အတွေး

in #myanmar7 years ago

အလွယ် တကူနဲ့ရနေတာ မိဘမေတ္တာပါ

ပြန်ပေးဆပ်ဖို့ ခက်တာကလည်း မိဘမေတ္တာပါ


အနိုင်ရှိတယ် - အရှုံးရှိတယ်

စိတ်လှုပ်ရှားမှုတွေရှိတယ်

အဲ့ဒါဘဝပါ

ဘဝဆိုတာ ချားရဟတ်စီးရသလိုပါပဲ

နိမ့်တစ်ခါ မြင့်တစ်လှည့်နဲ့လည်ပတ်နေပါတယ်

ဒါကြောင့် လောကဓံရဲ့ပြောင်းလဲမှုကို

ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါမိတ်ဆွေ


အနစ်နာခံခြင်းကို လူတော်တွေသာလုပ်နိုင်ပါတယ်

အပြစ်ရှာကြခြင်းကို လူညံ့တွေသာဆုပ်ကိုင်ကြတယ်


အလုပ်တစ်ခုကို ယနေ့မှန်ကန်စွာပြုလုပ်ခြင်းသည် မနက်ဖြန်အလုပ်သက်သာခြင်းဖြစ်သည်

ချွေးထွက်များမှ သွေးထွက်နဲပါမယ်

လူတိုင်းလူတိုင်းသူ့တန်ဖိုးနဲ့သူရှိတယ်

ဘယ်သူ့ကိုမှအထင်မသေးသင့်ဘူး

ဘယ်သူ့ကိုမှလည်းလျှော့မတွက်သင့်ဘူး


အားနာခြင်းသည် အဆုံးခံဖို့သာ

ကြွားဝါခြင်းသည် အမုန်းခံဖို့သာ


အမြဲတမ်း အချစ်ရဆုံးသူ အခင်မင်ရဆုံးသူတွေကို အားမကိုးပါနဲ့ ကိုယ်လုပ်နိုင်သလောက် ကြိုးစားပမ်းစား လုပ်ကြည့်ပါ


ယုံကြည်မှုရှိခြင်းသည် အောင်မြင်မှုဆီသို့ ဦးတည်သည်

ယုံကြည်မှုလွန်ကဲ့ခြင်းသည် ရှုံးနိမ့်မှုဆီသို့ဦးတည်သည်


အရေးပါတဲ့သူဖြစ်အောင်လည်းကြိုးစားပါ

အရေးကြီးတဲ့သူဖြစ်အောင်လည်းကြိုးစားပါ


by caesarsupaimin

MSC-025

photo by google search

Sort:  

that right, good bro...

ကြိုးစားရမှာကကျွန်နော်တာဝန်ဖြစ်သည်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57978.54
ETH 2283.22
USDT 1.00
SBD 2.47