ခြင်္သေ့လည်ပြန်
ဒီနေ့တော့ စီအိုစီဆိုတဲ့ ဂိမ်းလေးနဲ့ပါတ်သက်တာလေး ပြောမယ်ဗျာ
စိတ်တွေက တလည်လည်ဆိုတာ ဟုတ်လိမ့်မယ်ဗျ လုံးဝ မဆော့တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားတာပါဘဲ အဲ့လိုစိတ်ပိုင်း
ပြီိးနေလာလိုက်တာ ကိုးလလောက်ရှိသွားပြီလေ။ မဆော့တော့ပေမယ့် အပ်ဒိတ်တွေထွက်တိုင်း တင်တာပါဘဲ
ဖုန်းထဲကနေတော့ အပြီးတိုင် ထုတ်မပြစ်ခဲ့ဘူးလေ။ ဒီလိုနဲ့ စတီးမစ်မှာဘဲ အာရုံစိုက်နေခဲ့လိုက်တာ အချိန်တွေအတော်ကို
ကြာသွားတယ်ပေါ့။ လုံးဝကို မဆော့ဖြစ်တော့တာပါ။ဒီနေ့တော့ စိတ်ကူးပေါက်တာနဲ့ ဖွင့်ကြည့်မိလိုက်တယ်။
ဘေ့တစ်ခုလုံးလဲ စိစိညက်ကိုကြေလို့ပါဘဲ လူပေါင်းသောင်းခြောက်ထောင်လောက်က အလှည့်ကျ ၀င်ပြီးသမထားတယ်
ထင်ပါတယ်။ ဟိုတုန်းကဆိုရင်တော့ ဒီလို အတွယ်ခံရရင် ဘယ်နေလိမ့်မလဲ အချိန်စောင့်ပြီး သူ့ဘေ့ကို အမှုန့်ခြေပြစ်တာ
ပါဘဲ။ဂလဲ့စားချေတယ်ဆိုတာ ဂိမ်းထဲမှာတော့ မညှာပါဘူး။ကိုယ့်ကို သမတဲ့ ကောင်တော့ ပြန်သမလိုက်ရမှာ နေသာထိုင်
သာရှိတာလေ။ အခုတော့ ကိုယ့်ဘေ့လေးသမထားတာကို စုပ်တသပ်သပ်လုပ်ပြီး နေရတာပေါ့ဗျာ။ သွားဖြဲလို့လဲ မရတော့
ဘူးလေ။ စကေးတွေဘာတွေက အရင်လိုမဟုတ်တော့ဘူး။ အခုမှပြန်ကိုင်ကြည့်တော့ ဘယ်ကစလို့ ဘယ်လိုတိုက်ရမယ်
တောင်မသိတော့ပါဘူး နောက်ထွက်လာတဲ့ အသစ်တွေကလဲ ဘယ်လိုသုံးရမယ်မသိတော့ဘူး။
အဆက်အသွယ်က လုံးဝပြတ်သွားတော့ အခုမှပြန်ကြည့်ရတာ သူစိမ်းတစ်ယောက်လိုပါဘဲ။ ကိုယ်မရှိတုန်း သူတို့စိတ်
ကြိုက် ၀ါးခေါ်ထားတာလဲ အလဲလဲ အကွဲကွဲပါဘဲ။ ဟိုတုန်းကဆိုရင် ၀ါးစာရင်းက စိမ်းစိုနေတာ အခုတော့ ၀ါးစာရင်းတစ်
ခုလုံး ရဲဘလောင်းခက်နေတာ မြင်မကောင်းပါဘူးဗျာ။နောက်ဆုံးခေါ်ထားတဲ့ဝါးကလဲ ရှုံးမှာဘဲ အမှတ်ကပြတ်နေပြီ
ဝါးထဲပါတဲ့သူတွေကြည့်လိုက်တော့ ကိုယ့်အကောင့်သုံးခုလုံးကိုထည့်ထားတယ်။ မတိုက်လဲ ထည့်ထားတာ အတော်ဆိုး
ပါ့။ စတားကိုတွက်ကြည့်လိုက်တော့ ကိုယ့်အကောင့် သုံးခု ၀င်ကြိတ်လိုက်ရင် နိုင်ခြေရှိတာတွေ့လိုက်ရတယ်။
အဲ့ဒါနဲ့ ၀ါးတိုင်းကိုကြည့်လိုက်တော့ တစ်နာရီလောက်လိုသေးတယ်။ ဟား စိတ်တွေက မရတော့ဘူး။ မခံချင်စိတ်ပေါ့ဗျာ
တစ်နာရီအတွင်း အကောင့်သုံးခု ခြောက်ပွဲဆော်ဖို့က မဖြစ်နိုင်တော့ဘူး။ စစ်သားတွေကလဲ မထုတ်ရသေးဘူး။
ဆုံးဖြတ်ချက်တစ်ခုအမြန်ချလိုက်တယ်။ အကောင့်သုံးခုလုံးကို စစ်ပြီးဂျန်တွေကျွှေးလိုက်တယ် စစ်သားချက်ချင်းထုတ်ပြီး
ခြောက်ပွဲလုံး ဆက်တိုက်ဆော်ထည့်လိုက်တာ စတားဆယ့်ငါ့လုံးရလိုက်တယ်။ ဟိုဘက်ကလည်း အသည်းအသန်လိုက်
ပြီး စတားယူကြတယ်။ ဒါပေမယ့် သူတို့ကံဆိုးသွားတယ်လေ။ ကိုးလလောက် မကစားဘဲထားတဲ့အကောင့်သုံးခုက
ရုတ်တ၇က်ထွက်လာပြီး စတားတွေယူပြလိုက်တော့ သူတို့တွက်တာမှားသွားပြီလေ။ လိုက်လို့မမှီတော့ဘူး။ နောက်ဆုံး
ခြောက်မှတ်အကွာနဲ့ ၀ါးဝင်းသွားတယ်ဗျာ။
ပျော်လိုက်တာဆိုတာထက် ကျေနပ်တယ်ပေါ့ဗျာ ကိုယ့်ကလန်ကို လက်မတင်လေးတင် ကယ်တင်ပြီး ၀ါးနိုင်အောင်လုပ်
လိုက်နိုင်တာ။ အရှုံးတွေဆက်တိုက်ဖြစ်နေတာ ရပ်တန့်သွားရတာပေါ့။နောက်ဆိုရင်တော့ မကြာခဏ ၀င်ပြီးကစားဖြစ်
တော့မယ်ထင်တယ်။ စတီးမစ်က အရင်လိုသိပ်ပြီး အားစိုက်ဖို့မလိုတော့ဘူးလေ။ အားစိုက်လဲ ဒါကဒါဘဲဖြစ်နေပြီ
အခြေအနေက အချိန်ပိုလေးတွေ ပြန်ထွက်လာပြီဆိုတော့ ကလန်ဘက်လည်း ပြန်လှည့်ချင်သေးတယ်။ စတီးမစ်ကတော့
ပိုက်ဆံရတာပေါ့။ စီအိုစီကတော့ ပိုက်ဆံမရဘူး။ ဒါပေမယ့် ဘယ်လိုပြောရမလဲ ၀ါးတစ်ပွဲကို နိုင်အောင်ဝိုင်းပြီးတိုက်လို့
ရတဲ့ ဖီလင်က တစ်မျိုးဗျ။ ခံစားတက်သူတော့ နားလည်မှာပါ။
နောက်ဆိုရင်တော့ စီအိုစီအကြောင်းလေးတွေ စာရေးဖြစ်မယ်ထင်ပါတယ်။ ဒီနေ့တော့ ဒီလောက်ပါဘဲ
အော် ဒါနဲ့ စကားမစပ် ကျွန်တော့်ကလန်က အခုလက်ရှိ လေဘယ် ဆယ့်နှစ်ပါ။တောင်းဟောက ဆယ့်တစ်ကို မက်ဖို့သိပ်
မလိုတော့ဘူး။ စကေးကတော့ ကြုံသလိုဆွဲတာပါဘဲ။အဲ့ဒိစီအိုစီကို သုံးနှစ်လောက်ဝင်လာတဲ့အထိဆော့လာတာပေါ့
အခုစတီးမစ်ကတော့ ကိုးလလောက်ရှိပါပြီ။ စီအိုစီကို ပြန်ဆော့ဖြစ်မယ့်အကြောင်းကတော့ စပြီးသားအလုပ်တစ်ခု
ရည်မှန်းထားတဲ့အရာတစ်ခုကို ပြီးမြောက်အောင် လုပ်ချင်တဲ့ စိတ်ကြောင့်ဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီစိတ်ဓါတ်တွေကို
စတီးမစ်ကို သယ်လာနိုင်ခဲ့တယ်လေ။ ဟိုတုန်းကတော့ အချိန်ရှိသရွေ့ စီအိုစီပေါ့။ အခုတော့ အချိန်တိုင်း စတီးမစ်ဖြစ်
နေခဲ့ရပြီလေ။ တစ်ခုနဲ့တစ်ခုကတော့ အချိတ်အဆက်လေးတွေရှိနေတယ်ဗျာ။
@bobokyaw
အပြင်အလုပ်ကမအားလပ် စတီးမစ်မှာအချိန်တွေကိုပေးဆပ်နေရတော့ ဂိမ်းဆော့ဖို့အချိန်ကိုမရနိုင်တော့ပါဘူဗျာ……………စပေါ့freeပေးနေတဲ့သူဋ္ဌေးကြီးတွေကပို့စ်တင်လိုက်တိုင်း လာဘုတ်နေတော့ မအားလပ်တဲ့ကြားကစာရေးတင်နေရတယ်ဗျို့……………ကိုကိုဂွတ်ပေးသလောက်ကိုရနေလို့ပါဗျ
ရတုန်းယူထား ဈေးမများပါဘူးလေ
နောက်မှနောင်တမရရင်တော်ပြီပေါ့
Could not read a single word. All are boxes. Infinite number of boxes.
ဘာဖြစ်ဖြစ် ကျေးဇူးတင်တယ် @shuvomahfuz
စတီးမစ်ကြီး လုပ်နေကြတာနဲ့ ငါ့ကလန်လေးလဲ
ခြောက်ကပ်နေပြီ လီဒါပေးထားတာ ပြန်သိမ်းရတော့မယ်နော်
ဝါးတော့ မတိုက်တော့ဘူး ဘေ့တော့တင်နေတယ်ဘရားသားရေ့
You got a 3.28% upvote from @postpromoter courtesy of @bobokyaw!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Thanks you postpromoter
လူချမ်းသာအောင်လည်းလုပ်သလို
စိတ်ချမ်းသာအောင်လည်းလုပ်သင့်ပါတယ်။
အခုလို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ Game ကစားတာကောင်းပါတယ်....။
အရမ်းအလွန်အကျွံကြီးတော့ မဆော့သင့်ဘူးလို့ထင်ပါတယ်...။
တကယ်တမ်းတော့ ဆော့ဖို့အချိန်က မရသေးပါဘူး
စိတ်သာရှိတာပါ စတင်းနဲ့ကိုအချိန်မလောက်