ရှာဖွေရေးများရပ်နား
အာကာသဂိမ်းမှာ ရှာဖွေမှုတွေကို စတင်ရပ်နားလိုက်ပြီဖြစ်ပါတယ် ဒီဂိမ်းကို စကစားကတည်းက ရှာဖွေလိုက်တာ ခုချိန်ထိ ရှာဖွေးရေးလုပ်ငန်းစဉ်က မပြီးနိုင်သေးပါဘူး နောက်ထပ်လည်း အချိန် အတော်များများ ရှာဖွေရဦးမယ်ထင်ပါတယ် အခုလောလောဆယ်မှာတော့ ရှာဖွေမှုတွေကို ရပ်နားရပါတော့မယ် ဒါမှမဟုတ်ရင်လည်း ရှာဖွေမှုအကြိမ်ရေကို များစွာလျှော့ချလိုက်ရတော့မှာဖြစ်ပါတယ် ထပ်ြပီးရှာချင်သေးပေမယ့် ရှာဖွေရေးတစ်ခုတည်းနဲ့တင် အဆင်မပြေတော့ဘူးဆိုတာ တွေ့မြင်လာရတဲ့အတွက် ရှာဖွေမှုတွေကို ရပ်နားဖို့ ဖြစ်လာတော့တာပါဘဲ ဂြိုလ်ရှာရတာတော့ ပျော်စရာကောင်းခဲ့ပါတယ်
များမကြာခင် ကာလမှာတော့ တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်ကြတော့မှာဖြစ်ပါတယ် ဘယ်လိုတိုက်ပြီး ဘယ်လို စစ်ဖြစ်ကြမယ်တော့ မသိသေးပါဘူး စစ်သွေးကြွတွေကတော့ အခုကတည်း တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်နေကြပါပြီ အကျိုးအမြတ်မလာသေးတဲ့အတွက် လူတိုင်းကတော့ တိုက်ခိုက်မှုတွေကို သိပ်အလေးမပေးကြသေးပါဘူး ခက်နေတာ တစ်ခုတော့ရှိပါတယ် ဒါက ကစားသူအရေအတွက် အတော်နည်းနေတာ မြင်ရပါတယ် ဒါဟာ တစ်ခုခုကို စောင့်နေတာဆိုရင်တော့ အကျိုးအမြတ်ခွဲတမ်းလို့ဘဲ ပြောရမှာပါ သူတို့က ဒီအတိုင်းထိုင်စောင့်နေတာပါ အကျိုးအမြတ်ပေးလာတဲ့အခါမှ ထပြီး ကစားမယ့်သူတွေ အတော်ကိုများပါတယ်
စစ်ရေးပြင်ဆင်မှုတွေကို အားလုံးမဟုတ်တောင် တော်တော်များများက လုပ်ဆောင်ပြီးနေကြပါပြီ ကိုယ်တွေမှာတော့ ကာကွယ်စရာ များများစားစားမရှိတဲ့အတွက် သိပ်တော့ တွေးပူစရာမရှိလှပါဘူး စစ်ရေးအတွက် တွေးပူရမှာကတော့ စစ်အင်အား ပျောက်ဆုံးပျက်စီးမှာကိုဘဲ ပူစရာလိုပါတယ် ဒါကလည်း မဖြစ်မနေ ရင်ဆိုင်ရမှာဖြစ်လို့ သိပ်တော့ စိုးရိမ်စရာမရှိတော့ပါဘူး တပ်မဟာတွေ ဖွဲ့စည်းဖို့တော့ လိုအပ်နေပါတယ် အားတဲ့အချိန်စောင့်နေတာနဲ့ မလုပ်ဖြစ်သေးပါဘူး စစ်ရေးက ဘယ်လို ခင်းကျင်းလာမယ် မသိသေးတော့ သူလည်း စောင့်ကြည့် ကိုယ်လည်း စောင့်ကြည့်ပါဘဲ သူက တိုက်လာရင်တော့ ကိုယ်က ပြန်တိုက်ရတော့မှာပါ အကျိုးမဲ့စစ်တော့ ဘယ်သူမှ မတိုက်ချင်ကြပါဘူး စစ်သွေးကြွ အရူးတစ်ချို့ကလွဲရင်ပေါ့
အခုတော့ ရှာဖွေမှုတွေ စတင်လျှော့ချနေပါပြီ စစ်ရေးအတွက် ပြင်ဆင်ရတော့မှာဖြစ်ပါတယ် တိုက်ခိုက်ရေးအတွက်အသင့်အနေအထားမကြာခင်မှာ ခင်းကျင်းနိုင်မယ်ထင်ပါတယ်
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/09/%e1%80%9b%e1%80%bd%e1%80%ac%e1%80%b1%e1%80%96%e1%80%bc%e1%80%b1%e1%80%9b%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9b%e1%80%95%e1%80%b9%e1%80%94%e1%80%ac%e1%80%b8/
Genau meine Worte :)