ဝါသနာကိုပါတာကိုစလုပ်ပါတော့မယ်
ဘယ်ကနေ စရမလည်းဆိုရင် show ပွဲတွေသွားကြည့်ဖြစ်တာကနေစရမှာပေါ့နော်။ ဒါပေမဲ့ အရင်ကတည်းက ဝါသနာရှိပီးသားပါ။ အသက်ကြီးလာတော့ ဝါသနာကြီးလာတဲ့အပြင် နောက်ထပ် တစ်ခြားဝါသနာတွေလည်းပိုလာတာပေါ့။ ငယ်ငယ်တုန်းက kpop တွေကြည့်ဖြစ်တယ်။ အထူးသဖြင့်ကတော့ သူတို့တွေဝတ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေအရမ်းကြိုက်တယ်။ သူတို့လိုလိုက်ဝတ်ချင်တယ်။ ဒါပေမဲ့ကိုယ့်အိမ်ရဲ့အခြေအနေနဲ့ကမဖြစ်နိုင်ခဲ့ဘူးပေါ့နော်။ အဲ့ဒါနဲ့ပဲ ကြည့်နေရင်းနဲ့အချိန်တွေကုန်ပီး ခုချိန်ထိရောက်လာတာပေါ့။
တက္ကသိုလ် ပထမနှစ်မှာပဲ fresher welcome ရှိတာနဲ့ ကျောင်းပွဲလေးမှာ သူငယ်ချင်းတွေစုပီး ကဖြစ်သွားတယ်။ အဲ့ဒါကနေမှ အကဘက်ကိုဝါသနာပါသွားတယ်။ modelပိုင်းကိုလည်းဝါသနာပါတယ်။ဒါပေမဲ့ အိမ်ကကျတော့ အလုပ်ကိုပဲအားပေးတယ်။ဒါပေမဲ့ကိုယ်လုပ်ချင်တာလည်းမတားခဲ့ပါဘူး။ ကိုယ်ကသာမဖြစ်နိုင်ဘူးထင်ပီးမလုပ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းဘာကိုမြင်လာလည်းဆိုတော့ အလုပ်လုပ်ပီးပိုက်ဆံရတယ်။ လူတန်းစေ့နေနိုင်တယ်။ဟုတ်ပီ ဒါပေမဲ့ ဝါသနာပါတဲ့အလုပ်မလုပ်ရတဲ့အတွက်ပျော်ရွှင်မှုအစစ်အမှန်တော့မရဘူးပေါ့။ အဲ့လိုနဲ့ အရာရာအတွက် ပျော်သလားလို့မေးတဲ့အခါ။ အင်းဒီလိုပါပဲ အဆင်ပြေတယ်ပေါ့။ ပျော်တယ်လည်းမဟုတ်ဘူး။ မပျော်ဘူးလည်းမဟုတ်ပါဘူး။ အဲ့လိုပဲဖြေဖြစ်တော့တယ်။ ပျော်တယ်ဆိုတာကို မရှိတော့ဘူးဖြစ်သွားတယ်။
ခုတော့ဝါသနာကို အကောင်အထည်ဖော်ဖို့စပြီးပြင်ဆင်ပါတော့မယ်။ အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာတော့ ကိုယ့်ကိုဘုရားကဖြစ်စေချင်သလိုပဲပေါ့။ ကိုယ်ကတော့ အရမ်းဝါသနာပါတာကို စလုပ်ပါတော့မယ်။
Posted using Partiko Android
This post has received a 1.56 % upvote from @drotto thanks to: @caesarsupaimin.
Congratulations,
you just received a 10.88% upvote from @steemhq - Community Bot!
Wanna join and receive free upvotes yourself?
Vote for
steemhq.witness
on Steemit or directly on SteemConnect and join the Community Witness.This service was brought to you by SteemHQ.com