စိုးရိမ်မှတ်သို့ရောက်လုပြီ

in #busy8 years ago

IMG_20180508_001115.png

စတင်းဈေးကတော့ ဒီနေ့ဟာ အဆိုးဝါးဆုံး လို့ ပြောရမလိုပါဘဲ အရိပ်တကြည့်ကြည့်နဲ့ နေ့စဉ်ရက်ဆက်
ကြည့်နေခဲ့ရတာပါ သူ တဖြည်းဖြည်း ကျဆင်းသွားတာကို ဒီအတိုင်းဘဲ ထိုင်ကြည့်နေခဲ့မိတယ်
အထက်ကို တက်လာတော့မှာ ဆိုတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်နဲ့ သူ့ကို စောင့်ကြည့်နေခဲ့တာပါ
တကယ်တော့ သူက အရှေ့ကို တစ်လှမ်း နောက်သုံးလှမ်း နှုန်းနဲ့ တဖြည်းဖြည်း ဆင်းလို့ သွားခဲ့တာပါဘဲ တစ်ချိန်ချိန်တော့ တက်လာမှာဆိုတဲ့ ယုံကြည်ချက်ကတော့ ခိုင်မာနေတုန်းပါဘဲ
အကြွင်းမဲ့လည်း ယုံပါတယ် ပြားငါးဆယ်အောက် သို့ ဆိုတဲ့ စိုးရိမ်အမှတ်ဟာ တဖြည်းဖြည်း နီးကပ်လို့
လာနေပါပြီ အရှုံးတော့ ပေါ်နေပြီဆိုတဲ့ အတွေးတော့ မတွေးမိပါဘူး စတင်းဟာ ဆုံးရှုံးမှု နည်းပါးလွန်း
တဲ့ နေရာတစ်ခုပါ သူ့ကြောင့် ဆုံးရှုံးမှုက ဘ၀တော့ မပျက်လောက်ပါဘူး
စတင်းဈေးကောင်းမှသာ အခြားသော ဆက်နွယ်ပါက်သက်ရာ အခြေအနေတွေက ရေမြင့်တော့ကြာ
တင့်မယ်မဟုတ်လား အခုအခြေအနေက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့အခြေအနေပါဘဲ
မျှော်မှန်းမထားတဲ့ အခြေအနေသို့တိုင်သွားနေပါတယ်။ ဘယ်လိုမှ ရပ်တန့်မထားနိုင်ခဲ့ဘူး
တစ်ချိန်မှာ နေရာမှန်သို့ ပြန်ရောက်လာလိမ့်မယ် ဆိုတဲ့ ခိုင်မာသော ယုံကြည်ချက်နဲ့ ဒီလမ်းကို
ဆက်လျှောက်မယ်လေ
ဘယ်လောက်ပင် နည်းပါးသွားပါစေ စတီးမစ်ကနေ တစ်ဖ၀ါးမှ မခွါဘူးလို့ စိတ်ဝယ် ဆုံးဖြတ်ပြီးသားပါ
ကိုယ့်အကောင့်လေး ၀င်လို့ ရနေသေးသရွေ့ စတီးမစ်မှာ ရှင်သန်နေဦးမယ်
အခြားစွဲလမ်းဖွယ်ကောင်းတဲ့ အရာတွေထက် သူ့ကို ပိုလို့ စွဲလမ်းတယ်
ယုံကြည်ရာအတွက် လျှောက်သောလမ်းမှာ အဟန့်အတား မှန်သမျှကို ကျော်ဖြတ်ရမယ်လေ
ရပ်တန့်မသွားပါဘူး ခရီးများ အဆုံးထိလျှောက်ကြပါစို့လေ
နည်းပါးသွားတဲ့ အခွင့်အရေးတွေနေရာမှာ ကြိုးစားအားထုတ်မှု အသစ်တွေနဲ့ ကျားကန်မယ်
လစ်ဟာသွားတဲ့ တန်ဖိုးနည်းပါးခြင်းနေရာမှာ အရင်ထက် နှစ်ဆ ကြိုးစားမယ်
ကိုယ်ရည်မှန်းရာ နေရာတော့ အရောက်သွားမှ ဖြစ်ပါ့မယ်
ရေကြည်ရာမြတ်နုရာ ရွေ့ပြောင်းရမဲ့ အထဲမှာ စတီးမစ် မပါသေးဘူးလို့ ယုံကြည်တယ်
ဘယ်လောက် ခက်ခဲကြမ်းတမ်းပါစေ ရှေ့မှာလျှောက်ရမဲ့ လမ်းတွေ ရှိနေသရွေ့ ဆက်လို့လျှောက်
မယ် လမ်းပျောက်ခဲ့ရင်တောင် လမ်းသစ်ဖေါက်ပြီး သွားမယ် ရှေ့ကို ဘယ်လောက်တိုးတိုး
တစ်ရက် တစ်လက်မပဲ တိုးနေပါစေ ဆက်လို့ ရွှေ့လျှားနေဦးမယ်
စတီးမစ်ကို ချစ်တယ်ဆိုတာကို အချိန်နဲ့သက်သေပြမယ်လေ။
အသက်ဆက်စရာ အထောက်အပံ့တွေ ရှိနေသရွေ့ ဘယ်လောက်နည်းပါနေပါစေ အိပ်မက်တွေကို
ဆက်လက်ပုံဖေါ် ထုဆစ်မယ်။

Author : @bobokyaw

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61711.04
ETH 1599.17
USDT 1.00
SBD 0.47