သူနဲ့သူသာနှိုင်းစရာ

in #busy6 years ago

person-3505169_960_720.jpg

ကဘာ့အချမ်းသာဆုံးလူသားတစ်ဦးအကြောင်းကို ဆက်လို့ ရေးပါဦးမည်
အဲ့ဒိလူကြီးက အလွန်ပင် အကောင်းကြိုက်တဲ့ လူကြီးဖြစ်လေသည်။ သူသည် ပိုလို ကစားခြင်းကို
လည်းနှစ်သက်သည်။ ပိုလို ကစားရန်အတွက်ဟုဆိုကာ အာဂျင်တီးနားနိုင်ငံကနေတောင် အကောင်း
ဆုံးမြင်းများကို ၀ယ်ယူခဲ့သည် အမြန်ဆုံးရောက်ရှိရန်အတွက် မြင်းများကို လေယဉ်ဖြင့်ပင် သယ်ဆောင်
စေခဲ့သည်။ မြင်းအကောင်ရေ သုံးရာကျော်ဝယ်ယူခဲ့လေသည်။

ချမ်းသာကြွယ်ဝ သူတို့ ရဲ့ ထုံးစံအတိုင်း
ကဘာအရပ်ရပ်က အလှမယ်များ နှင့် နာမည်ကြီးသော ဆယ်လီ ရုပ်ရှင်မင်းသမီး အချောအလှများနှင့်
နာမည်ကြီးသော အဆိုတော်များ ကချေသည်များကိုလည်း ဒေါ်လာလမ်းခင်းပြီး သူ့ရှေ့တော် အရောက်
ခေါ်ဆောင်နိုင်စွမ်းရှိသူဖြစ်လေသည်။ သူ့နန်းတော်သို့ ဖိတ်ခေါ်ပြီး နန်းတွင်းမှာ ဖျော်ဖြေခိုင်းတက်ပါ
လေသည်။ ထိုသို့ ခေါ်ဆောင်ခြင်းများအတွက် ဒေါ်လာ သိန်းသန်း များစွာ ပေးဆောင်အကုန်အကျခံ
တက်ပါသေးသည်။
book-1659717_960_720.jpg

ဥပမာတစ်ခုလောက် ပြောပြရမယ်ဆိုရင်တော့ ကဘာကျော်သော ပေါ့စ် အဆိုတော်ကြီး အကဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ကိုတောင် သူက ဒေါ်လာ ဆယ့်ငါးသန်းတိတိ ပေးလို့ ငှားရမ်းခဲ့ဖူး
ပါလေသည်။ ပြီးတော့ ထိုပွဲအား လူအများကြည့်ရှုစေနိုင်ရန်အတွက် အခကြေးငွေ မပေးဆောင်စေဘဲ ဖရီးပွဲလို လဟာပြင်ကြီးတွင် ဖျော်ဖြေစေလေသည်။
သူက အဲ့သလိုလူစားမျိုးဖြစ်လေသည်။
အဲ့ဒီလူနာမည်ကတော့ ဟန်ဆန်နာ ဘိုခီးယားလို့ ခေါ်တွင်လေသည့် ဘရူးနိုင်နိုင်ငံရဲ့ ရေမြေ့သခင်
စူတန်ဘုရင်ကြီးပင်ဖြစ်လေတော့သည်။

သူသည် ဘရူးနိုင်းနိုင်ငံငယ်လေးကို ချမ်းသာကြွယ်ဝပြီး အေးချမ်းသာယာအောင် စီမံဆောင်ရွက်
နိုင်ခဲ့သူလည်းဖြစ်သည်ဟု ဆိုပါလေသည်။
သူသည် ဘရူးနိုင်ငံရဲ့ ဘုရင် တစ်ဆူ ဖြစ်သလိုပါဘဲ အဲ့ဒီနိုင်ငံမှာ သူသာလျှင် စော်ဘွားဖြစ်သည်။
ဒါတင်လားဆိုမဟုတ်သေး သူသာလျှင် သမတဖြစ်သည်လို့ဆိုပြန်သည်။ နောက်ထပ် သူသာလျှင်
ဝန်ကြီးချုပ်ဖြစ်ပြန်သည်။ နောက်ထပ်ကျန်သေးသည် သူသာလျှင် ထိုနိုင်ငံရဲ့ ကာကွယ်ရေး ၀န်ကြီး
ဖြစ်ပြန်လေသည်။ သူသာလျှင် ထိုနိုင်ငံရဲ့ ထိပ်ခေါင်ဖြစ်လေသည်။ ဒါလည်း အလွန်ကောင်း
သော အခြေအနေဖြစ်လိမ့်မည်။
book-3510326_960_720.jpg

အရေးကိတ်စ တစ်ခုဆို ဟိုလူ့ ညှိနှိုင်းရ သဘောတူချက်ယူရ
ဟိုသဘောထား တောင်းခံရ ဒီသဘောထား စောင့်စည်းရနဲ့ အမှန်တကယ် အလုပ်ဖြစ်မည့် အရေး
က တိုင်ပင်ဆွေးနွေး နေရတာနဲ့ ဝေးကွာ မှုန်ဝါးသွားတက်သည်။ သူကတော့ သူနဲ့သူသာ ဖြစ်လို့
အရာရာသူ့သဘော သူ့ ဆန်ဒအတိုင်း လက်ညှီုးညွှန်ရာ ဖြစ်စေသတည်း ဆုနှင့်ပြည့်စုံသူပါဘဲ
သူ့ရဲ့ ဂုဏ်ဒြပ်တွေက ဒီလောက်တင်မဟုတ်သေးပါဘူး သူသည် အလွန်အမင်း ချမ်းသာကြွယ်ဝ
သူဖြစ်လေသည်။

သူ့ရဲ့ချမ်းသာကြွယ်ဝမှုများကို ဂင်းနစ်မှတ်တမ်းတွင် ရေးထိုးရသည်အထိဖြစ်လေ
သည်။ သူ့ရဲ့ တစ်ရက်ဝင်ငွေကလည်း ထိုစဉ်ကာလ အနေအထားနဲ့ မက်လက်စရာ မယုံနိုင်စရာ
ဖြစ်လေသည်။ တစ်ရက်ဝင်ငွေမှာ ဒေါ်လာ လေးသန်းခန့် ရှိသည်ဟုဆိုသည် ထိုဝင်ငွေသည် နေ့
စဉ်ဝင်ငွေဖြစ်လေသည်။ အဓိက လုပ်ငန်း ငွေဝင်လမ်းကြောင်းကတော့ ရေနံနဲ့သဘာဝဓါတ်ငွေများ
မှဟု ဆိုပါလေသည်။ သူ့ခေတ် သူ့အခါတုန်းကတော့ သူသည် ကဘာ့အချမ်းသာဆုံး လူသားတစ်
ယောက်ဖြစ်ခဲ့ပါလေသည်။
Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64036.76
ETH 2647.26
USDT 1.00
SBD 2.78