မော်​လမြိုင်​ မြို့သူမြို့သားများ ​ကျော်​ခွ ကပ်​​ကျော်​​နေ​သော ဘုရား

in #myanmar7 years ago

FB_IMG_1499873334762.jpgနတ်သား၂၇ပါးမှ လာရောက်ဆောက်လုပ်သော ပန်းရံပျံဝတ်တော်ကြီး ( စ / ဆုံး )
############################
. မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အလှကျက်သရေကို ဆောင်ကျဉ်းပေးနေသော နာဂ၀ီသတောင်တန်းပေါ်မှာ တည်ထားတဲ့ ဦးဇိန စေတီတော်.... နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် မသိုးသင်္ကန်းရက်ပွဲတော်တို့ စည်ကားသိုက်မြိုက်စွာ ကျင်ပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှာ ဘုရားဖူးမိတ်ဆွေများ လာရောက်ဖူးမျှော်ကြတာကို ကျွန်တော်တို့ ငယ်စဉ်ကထဲက ယခုထိ နှစ်စဉ်တွေ့မြင်နေရပါ တယ်....
သို့သော် ... မော်လမြိုင်မြို့သူမြို့သားများ ဘုရားဖူး မိတ်ဆွေများကို မေးကြည့်မည်ဆိုပါက..
ဦးဇိန ဘုရားရောက်ဖူးလား.... အဖြေက ဟာ.. ရောက်ဖူးတာပေါ့ ... ဟုတ်ပါတယ်... ဦးဇိန ဘုရားကို လူတော်တော်များများ ရောက်ဖူးပါတယ်... နောက်ထပ်မေးခွန်းတစ်ခု...
ပန်းရံပျံဝတ်တော်ကြီးအထဲက နေလ ဘုရားကို ဖူးမျှော်ပြီးပီလားလို့ မေးလိုက်တိုင်း...... လူ၁၀ယောက်မှာ ၈ယောက်လောက်က ဘယ်နားမှာ ရှိလဲလို့ ပြန်မေးတတ်ကြတယ်ဗျ...
တစ်ခြားနယ်ကလူတွေ မပြောနဲ့ဦး... မော်လမြိုင် မြို့မှာ ငယ်စဉ်တောင်ကျေးကလေးဘ၀ ထဲက နေလာတဲ့သူတွေကို မေးရင်တောင် ၁၀ယောက်မှာ ၈ယောက်လောက်က မရောက်ဘူး ဘူး..... ပန်ရံပျံဝတ်တော်ကြီး.... နာမည်က ထူးဆန်းနေတယ်... ဘယ်နားမှာရှိတာလဲ....
ဖြေပေးပါ့မယ်... ဦးဇိနဘုရားရဲ့ ကပ်လျက်မှာပဲ တည်ထားပါတယ်.... ပန်းရံပျံဝတ်တော်ကြီး... နာမည်တော့ကြားဖူးတယ်..ဒါပေမယ့် မရောက်ဖူးဖူး.... ဟုတ်တယ်ဗျ မော်လမြိုင်မှာ နေတဲ့သူတော်တော်များများ သိကြပါတယ်.... ဒါပေမယ့် ရောက်ဖူးတဲ့သူ နည်းတယ်.... တစ်ချို့က ကပ်ကျော်ဘုရားလို့ ခေါ်တယ်....
အခု ကျွန်တော် ပြောပြပေးမယ့် အကြောင်းအရာက သရဲတစ္ဆေတွေ မပါပါဘူး.. ထိန့်လန့်ကြောက်ရွံ့ဖွယ် မပါပါဘူး..... အခုအကြောင်းအရာမှာ ပါတဲ့အရာတွေက အံ့သြ ဆန်းကြယ်တဲ့ အကြောင်းတွေ... ထူးခြားဆန်းပြား တဲ့ သာမန်လူတွေ ဘယ်လိုမှ မတွေ့မြင်နိုင်တဲ့ အရာတွေ... သဘာဝလွန် ဖြစ်ရပ်တွေပါဝင်ပါတယ်... ကျွန်တော် စကားအစပျိုးတာ နည်းနည်းများသွားပီ.. စာဖတ်တဲ့ သူတွေလဲ သိချင်နေကြပီနဲ့ တူပါတယ်.
အရင်ဆုံး ဦးဇိန ဘုရားစတင် တည်ခဲ့တာကို ဖော်ပြ ပေးပါ့မယ်..... ယခု မော်လမြိုင်မြို့ နာဂ၀ီသတောင်တန်းမှာ ဦးဇိန ဘုရားတည်မယ့် နေရာက ယခင်ကတော့ တောင်တောင်ခြုံနွယ် တွေ တိုးမပေါက်အောင် ထူထပ်တဲ့ တောကြီးတစ်ခု.... အဲဒီတောအုပ်ထဲမှာ ထင်းခုတ်သမား လင်မယား၂ယောက် နေကြတယ်ဗျ.... တစ်နေ့ ယောင်္ကျားဖြစ်သူက ထူးဆန်းတဲ့ အိမ်မက်မြင်မက်တယ်... အိမ်မက်ထဲ မှာ ဘယ်နေရာ.. ဘယ်အပင်အောက်မှာ ရွှေအိုး..
တွေမြှုပ်ထားတယ်.. အဲဒါ သွားတူးဆိုပြီးမက်တော့ ယောင်္ကျားဖြစ်သူက သွားတူးတယ် တကယ်ကိုပဲ ရွှေအိုးကြီးတွေရတယ်.... ရွှေအိုးရတာနဲ့ ယောင်္ကျားဖြစ်သူက ပါရမီ ဓါတ်ခံရှိတော့ .မိန်းမလုပ်သူကို ထိုက်သင့်တဲ့ ဝေစုပေးပြီး သူကျတော့ ရသေ့အဖြစ်ခံယူပြီး အိမ်မက်ကြောင်း အရ အဲဒီရွှေအိုးတွေ ရတဲ့နေရာမှာ ဘုရားတည် ဖို့ ဆုံးဖြတ်ခဲ့တယ် .... အဲဒီရသေ့ရဲ့ ဘွဲ့တော်က ဦးဇိန..... ဘုရားတည်ဖို့ဆိုတာ လူအင်အား လိုတယ် ခြုံနွယ်ပိတ်ပေါင်းထူထပ်နေတဲ့ နေရာတွေကို ရှင်းဖို့ လူလိုတယ်.... အဲဒီမှာ ရသေ့ကြီးဦးဇိနက ခြုံတွေထဲကို ရွှေဒင်္ဂါးတွေ ပစ်ထည့်လိုက်တယ်....... ပတ်ဝန်းကျင်က လူတွေက ခြုံတွေထဲက ရွှေဒင်္ဂါးတွေကို လိုချင်တဲ့ ဇောနဲ့ အားလုံးခုတ်ထွင်ပြီး ရှာကြတာ နောက်ဆုံး ခြုံတောတွေ အားလုံး ရှင်းပြီးသားဖြစ်... နောက်ဆုံး အတိုချုပ်ပြောရရင် ဦးဇိန စေတီတော်ကို တည်ထားနိုင်ခဲ့တယ်..... ပန်းရံပျံဝတ်တော်ကြီး အကြောင်းအခုမှ စမှာဗျို့
စိတ်လေးရှည်ရှည်လေးထားပြီး ဖတ်ပေးကြပါ..
မော်လမြိုင်မှာ သူဌေးကြီးဦးသာညှင်းဆိုရင် မသိတဲ့သူ မရှိသလောက်ရှားတယ်ဗျ... အရမ်းလဲ ချမ်းသာတာကိုး.... ရှင်မဟာဗုဒ္ဓဃောသအမျိုးသား အထက်တန်းကျောင်း (ယခု အထက ၉ ) ကျောင်းတောကြီးကို စတင်တည်ဆောက်ခဲ့တဲ့ အလှူရှင်...... ဦးသာညှင်းက အိမ်မက်မြင်မက်တယ်..... ဦးဇိန ဘုရားဘေးက မြေကွက်လပ်မှာ အဆောက်အဦတစ်ခု ဆောက်ထားတယ်တဲ့ဗျ...အဲဒီအဆောက်အဦ ထဲမှာ ၀ိဇ္ဇာ .ဇော်ဂျီ.. နတ်သိကြား.... နတ်နဂါးတွေ သူတော်စင်တွေ ၀င်ထွက်သွားလာနေတယ်.. တစ်ချို့က တရားဘာဝနာ ပွားများနေတယ်... အဲလိုအိမ်မက်မျိုး မြင်မက်တာ ၂ခါ ၃ခါ ရှိတော့ ဦးသာညှင်းက ဂေါပက လူကြီးတွေနဲ့ တိုင်ပင်ပြီး အဲဒီမြေကွက်လပ်မှာ ၀တ်တော်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းချင်ပါတယ်.... အဲ ဆောက်စေပေါ့ဗျာ.... အဲလိုနဲ့ ၀တ်တော်ကြီးဆောက်ဖို့ ပန်းရံဆရာတွေ လိုက်ရှာတာ တစ်ယောက်မှ မရဘူး.... ဘယ်သူမှလဲ မဆောက်ကြဘူး..... အဲဒါနဲ့ ဦးသာညှင်းလဲ စိတ်ပျက်လက်ပျက်နဲ့ ဦးဇိန ဘုရားလှေကားစောင်းတန်းကနေ လမါးလျောက်ဆင်းလာတော့..... လှေကားစောင်း တန်းပးအုတ်ခုံမှာ ထိုင်နေတဲ့ သူတစ်ယောက်က အိုဘယ့် သူဌေးမင်း ဘာအတွက်ကြောင့် စိတ်နှလုံးပူဆွေးနေရတာတုန်း.... စကားလှမ်းတောက်လိုက်တော့... ဦးသာညှင်းလဲ ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်တယ်... အဲဒီတော့ လှေကားမှာထိုင်နေတဲ့သူက စိတ်မပူနဲ့ သူက ပန်းရံဆရာတစ်ယောက်ဖြစ်ကြောင်း... ဖြစ်ချင်တဲ့ပုံစံကို ဆောက်လုပ်ပေးမည် ဆိုပြီး ကတိက၀တ်ပြု .... ဦးသာညှင်းလဲ စိတ်ချမ်းသာပြီး နောက်နေ့ကစလုပ်ကွာ...
နောက်နေ့ကျတော့ ပန်းရံအလုပ်သမား တွေ လာကြ ဆောက်ကြ လုပ်ကြတာပေါ့.... ထူးဆန်းတာက အဲဒီပန်းရံအလုပ်သမားတွေ အကုန်လုံး မောပန်းတဲ့လက္ခဏာမပြဘူး...စကားမပြောဘူး.. ချွေးမထွက်ဘူး.... အနားယူခြင်းလဲမရှိဘူး.... ဂေါပက လူကြီးတွေက ထမင်းစားဖို့ ပြောတော့လဲ အိမ်က စားလာခဲ့ပါပီ လို့ပြန်ဖြေပြီး မိမအလုပ်ကိုပဲ ဆက်လုပ်ကြတယ်..... အဲလိုနဲ့ ရက်အနည်းငယ် ကြာတော့ ဆောက်လုပ်တဲ့ ၀တ်တော်ကြီးက ပြီစီး သွားခဲ့တယ်..... ပြီးလဲပြီးကော အလုပ်သမားခ ရှင်းမလို့ လိုက်ရှာတာ ပန်းရံအလုပ်သမားတွေ တစ်ယောက်မှ မတွေ့တော့ဘူး.... အထဲကို ၀င်ကြည့်လိုက်တော့ ပွတ်လုံးတိုင်တွေကို ရွှေသားအတိနဲ့ ဆောက်လုပ်ထားတယ်.... နောက်ပြီး ဘုရားဆစ်ဆူပါ တည်ထားခဲ့သေးတယ် ဗျ..... ဘုရားရဲ့ ဘွဲ့တော်က နေလဘုရား.. ဘုရားရဲ့ပုလ္လင်ပတ်လည်မှာ နတ်သား ၂၇ပါး ရုပ်ထုတွေ ထုလုပ်ထားတယ်..... ပန်းရံအလုပ် လာလုပ်တဲ့ သူတွေကလဲ ၂၇ယောက်ပဲဗျ... ထူးဆန်းတာလေးပေါ့ဗျာ...... နေလ ဘုရားရဲ့ ထူးခြားချက်တွေကတော့ ကင်မရာနဲ့ရိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပြန်တိုက်ကြည့်ရင် မျက်နှာတော် မတူတာကို တွေ့ရမှာ ဖြစ်ပါတယ်..
အဲအတွက်ကြောင့် အဲဒီဝတ်တော်ကြီးကို ပန်းရံ အလုပ်သမားတွေ ပြန်သွားလို့ ပန်းရံပျံ ၀တ်တော်ကြီးဆိုပြီး သမုတ်ခဲ့တာ ဖြစ်ပါတယ်... ၀တ်တော်ကြီးရေစက်ချပွဲကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြီး လာရောက်ဆောက်လုပ် ပေးခဲ့တဲ့ နတ်သား ၂၇ပါးကိုလဲ အမျှအတန်းပေး ဝေခဲ့ပါတယ်... အဲဒီည ဦးသာညှင်း မြင်မက်တာက နတ်ဝတ်နတ်စားနဲ့ညနတ်သား ၂၇ပါးမှ သူတို့က သိကြားမင်းကြီးရဲ့ အမိန့်တော်နှင့် လာရောက်ဆောက်လုပ်ပေးရခြင်း ဖြစ်ကြောင်း.. ပေးဝေသော အမျှအတန်းကို လဲ ရရှိကြောင်း လာပြောခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရှိရပါတယ်.... အဲအတွက်ကြောင့် မော်လမြိုင် မြို့ကို ရောက်ရှိခဲ့ပါက ဦးဇိန ဘုရား...ဘေးရှိ ပန်းရံပျံဝတ်တော်ကြီးနှင့် နေလဘုရားတို့ကို ၀င်ရောက်ဖူးမျှော်ကြပါလို့ ဖိတ်မန္တကပြုအပ်ပါတယ်......
လေးစားစွာဖြင့်
.

    ဟိန်းထက်​​ဇေယျာ (အယူ​တော်​မင်္ဂလာ)
         တား​ရော့​  ​ဗေဒ  လက္ခဏာ
                ဦးဇိန  ​စေတီ​တော်​![FB_IMG_1499873339320.jpg](https://steemitimages.com/DQmYuomBwtGyLNemKwCmHUqzLSVSoruuXhWttC8GGma2QJk/FB_IMG_1499873339320.jpg)![FB_IMG_1499873350560.jpg](https://steemitimages.com/DQmPcUHgj6zGP1wzpsdG2wsZ2o8DcPgYeMUPLxtmM4guMik/FB_IMG_1499873350560.jpg)![FB_IMG_1499873354599.jpg](https://steemitimages.com/DQmVDEtw4SWpKLc2KTg2ziz1x2M2psT7SUYFr8dtu3iaDot/FB_IMG_1499873354599.jpg)
Sort:  

verygood သူငယ်ချင်း ပို့စ်ကြိုက်တယ် vote အပြန်အလှန်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65133.17
ETH 3480.37
USDT 1.00
SBD 2.52