သက်တမ်းတိုးဆောင်ရွက်
https://rorsteem.com
ဒီနေ့မှာတော့ ကုန်သွယ်ရေးဂိမ်းရဲ့ အရေးကြီးသော အပိုင်းတစ်ခုလို့ ဆိုရလောက်အောင် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ဖြစ်ပါတယ် ဟုတ်တယ်လေ သက်တမ်းတိုးတာက အရေးကြီးတာပေါ့ သက်တမ်းတိုးခြင်းမဆောင်ရွက်ဘဲ ဒီအတိုင်းနေကြည့်ပါလား စစ်သားတွေ တစ်ကောင်ပြီးတစ်ကောင် သက်တမ်းကုန်ရော သက်တမ်းကုန်တော့ ဒင်းတို့က အလုပ်ခိုင်းလို့ မရတော့ဘူးလေ အရင်ကတော့ မသိဘူး သက်တမ်းကုန်လားဘာလား ခိုင်းမရတော့ ဒီအတိုင်းထားလိုက်တယ် ခိုင်းရတာလေးတွေဘဲ ခိုင်းတော့ အလုပ်က သေချာ မဖြစ်မြောက်တော့ဘူး တဖြည်းဖြည်းနဲ့ သက်တမ်းကုန်တာတွေက များလာတော့ မဖြစ်သေးပါဘူး ဒီကောင်တွေ ဘာလို့ အလုပ်ခိုင်းမရတာလဲဆိုပြီး ဟိုကလိ ဒီကလိနဲ့ နောက်ဆုံး သက်တမ်းတိုးတာတွေဘာတွေ လုပ်လာရတော့တာဘဲ ကြည့်ရသလောက် သက်တမ်းတစ်ခါတိုးရင် တစ်ပါတ်လောက်တော့ ခိုင်းလို့ရတယ် နောက်တစ်ခါ သက်တမ်းထပ်ပြန်တိုးပေးရပြန်ရော တော်ပါသေးရဲ့ သက်တမ်းတိုးတဲ့ ဆေးပုလင်းက အော်တို အလကားပေးတော့ အဆင်ပြေသေးတယ် ၀ယ်သုံးရမယ် ရှာရမယ်ဆိုရင်တော့ တော်တော်မေလွယ်ဘူးနော ဒီနေ့မှာ စစ်သားသုံးကောင် သက်တမ်းတိုးပေးလိုက်တယ် ချက်ချင်းဆိုသလိုဘဲ မိုင်းတွင်းမှာ အလုပ်ဆက်ပြီးခိုင်းထားတယ် မနေ့က ခိုင်းတာ ငွေတုံးမရလိုက်ဘူး ဒါကြောင့် ဒီနေ့တော့ငွေတုံး ရဖို့ သေချာတယ် ငွေတုံးများများရထားမှ ရွှေပြန်ဝယ်လို့ အဆင်ပြေမယ်လေ ငွေတုံးက ရွှေရဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်နေတုန်းဘဲ မိုင်းတူးတာက ဒီအတွက် အလွန်ကောင်းပါတယ်
@bobokyaw