအများကတော့ လက်ရှိ ပေါက်ဈေးပေါ်မူတည်ပီးတော့ ကွဲပြားမှုရှိနိုင်ပါတယ်။
writer caesarsupaimin
MSC-025
အခုလို သိခွင့်ရအောင် တင်ပြ
ပေးလိုကျေးဇူးပါဗျာ
သိလောက်လေးပါဗျ
ဗဟုသုတတွေရလိုက်လို့ ကျေးဇူးပါ Bro
ဟုတ်ကဲ့ ဖတ်ပေးတကျေးဇူးပါဗျ
Congratulations @caesarsupaimin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPthank you