ရှာမလားရပ်မလား

in #steempress6 years ago


https://nextcolony.io

ဒီလိုမေးလာရင်တော့ ရှာပါ့မယ်လို့ဘဲ ဖြေရပါလိမ့်မယ် အခုချိန်မှတော့ ရပ်လို့က မရတော့ဘူးလေ
ဆက်ရှာမှကို ဖြစ်တော့မှာ အခုချိန်က ဟိုမရောက် ဒီမရောက် လမ်းခုလပ်ဖြစ်နေလို့ပါဘဲ ရှေ့ဆက်သွားမှကို
အဆင်ပြေမှာပါ ဒါကြောင့် ဆက်ရှာနေတာပါ ရှာဖွေမှုတွေကို ရပ်တန့်မယ် လျှော့ချမယ်လို့ စဉ်းစားဖူးပါတယ်
တိုက်ခိုက်မှုတွေကလည်း ခပ်စိပ်စိပ်လေး မလာသေးတဲ့အတွက် မစ်ရှင်တွေက အမြဲပိုလို့နေတက်ပါတယ် ရှာဖွေစရာ
နယ်မြေတွေကလည်း တော်တော်များများကို ကျန်နေသေးလို့ ဆက်ရှာရမှာပါ ဂြိုလ်တွေက ရှာနိုင်လေ တွေ့လေဆိုတော့
နောက်ထပ် တော်တော်များများ ရချင်ပါသေးတယ် ဂြိုလ်တွေကို နောင်တစ်ချိန်မှာ ချရောင်းလို့ ရလာမယ်လို့ ထင်ရပါတယ်

ဂြိုလ်များများ ရှိတာတော့ ကောင်းပါတယ် ကောင်းလည်းမကောင်းပါဘူး ကောင်းတယ်ဆိုတာက ဂြိုလ်များတော့ လေဗယ်တင်တာတွေ
ယာဉ်ပျံထုတ်တာတွေ မြန်မြန်လုပ်လာနိုင်ပါတယ် မကောင်းဘူးဆိုတာကတော့ ထိန်းသိမ်းပြုစု ပျိုးထောင်ရတာက အလုပ်အလွန်ပိုပါတယ်
ဂြိုလ်တွေ များလာရင် အချိန်တွေကလည်း တော်တော်လေး ပေးလာရပါတယ် တစ်ရက်တစ်ရက်ကို အချိန်ခွဲဝေသုံးစွဲမှုမှာ သူက တော်တော်
များများ ယူသွားလေ့ရှိပါတယ် အဲ့သလိုမှမ လုပ်ရင်လည်း မရပါူဘူး အချိန် ပေးကိုပေးရပါတယ် အချိန်ပေးနိုင်မှ အဆင့်တွေ တဖြည်းဖြည်း
မြင့်လို့လာမှာဖြစ်ပါတယ် အခုတော့ ဒီဂိမ်းတစ်ခုနဲ့တင် တော်တော်လေးကို ရွာလည်နေပါတယ် ဂိမ်းအသစ်တွေလည်း လှည့်မကြည့်
နိုင်တော့ပါဘူး အကျိုးအမြတ်ကလည်း ဝေလေလေဆိုတော့ကာ လုပ်ရကိုင်ရတာ နဲနဲတော့ မလန်းဘူးပေါ့

အခုဆိုရင်တော့ အသံတွေ ကြွက်စိကြွက်စိနဲ့ တိုးတိုး တစ်မျိုး ကျယ်ကျယ်တစ်မျိုး ထွက်လို့လာနေပါပြီ ဟုတ်ပါတယ်
လူတွေက စိတ်မရှည်တော့ပါဘူး ဒီထက်လည်း စိတ်ရှည်လို့ မကောင်းတော့ဘူးမဟုတ်လား ဒါကိုသဘောပေါက်တဲ့အတွက်
သူတို့ကတော့ နောက်ထပ် လေးဆယ့်ငါးရက်အတွင်း အဆင်ပြေအောင် ဖန်တီးပေးမယ် ပြောပြီးသားပါ ဒါကလည်း လွယ်တော့
မလွယ်ပါဘူး တကယ်ကော ဟုတ်ရဲ့လားလို့ သံသယ ရှိသူတွေများပါတယ် သံသယဖြစ်သူတွေကလည်း ရင်းနှိးထားသူတွေပါဘဲ
မပေးတော့ဘူးဆိုရင်လည်း ကောင်းသား ပေးမယ်ဆိုရင်လည်း ထိထိမိမိတော့ ပေးစေချင်ပါတယ် ဒါပေမယ့် မျှော်လင့်သလို
ဖြစ်မလာဖို့ ရာနှုန်းများနေပါတယ် အရင်းပြန်ရဖို့ဆို၇င်တောင် ဂိမ်းကို နှစ်ပေါက်အောင် ကစားရမယ့်သဘောမြင်ရပါတယ်

နောက်တစ် ကိုးလလောက် စာရေးပြီးရင်တော့ အရင်းကျေနိုင်ပါတယ် ဂိမ်းအပေါ်က ရတာမဟုတ်ပါဘူး စာရေးတာကနေရလာနိုင်တာ
တွက်ကြည့်တာပါ စာရေးတာတော့ အပိုလုပ်မဟုတ်လို့ အဆင်ပြေပါတယ် သူမပေးလည်းရေးမှာ ဆိုတော့ပေးနေတော့ တော်တော်လေး
အံဝင်ဂွင်ကျရှိလှပါတယ် သူတို့ပြောသလို နောက်လ လလယ်မှာ စပေးမယ်ဆိုရင်တော့ အမြတ်ထွက်လာမှာ အသေအချာပါဘဲ အခုတော့ ကိုယ်
တွေလည်း ဝေလေလေ ကစားလို့ကောင်းနေတုန်းဘဲ
@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/12/%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%9c%e1%80%ac%e1%80%b8%e1%80%9b%e1%80%95%e1%80%b9%e1%80%99%e1%80%9c%e1%80%ac%e1%80%b8/

Coin Marketplace

STEEM 0.14
TRX 0.35
JST 0.035
BTC 115782.17
ETH 4661.54
SBD 0.86