လက်နက်ချမလား
ခေါင်းစဉ်ဖက်ပြီး ခြိမ်းခြောက်နေတယ်တော့ မထင်လိုက်ပါနဲ့ဗျာ တကယ်က ကိုယ်က ခြိမ်းခြောက်ခံခဲ့ရတာပါ မလှုပ်နဲ့ လှုပ်တာနဲ့ပြုတ်သွားမယ် ဆိုတာ ဒါမျိုးပြောတာထင်ပါတယ် တကယ်ဘဲ လက်နက်ချ အညံ့ခံခဲ့ရပါတယ် လက်နက်လည်း မချလို့မရတော့ဘူးလေ အခြေအနေက တေ့ပြီးဖြုတ်ခံရတာဆိုတော့ ရွေးစရာက ဒီတစ်လမ်းဘဲရှိတယ် ဒါကြောင့် လက်နက်ချခဲ့တယ်
အဖြစ်အပျက်က ဟိုဘက်ရပ်ကွက်လေးအကြောင်းပါ ကျွန်တော့်ပို့စ်ကို ဖတ်လာသူတွေကတော့ သိပါလိမ့်မယ် ဟိုဘက်ရပ်ကွက်အကြောင်း (ခပ်တည်တည်ဘဲ ဘယ်သူကဖတ်မှာလဲ ) လွန်ခဲ့သော လများဆီက ဟိုဘက်ရပ်ကွက်လေးအကြောင်း ရေးခဲ့ပါတယ် မရေးဖြစ်တာက တော်တော်ကြာသွားတယ်
စိတ်ဝင်စားတဲ့သူက မရှိဘူးထင်လို့ပါ တကယ်လည်း စိတ်ဝင်စားသူ မရှိပါဘူး ဒီဘက်ရပ်ကွက်တောင် သရဲခြောက်တော့မယ်မဟုတ်လား ဟိုဘက်ရပ်ကွက်က ဈေးတောင် မပေါက်သေးတာဘယ်လို စိတ်ဝင်စားနိုင်မှာလဲ မှန်ပါတယ် ဘယ်သူမှစိတ်မ၀င်စားတဲ့ အဲ့ဒီရပ်ကွက်အကြောင်း ရေးတင်ခဲ့ပါတယ် ကိုယ်တိုင်လည်း တစိုက်မက်မက်လုပ်ခဲ့ပါတယ် လုပ်ခဲ့သလောက်လဲ တစ်စုံတစ်ရာ အခြေအနေထိရောက်နေပါပြီ
ဘာဖြစ်လာသလဲဆိုတော့ အဲ့ဒီရပ်ကွက်မှာ အဖမ်းခံရပါတယ် ဘာခိုးလို့လဲဆိုတော့ ဘောနပ်တွေ မလှိမ့်တပါတ်နဲ့ယူတာပါ ဒါကတော့ အဲရားဒရော့ လုပ်သူတိုင်း လုပ်နေကျ ထမင်းစားရေသောက်အလုပ်တွေပါ ကိုယ်လည်း လုပ်တာပေါ့ လုပ်တော့ ဂိတာပါဘဲ အကောင့်ပိတ်ခံရပါတယ် ရှိတာလေးတွေ ပြောင်ရောပေါ့
အဲ့သလို အဖြစ်မခံပါဘူး သူတို့က သက်ညှာပါတယ် လက်နက်ချအညံ့ခံ (ရိုးသားစွာ ၀န်ခံ)သူများကို အခွင့်အရေးပေးပါတယ် ဒီဘက်မှာလို အလံထောင်ပြီး အသေသက်တာမဟုတ်ပါဘူး ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ် အခုတော့အဆင်ပြေပြီ ဈေးပေါက်ဖို့ဘဲ ကျန်တော့တယ် ဈေးသာပေါက်လို့ကတော့ လုပ်ချင်တာ အတော်များများ လုပ်လို့ရပါလိမ့်မယ်
အကျယ်ချဲ့တော့ နောက်ရက်မှ ရေးတော့မယ်လေ မေ့နေမှာစိုးလို့ လုပ်ထားသူတွေ အဲ့ဒီရပ်ကွက်မှာ နေရာယူထားရင် သတိလေးနဲ့နေပါ မကြာခင် ဈေးထွက်လာပါတော့မယ် ပါဝါစုထားသူတွေတော့ ထောပါတော့မယ်
စတီးမစ်အခြေအနေမကောင်းရင် အဲ့ဒီဘက်ပြောင်းပြေးရမှာပါ စတီးမစ်ပြီးရင် ဆိုရှယ်မီဒီယာမှာ သူကအကောင်းဆုံးပါ အောင်မြင်နိုင်ချေ အရှိဆုံးပါ ပြီးတော့ စတီးမစ်နဲ့ အလုံးစုံတူညီပါတယ်
Author : @bobokyaw
Posted from my blog with SteemPress : https://bobokyaw.timeets.com/?p=27
ကျနော်လည်း နေရာတော့ ဦးထားတာ မေ့နေပီ။
Posted using Partiko Android
အားရင် လုပ်ထားပေါ့ မမှားပါဘူး
ဘာခက်တာမှတ်လို့ စတီးမစ်က ပို့စ်ကို ဟိုမှာ ပြန်တင်လိုက်လဲ ဖြစ်တယ်