"သတိ" ဆိုင်ကယ်သူခိုးရှိသည်
မူဆယ်အမှတ်(၂)ဈေး သည် ဈေးရောင်းသူဈေးဝယ်သူဈေးလည်သူများနှင့်အမြဲစည်ကားသောဈေးဖြစ်သည်
ဈေးထိပ်လမ်းဆုံမီးပွိုင့် နှင့်မလှမ်းမကမ်းနေရာတွင် ဈေးရောင်းဈေးဝယ်သူများ၏ ဆိုင်ကယ်များ အပ်နှံရာနေရာလေးရှိလေသည်
"ဆိုင်ကယ်အပ်ရန် တစ်စီ3း00 ကျပ်" ဟုရေးထားသောသစ်သားဆိုင်းဘုတ်ကို အုတ်နရံမှာချိတ်ဆွဲထားသည်
ဆိုင်းဘုတ်လေးရှေ့မှာတော့ လမ်းဘေးတစ်လျှောက် ဆိုင်ကယ် မျိုးစုံစီတန်းရပ်နားထားသည် ဆိုင်ကယ်အစီးရေ တစ်ရာခန့်ရှိမည်
ဈေးသို့လာကာဆိုင်ကယ်အပ်နှံသောသူများနှင့် ဈေးမှပြန်ရန်ဆိုင်ကယ်ေ၇ွးသောသူများဖြင့် အမြဲလူစည်ကားသောနေရာ
ထိုနေရာသည် ကျွန်တော်အလုပ်လုပ်ရာနေရာဖြစ်သည် အသိတစ်ယောက်ကအာမခံပြီးအလုပ်သွင်းပေးသဖြင့် ဒီအလုပ်ကိုရခြင်းဖြစ်သည်
အလုပ်က ဆိုင်ကယ် စောင့်ရသောအလုပ် ဈေးဝယ်သူများ ဆိုင်ကယ်လာရောက်အပ်လျှင်
တိုကင်နံပါတ်ပြားပေးပြီးဆိုင်ကယ်ကိုနေရာလွတ်တွင် ပါကင်ထိုးပေးရသည် လာရောက်ေ၇ွးယူသောတိုကင်နံပါတ်နှင့်ဆိုင်ကယ်မှာချိတ်ထားသောလက္ခံတိုကင်နံပါတ်ကိုက်ညီရန်စစ်ပြီး ဆိုင်ကယ်ကိုထုတ်ပေးရသည် ဆိုင်ကယ်များမပျောက်ရန်
ထိခိုက်ပျက်စီးမှုမရှိရန် တာဝန်ယူစောင့်ပေးရသည့်အလုပ်ဖြစ်လေသည်။
အပ်နှံခကောက်ခံခြင်းကိုတော့ အလုပ်ရှင်ဦးလေးကြီးကလုပ်သည် တစ်နှစ်လျှင် သိန်းသုံးဆယ်ဖြင့် ဦးလေးကြီးမှလေလံဆွဲထားသည်ဟု
အလုပ်သွင်းပေးသူ အသိမှ ပြောပြဖူးသည် တစ်ရက်လျှင် ခန့်မှန်းခြေ ဆိုင်ကယ်အစီးရေနှစ်ရာကျော် အပ်နှံလေ့ရှိသည် ဈေးနေ့ဆိုလျှင်သုံးရာကျော်ခန့်ရှိလေသည်
ဦးလေးကြီးအတွက် ငွေအတော်ဝင်သောအလုပ်ဖြစ်ပေမည် ကျွန်တော်တို့လုပ်ခလစာ တစ်လလျှင်တစ်သိန်းငါးသောင်း စီရသည် စားရိတ်ငြိမ်းဖြစ်သည်
နေစရာတော့မရ အလုပ်အတူလုပ်သောလုပ်ဖော်ကိုင်ဖက်နှင်အိပ်ခန်းငှားနေရလေ၏
နံနက်ငါးနာရီဈေးဖွင့်ချိန်မှ ညနေလေးနာရီဈေးပိတ်ချိန်ထိနေ့စဉ်လုပ်ရသည် ကျွန်တော်နှင့်အတူ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ရှိသေးသည်
အလွန်အမင်းပင်ပန်းသောအလုပ်မဟုတ် ဆိုင်ကယ်အ၀င်အထွက်များသည့် အချိန်များတွင်သာ အလုပ်များလေသည်ကျန်အချိန်များတွင်
ဟိုငေး ဒီငေး နှင့် ဖုန်းလေးတွေကိုယ်စီပွတ်နေကြသည်သာဖြစ်၏ တစ်ယောက်တစ်လှည့်ညှိပြီး နားနားနေနေလုပ်ကိုင်နိုင်သည်
အပြင်သွားစရာရှိပါကလည်း ကျန်တစ်ယောက်အား အကူညီတောင်း ကာ အလုပ်ရှင်ဦးလေးကြီးအား အသိပေးပြီး သွားလိုကသွားနိုင်လေသည်
တစ်လလျှင် တစ်သိန်း အိမ်ကိုအမြဲပို့နိုင်၏ ကျန်တဲ့ငါးသောင်းကတော့ အိမ်ခန်းခ နှစ်သောင်းနှင့်မိမိတကိုယ်ရေးသုံးဖို့အတွက် လောက်ငှပါသည်
အခြားငွေပိုရသောအလုပ် အခွင့်အလမ်းများသောအလုပ်များကို လုပ်ချင်မိသည် သို့ပေမဲ့လည်း အတန်းပညာကမရှိ လက်မှုအတက်ပညာက မတက်
မို့ ယခုအလုပ်ကိုသာ စိတ်နှစ်ပြီးလုပ်ကိုင်ရပေ၏ ဒီအလုပ်လေးပြုတ်လို့မဖြစ် နောက်အလုပ်တစ်ခုရဖို့ အခြေကျဘို့ဆိုသည်က ခက်ခဲလေစွ
ကျွန်တော်တို့လုပ်နေသောအလုပ်သည် ရလွယ်သောအလုပ်မဟုတ် တစ်ဦးတစ်ယောက်ကအာမခံပေးမှသာ လက္ခံအလုပ်ပေးလေသည်
ယုံကြည်စိတ်ချရသူ အကျင့်စာရိတ္တ ကောင်းမွန်သူ များကိုသာေ၇ွးချယ်ပြီးအလုပ်ပေးသည် နေ့စဉ်လုပ်ကိုင်နိုင်သော ရာသီမရွေးအလုပ်
မပြတ်သော အလုပ်ဖြစ်၍ လုပ်ကိုင်ချင်သူ ပေါများလှပေသည် ကျွန်တော်သာ ကံကောင်းလို့ ဒီအလုပ်လေးရခြင်းဖြစ်သည်ဟုထင်မိသည်
အလုပ်ရှိလား လူလိုသလား ဟု အလုပ်ရှင်ဦးလေးကြီးအား အလုပ်ရှာသူများ မကြာခဏလာရောက်မေးမြန်းတက်သည်
အလုပ်လိုချင်သူ အလုပ်တောင်းသူကများသည် ကျွန်တော်တို့နှင့် မလှမ်းမကမ်း လမ်းဘေးတစ်လျှောက် ဆိုင်ကယ်အပ်လက္ခံရာနေရာများ
သုံးနေရာရှိပါသေးသည် ထို့ကြောင့် ကျွန်တော်တို့လည်း အလုပ်ကိုဂရုတစိုက်လုပ်ကြရသည် အလုပ်တူအလုပ်ပြိုင်များ ရှိခြင်းကြောင့် ကိုယ့်နေရာမှာ
ဆိုင်ကယ်များများ လာရောက်အပ်နှံစေရန်အတွက် ကြိုးစားကြရသည် အလုပ်ရှင်ဦးလေးမျက်စိ မနောက်အောင် သဘောကျနှစ်သက်အောင်
အမြဲသတိထားနေကြရသည်
ဘာလိုလိုနှင့်ဒီအလုပ်ဝင်တာ ခြောက်လနှင့်တစ်ရက်ပင်စွန်းခဲ့လေပြီ ယနေ့ပင်ပြီးခဲ့တဲ့လအတွက် အလုပ်လခကိုဘဏ်မှာငွေသွားလွှဲခဲ့လေသည်
အလုပ်ကအဆင်ပြေသည်ဆို၇မည် အိမ်ကို တစ်လတစ်သိန်းမှန်မှန် ပို့ပေးနိုင်သည် နောက်ထပ်သုံးလအတွက်ပို့ငွေမမျှော်ရန် အိမ်ကိုလှမ်းပြေားထားသည်
ဒီသီတင်းကျွတ်ကို အိမ်ပြန်မည် အိမ်ကိုလဲလွမ်းလှပါသည် သီတင်းကျွတ်ချိန်ခါဆိုလျှင် အိမ်မှာလူစုံကြသည် မောင်နှမတွေဘယ်နေရာဘယ်ဒေသရောက်ရောက်
သီတင်းကျွတ်လကို မဖြစ်မနေအမှီပြန်ကြသည် ဖေဖေနှင့်မေမေကို မိသားစုစုံညီစွာဖြင့် ကန်တော့ကြသည်မှာ နှစ်စဉ်နှစ်တိုင်းပင်
အိမ်ပြန်ရန်အတွက် သုံးလလိုသေးသည် သုံးလစာ လစာလေးစုပြီး ပြန်ရန်ရည်မှန်းထားလေသည်
မူဆယ်မှာဆိုင်ကယ်များ မကြာခဏပျောက်တက်သည် ဟိုနေရာမှာဘယ်လိုပျောက်သွားးတယ် ဘယ်လိုပါသွားတယ် စသဖြင့် မကြာခဏကြားရသည်
ထိုသို့ကြားရသည့်အခါတိုင်း အလုပ်ကိုသေချာဂရုတစိုက်နှုင့် လုပ်ကြရန် အမြဲသတိရှိကြရန် အလုပ်ရှင်ဦးလေးကြီးမှ ပြောဆိုသတိပေးတက်လေသည်
ဆိုင်ကယ်ပျောက်လျှင် ပြန်ရသည်မှာ မရှိသလောက်ပင် ဘယ်မှလိုက်လို့မရနိုင်တော့ အဆုံးဟုသာ သက်မှတ်ရချေသည်
ယနေ့သည် မူဆယ်ဈေးနေ့ဖြစ်သည် ဈေးရောင်းဈေးဝယ်များဖြင့် နံနက်စောစောတည်းက စည်ကားလို့နေချေပြီ ဆိုင်ကယ်အပ်သူများလှပေသည်
ဦးလေးကြီးလဲ မိုးလင်းကတည်းက မနားရသေးသလို ကျွန်တော်တို့လည်း လက်မလည်အောင်ဇယ်ဆက်သလို ဆက်တိုက်ပင်လုပ်ကြရသည်
နေ့လယ်ဆယ့်နှစ်နာရီကျော်လောက်မှ အလုပ်ပါးသွားတော့သည် အမောဖြေမယ်လို့ကြံကာရှိသေး ပြဿ နာကစပါလေပြီ
ဆိုင်ကယ်တစ်စီးရှာလို့မတွေ့ ဦးလေးမျက်နှာ သုန်မှုန်နေသည် ဆိုင်ကယ်ပိုင်ရှင်နှင့် စကားအခြေအတင်းပြောနေသည်
တကယ်တော့ ဆိုင်ကယ်ပိုင်ရှင်အား တိုးလျှိုးတောင်းပန်စကားဆိုနေခြင်းသာဖြစ်သည် ကျွန်တော်တို့လည်း မျက်နှာလေးတွေကဇီးရွက်
လောက်သာကျန်ပါတော့သည် နောက်ဆုံးအဖြေကတော့ ကျွန်တော်တိုစိုးရိမ်ထိတ်လန့်နေသောအရာသာဖြစ်လေတော့သည်
ဦးလေးအိမ်ပြန်သွားသည် ခဏအကြာ ပြန်ရောက်လာသည် ဆိုင်ကယ်ပျောက်သူ ပိုင်ရှင်က ငွေစက္ကူ များရေတွက်ပြီးနောက်ထွက်သွားလေသည်
ဦးလေးအတော်ကိုစိတ်ဆိုးနေချေသည် တစ်နေကုန်စကားမပြောတော့ ညနေဈေးပိတ်ပြီးအလုပ်သိမ်းချိန်ေ၇ာက်မှ မင်းတို့အိမ်လိုက်ခဲ့ကြဟုဆိုသည်
အလုပ်စ၀င်ချိန်က အလုပ်ရှင်အလုပ်သမားသဘောတူညီချက်တွင် ဆိုင်ကယ်ပျောက်ပါက ပျက်စီးထိခိုက်ပါက တန်ဖိုးပေးလျှော်ရမည်
ဟုပါရှိသည့်ဂတိအတိုင်း ကျွန်တော်တို့တစ်ယောက်လျှင်သုံးသိန်းစီပေးလျှော်ရလေသည် အလုပ်တော့မဖြုတ် တော်သေးသည်ဟုသာဆိုရတော့မည်
ခေါင်းငိုက်စိုက်ချလျှက် အခန်းသို့ပြန်နေသောခြေလှမ်းများ ကနှေးကွေးလွန်းနေသည်
သီတင်းကျွတ်ရန် ဆယ်ရက်သာလိုတော့သည် အိမ်ပြန်ရန်မဖြစ်နိုင်တော့ ကျွန်တော်အိမ်ပြန်လာမည့်အချိန်ကို စောင့်မျှော်နေမယ့်
အမေ့မျက်နှာကိုမြင်ယောင်နေမိသည် စိတ်ထဲမွန်းကျပ်လာသည် အံကိုကြိတ်လိုက်မိသည် ကျွှန်တော့်ရှေ့တွင်တွေ့သောရေသန့်ဘူးခွံကို အားကုန်ပစ်ကန်လိုက်သည်
အလုပ်ရှင်ဦးလေးကြီးကိုလား ဆိုင်ကယ်သူခိုးကိုလား ဆိုင်ကယ်ပိုင်ရှင်ကိုလား ကိုယ့်ကိုကိုယ်လား ဘယ်သူ့ကို အပြစ်တင်ရမည်လဲမသိတော့ပါ။
@bobokyaw
photo : google images
Very smart pohotgraphy wow @bobokyaw
thanks
Nice post frd i have upvoted it and followed you do follow @sid9999 .Lets make a steamit family and help each other learn hope to see a good response .
Upvoted and followed
ငါ့ညီရေ။ကြီးပွါးတိုးတက်ချင်ရင် ကိုယ်ပိုင်အလုပ်, လုပ်ကွာ။တတ်နိုင်သလောက်လည်း ပိုက်ဆံစုပေါ့ကွာ။လွန်ခဲ့တဲ့ (၁၀)နှစ်လောက် အကို့ တပည့်တစ်ယောက် ကွမ်းယာဆိုင်ပေါက်စလေး စဖွင့်တယ်။ အခုတော့ ဒီကောင် တော်တော်ချမ်းသာ သွားပြီ။ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားနဲ့ ဖြစ်နေပြီ။အဲဒါ ကွမ်းယာရောင်းတာနော်။ညောင်ရမ်းမှာ ကုလားလေးကွမ်းယာဆိုင်ဆိုရင် လူတိုင်းသိတယ်။ဒါ နမူနာ
ပြောပြတာပါ။ရိုးရိုးသားသား ကြိုးကြိုးစားစား အလုပ်လုပ်၊ပိုက်ဆံစုပြီး ကိုယ်ပိုင်အလုပ်တစ်ခုခုလုပ် ငါ့ညီရေ။
ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို
သင်ခန်းစာရစရာလေးတွေဖတ်ရှုရလို့ကျေးဇူးတင်ပါတယ်
ဖတ်ပေးလို့ ကျေးဇူးပါ ကို ansoe
စကားလုံးထပ်တွေ အဆင့်တွေကို အချို့ဖုန်းများတွင်သုံးမရသည့်အတွက် Post တင်သူအတော်များများလက်ရှေင်ရေးကြရသည်။ ဥပမာ မောင်ရင်ဘယ်မြို့ကလဲ မြင်းမူ ကပါဗျာ၊ မြို့ပေါ်ကဟုတ်မယ်ထင်ပါဘူး။ မှန်ပါ့ဦးလေးရယ် ကျွန်တော်နေတာက အလ္လကပ္ပ ပါ။ ရေးဖို့သေရော။ ခုလဲုဖုန်းကြောင့်တူပါရဲ့ကွယ်။
ဟုတ်ကဲ့ခင်ဗျ ဂရုစိုက်ပြင်ဆင်ပါ့မယ် ခင်ဗျ
ကိုယ့်ထက်အသက်ရှည်မယ့်သူသက်တော်ရှည် Steemit မို့ပြောတာပါဗျာ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆရာ့ ပိုစ့်တွေ ဖတ်ရင်းသင်ယူလေ့လာနေပါတယ်ဆရာ ဆရာ့ပိုစ့်တွေထဲမှာ စာပေအပေါ်ထားတဲ့ ဆရာ့စေတနာကို အထင်းသားတွေ့မြင်ခံစားမိပါတယ် ခုလိုလိုအပ်သည်များကို နောင်များမှာလဲ ပြောပြပေးဖို့ မျှော်လင့်ပါရစေဆရာ
ဝေဖန်မှုဆိုတာ မကောင်းတာကိုပဲဇောင်းပေးပြောရတာမဟုတ်ပါ၊ အားနည်းချက်ကိုထောက်ပြပြီးအားသာချက်ကိုလမ်းဖွင့်ပေး ရပါတယ်။ ဝေဖန်လွန်လို့ စိတ်ဓါတ်ကျပြီးထွက်မသွားအောင်လည်းဂရုစိုက်ရပါတယ်။
နားလည်လက္ခံပါသည် ဆရာ တက်သိနားလည်သူတစ်ယောက်ရဲ့ ဝေဖန်ထောက်ရှု မှု က ရှေ့ဆက်ရမယ့်ခရီးလမ်းအတွက် မဖြစ်မနေယူဆောင်သွားရမယ့် ရိက္ခာပစ္စည်းလို့ မြင်ပါသည်ဆရာ
ကျေးဇူးပါ ဝေဖန်ရေးလုပ်ပေးပါ့မယ်
Congratulations @bobokyaw! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPသတိထားပေါ့အကိုရာ
မျက်ခြေမပျက်စောင့်ကြည့်နေရပါတယ်
Bကောင်းပါတယ်
ကျေးဇူးပါ ကိုthatkozaw
Update only