Bank account အကြောင်း
အားလုံးပဲ မင်္ဂလာပါ…..အခုခေတ်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကနှင့်တောင် မတူဘဲ နည်းပညာပေါင်းများစွာ တိုးတက်ခေတ်မီလာပါတယ်….ထို့အတူ လူသားတွေဟာလည်း ရှိသမျှ ချမ်းသာသမျှငွေကို ရှေးခေတ်ကလို မြေကြီးမြှုပ်သိမ်းရန်….အိမ်တွင် သံသေတ္တာ အထပ်ထပ်ထည့်၍ သော့ခတ်ထားရန် မလိုတော့ပြီ…. စတော့ရှယ်ယာကျွမ်းကျင်သူများက စတော့ရှယ်ယာထည့်ပြီး စီးပွားရေး တိုးတက်အောင် လုပ်ကြသည်…လုပ်ငန်းကျွမ်းကျင်သော သူများက မိမိကျွမ်းကျင်သော လုပ်ငန်းလုပ်၍ စီးပွားရေးတိုးတက်စေသည်…..၀န်ထမ်းများကလည်း …မိမိချမ်းသာသည်ထက် ပိုမိုမြင့်မားသည့်ဘ၀ရောက်ရန် ကြိုးစားကြသည်.သာမာန်လက်လုပ်လက်စားများကလည်း ရသမျှ ချွေတာစုဆောင်းကာ ဘ၀မြင့်မားတိုးတက်ရန် ကြိုးစားကြသည်… ထိုအခါ ငွေကြေးစုဆောင်းခြင်းသည် အရေးပါလာသည်….ချမ်းသာသူစီးပွားရေးလုပ်ငန်းရှင်များကလည်း လုပ်ငန်းမှ ငွေပို ငွေလျှံများကို တခြားဖက်တွင် သုံး၍ တိုးပွားအောင် ကြိုးစားကြသည်….သို့သော် ၀န်ထမ်းများနှင့် လက်လုပ်လက်စားများက လုပ်ငန်းလုပ်ရန် ကြိုးစားဆဲ အခြေအနေများသာ ဖြစ်၍ ငွေကြေးတိုးပွားအောင် မည်သို့ ပြုလုပ်ကြမည်နည်း…. ယခုခေတ်တွင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များစွာ ပေါ်ပေါက်လာပြီ ဖြစ်ပါသည်….တစ်နည်းအခေါ်အဝေါ်ဖြင့် ဘဏ်ဟု လူသိများကြသည်….လူအများစုက ဘဏ်ဆိုသည်မှာ ငွေလွှဲရန် ငွေလွှဲထုတ်ရန် …ငွေစုစာအုပ်လုပ်၍ ငွေစုရန်..သာ သိကြသည်….ဘဏ်အကြောင်း အတွင်းကျကျ သိသူ…ဘဏ်မှ ၀န်ဆောင်မှုပေးသော product များကို သိသူရှားသည်….ဘဏ်နှင့် သေချာဆက်ဆံပြီး ၀န်ဆောင်မှုများကို အသုံးပြုပါက မည်မျှ အချိန်ကုန်သက်သာပြီး လူပင်ပန်းသက်သာသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်…. ဘဏ်မှ လုပ်ပေးသောငွေကြေးဝန်ဆောင်မှု များကို ကျွန်တော် လက်လှမ်းမှီသလောက် လေ့လာသိရှိသမျှလေးကို မျှဝေချင်ပါတယ်…. ၁။ လတိုးငွေစုစာအုပ် (Saving Deposit) ပုံမှန်အားဖြင့် လတိုးငွေစုစာအုပ်လို့ ခေါ်ကြပါတယ်….တစ်လအပြည့်ထားမှ အတိုးပေးလို့ပါ…လတစ်လရဲ့ အစ ၁ရက်နေ့မှ ၅ရက်နေ့အတွင်း ငွေစုစာအုပ်ထဲ ငွေသွင်းလို့ရပါတယ် ငွေစုစာအုပ်ထဲရှိ စုစုပေါင်း ငွေအပေါ်မှာ အတိုးတွက်ပေးပါတယ်….လကုန်ရက်ထိ ငွေမထုတ်မှ အတိုးရမှာပါ…လကုန်ရက် မတိုင်ခင် ငွေထုတ်မယ်ဆိုရင်တော့…ငွေထုတ်ပြီး လက်ကျန်ငွေပေါ်မှာပဲ အတိုးတွက်ပေးပါတယ်….အတိုးကိုတော့ ၃လကို တစ်ကြိမ် ထုတ်ပေးပါတယ်….အတိုးကတော့ ၈.၂၅%ပါ အရပ်ခေါ်အနေနဲ့ ဆိုရင်တော့ ၈ကျပ်နဲ့ ၂၅ပြားပါ….ဒီနေရာမှာ အတိုးတွက်ပုံလေးကို ပြောပြပေးချင်ပါတယ်…….၈.၂၅%ဆိုတာ တစ်နှစ်အတွက် အတိုးကို ပြောတာပါ….၁သိန်းကို ဥပမာထားပြီး ပြောပြပါ့မယ်….၁သိန်းကို တည်ပြီး ၈.၂၅ နဲ့မြောက်ပါမယ်…ပြီးရင် ၁၀၀နဲ့စားပါမယ် ၈၂၅၀ ရပါမယ်…အဲဒါ ၁သိန်းအတွက် ၁နှစ်စာ အတိုးရမယ့်ငွေပါ…၁လစာရချင်ရင် ၈၂၅၀ ကို ၁၂လနဲ့ စားပါမယ်….၆၈၇ကျပ် ကျော်ကျော်ပါ…ဒါက ၁သိန်းကို ၁လထားလျှင် ရမည့်အတိုးငွေပါ…..ကျွန်တော် အခု ပြောထားတဲ့ အတိုးနှုန်းတွေ ဘဏ်တစ်ခုနဲ့ တစ်ခု မတူပါဘူး ကျွန်တော် လက်လှမ်းမီသလောက် လေ့လာထားတာကို ယေဘူယျ ပြောပြတာပါ ခင်ဗျာ ၂။ နေ့တိုးငွေစုစာအုပ်(Call Deposit) နေ့တိုင်းအတိုးပေးပါတယ်….တစ်ရက်စာတိုင်းကို အတိုးတွက်ပေးတာပါ….ငွေအထုတ်အသွင်းများတဲ့သူတွေ အတွက် အဆင်ပြေပါတယ် သွင်းထားတဲ့ နေ့မှာ ရှိတဲ့ငွေ အတွက် အတိုးတွက်ပေးပါတယ်….ထုတ်တဲ့နေ့အတွက် လက်ကျန်ငွေအပေါ်မှာ အတိုးတွက်ပေးပါတယ်….အရင်က အတိုးနှုန်းကတော့များပါတယ်…အခုအတိုးနှုန်းလျော့ထားတာက ၂%ပါ…..တစ်နှစ်အတွက် ၂%ပေးတာပါ…. ၃။စာရင်းရှင် A/C (Current A/C) အခု A/C ကတော့ အတိုးမပေးပါဘူး…..စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ရည်ရွယ်တာပါ….ကိုယ်ငွေပေးချေချင်တဲ့သူကို Cheque စာရွက်ပေးပြီး ငွေထုတ်ခိုင်းလို့ ရပါတယ်…
ဂွတ်ဘရို အကြွေးတွေ ကြေတဲ့နေ့ စစုတော့မယ်
ဟုတ်ကဲ့ ကောင်းပါပီဗျ