Yeongwol ကိုရောက်ပြီ

in INVEN Gaming5 years ago

vvv.jpg
https://playror.com/

Yeongwol ကိုတော့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် ဒီနေရာမှာတော့ Silkworm farm ဆိုတဲ့ ပိုးချီထုတ်လုပ်ရေးကို လုပ်ကိုင်မှာဖြစ်ပါတယ် စစ်အင်အားကို ဖြည့်တင်းနိုင်ရေးအတွက် စစ်အသုံးစရိတ်များများရှာနိုင်အောင် ကြိုးစားနေရပါတယ် ဒီအရပ်မှာတော့ ပိုးချီထုတ်လုပ်ရေးတွေ လုပ်ကိုင်ပြီး ရွှေနဲ့လဲလှယ်ယူမှာပါ ရောက်တဲ့အချိန်မှာတော့ စစ်သားတွေကို စစ်ဆေးကြည့်တဲ့အခါ ထိခိုက်အနာတရ မရှိတာတွေ့ရပါတယ် ဒါက ကောင်းမွန်တဲ့ အခြေအနေပါ စစ်သားတွေ သက်တမ်းကုန်ဆုံးတာလည်းမရှိတော့ သူတို့ကို ချက်ချင်းဘဲ အလုပ်တွေ ခိုင်းလို့ ရပါတယ် တိုက်ခိုက်မှုတွေလည်း မရှိသေးတော့ သူတို့ကို ၀ါခင်းထဲလွှတ်ပြီး ပိုးချီတွေ ထုတ်လုပ်စေပါတယ် စစ်သားအင်အားက ခြောက်ကောင်သာ ရှိသေးတဲ့အတွက် နောက်ထပ် စစ်သားတွေ ထပ်မံဖြည့်တင်းရဦးမှာဖြစ်ပါတယ် ဂိမ်းရဲ့ အခြေအနေက သိပ်တော့ အားရစရာမကောင်းသေးလို့ သေချာလေး ဂရုစိုက်မကစားဖြစ်သေးတာပါ အကျိုးအမြတ် ထုတ်ယူနိုင်မယ့် အချိန်ရောက်ရင်တော့ ဖိဖိစီးစီး ကစားမယ် စိတ်ကူးထားပါတယ်

vv.jpg
https://playror.com/

စစ်သားတွေကို အလုပ်ခိုင်းတဲ့အခါ တစ်ရက်မှာ တစ်ကြိမ်လောက်သာ ခိုင်းနိုင်မယ့် အခြေအနေဖြစ်ပါတယ် ဘာလို့လဲဆိုရ်ငတော့ ပိုးချည် ထုတ်လုပ်ရေးလုပ်ငန်းက အကျိုးအမြတ် များများရနိုင်တာဖြစ်သလို အလုပ်ချိန်ကလည်း ကြာမြင့်ပါတယ် စစ်သားတွေကို တစ်ကြိမ်အလုပ်ခိုင်းရင် ခြောက်နာရီကျော်ကြာပါတယ် ဒါကြောင့် တစ်ရက်မှာ တစ်ကြိမ်သာ အလုပ်ဖြစ်မယ့်သဘောပါဘဲ တကယ်လို့သာ ကိုယ်က အချိန်ကို သေချာလေး အတိအကျ အံဝင်အောင် လုပ်ဆောင်နိုင်ရင်တော့ တစ်ရက် လေးကြိမ်နီးပါး ခိုင်းနိုင်ပါလိမ့်မယ် အဲ့သလိုလုပ်နိုင်ရင်တော့ အကောင်းဆုံးပါ အကျိုးအမြတ် ပိုမိုရရှိပြီး မြန်ဆန်မှာပါ အခြားအလုပ်တွေကလည်း ရှိနေသေးတော့ ဒီဂိမ်းထဲကို တစ်ရက် တစ်ကြိမ်လောက်သာ ၀င်ရောက်နိုင်သေးတဲ့အတွက် အချိန်အတိအကျတော့ မလုပ်နိုင်သေးပါဘူး တစ်ရက်တစ်ကြိမ်ပါဘဲ ဒီလောက်ဆိုရင်လည်း မဆိုးဘူးပြောနိုင်ပါတယ် အဓိကတော့ ပုံမှန်လေး ကစားဖြစ်နေဖို့ ရည်မှန်းတာပါ

အစိမ်းနဲ့ အနီ ဘလော့ချိန်းနှစ်ခြမ်းကွဲသွားပြီးတဲ့နောက် ရန်လို တိုက်ခိုကမှုတွေ တဖြည်းဖြည်း ကျဲပါးလာတာ မြင်ရပါတယ် အစိမ်းကလည်း သူ့လမ်းကြောင်းနဲ့သူ သွားနေပြီဖြစ်သလို အနီကလည်း သူ့လမ်းသစ်နဲ့သူ အဆင်ချောနေပါပြီ တစ်ခါတရံတော့ လော်ဘီလုပ်တက်တဲ့စုန်းပြူး တစ်ချို့လောက်ကိုသာ တွေ့မြင်ရပါတယ် ဘယ်လို ဖြစ်ဖြစ်ပါ နောက်ဆုံးတော့ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ဖြစ်သွားကြမှာပါဘဲ လက်ဝှေ့ထိုးသလို အလဲအကွဲကတော့ ဖြစ်မလာတော့ပါဘူး ဘယ်သူမှ စီးပွားတော့ အပျက်ခံမယ့်ပုံမပေါ်လို့ပါ အခုလို သူနိုင် ကိုယ်နိုင် သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် ပြီး သုံးစွဲသူတွေကလည်း ကိုယ်သန်ရာသန်ရာရွေးချယ်သွားပြီး အဆင်ပြေပြေလျှောက်လှမ်းသွားကြတယ် အောင်မြင်သွားကြတယ်ဆိုရင် ဒါက၀မ်းသာစရာပါ ဆရာနှစ်ပါး ကျောင်းသားလုကြသလို ကလေးဆန်းလွန်းသော ဂွကျကျ အပြုအမူတွေကတော့ မမြင်တွေ့ရလောက်တော့ဘူးလို့ မျှော်လင့်ပါတယ်

@bobokyaw

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)

Coin Marketplace

STEEM 0.12
TRX 0.34
JST 0.033
BTC 123976.07
ETH 4573.47
SBD 0.77