သက်တမ်းတိုးပေးရတယ်
စစ်သားတွေက အခုနောက်ပိုင်း သက်တမ်း အကန့်အသက်နဲ့ ဖြစ်လာပါတယ် အခုဆိုရင် တစ်ပါတ်ကို တစ်ခါ သက်တမ်းတိုးပေးနေရပါတယ် သက်တမ်းမတိုးပေးရင် အလုပ်ခိုင်းလို့ မရတော့ပါဘူး အလုပ်ခိုင်းတဲ့အထဲ သူမပါလာတော့ပါဘူး ဒါကြောင့် သက်တမ်းတိုးခြင်းကို မဖြစ်မနေ လုပ်ပေးနေရပါတယ် သက်တမ်းတိုးတဲ့ ဆေးကလည်း အခုလောလောဆယ်မှာတော့ ဖရီး ချပေးနေတဲ့အတွက် အဆင်ပြေပါတယ် နောက်ပိုင်းတော့ ၀ယ်ရမည်လား လဲရမည်လား ရှာရမည်လား မသိပါဘူး
ဒီနေ့တော့ ပိုးလုပ်ငန်းခွင်ကနေ အထည်အလိပ်တွေ သုံးခုလောက်ရလိုက်ပါတယ် သူက ရွှေနဲ့ လဲလှယ်တဲ့နေရာမှာ ဈေးကောင်းရပါတယ် ဒါကြောင့် ရွှေစုဆောင်းရန် အကောင်းဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်လို့နေတာပါ ကိုယ်လည်း ရွှေလိုခင်ျတဲ့အတွက် ပိုးလုပ်ငန်းမှာ အချိန်ကြာကြာနေပြီး စုဆောင်းမယ်လို့ စိတ်ကူးထားပါတယ်
တစ်နေရာတည်းမှာ အမြဲနေတာ မကောင်းပေမယ့် အခုလို ကိုယ်လိုအပ်တာနဲ့ အံကိုက်ဖြစ်မယ့် နေရာတော့ ကြိတ်မှိတ်ပြီး နေရလိုက်တာ အဆင်ပြေပါတယ်
အခုထိတော့ စတင်းတွေ ထွက်မလာသေးပါဘူး ဘာမှ မရသေးပါဘူး သူ့အပ်ဗုတ်လေးနဲ့တင် ဂိမ်းကစားရတာ တန်နေပါတယ် နောက်ပိုင်းပြောင်းလဲလာရင် ပြောင်းလဲလာသလို အခြေအနေကြည့် လုပ်သွားရမှပါဘဲ
@bobokyaw