စတင်းမုန့်အပိုင်းအစများ

in #steempress8 years ago

doors-1767563_960_720.jpg

လက်ရှိအခြေအနေကတော့ အားရစရာမရှိဘူးလို့ မြင်နိုင်မှာပါဘဲ ဈေးကျတယ်ဆိုတော့ အင်အားနည်းသူတွေကို များစွာထိခိုက်
စေတာပါဘဲ တစ်ရက်နည်းနည်းဘဲရတော့တယ် အရင်တုန်းက နည်းပါးလွန်းတယ်ထင်ခဲ့တာတောင် အခုအခြေအနေနဲ့ဆို
တော်တော်လေးကို များနေသေးတာပါ။ အခုက အရလည်းနည်းတယ် တန်ဖိုးလည်း နည်းတယ် စာရေးသူနဲ့ ပို့စ်တင်သူလည်း
နည်းသထက်နည်းလာတယ် ဒါကတော့ သူသူကိုယ်ကိုယ် ဒီလိုဘဲ ဖြစ်ကြမှာပါ။ ကိုယ်ရေးလိုက်တဲ့ ပိုစ့်က ဘယ်လောက်ကောင်းတယ် မကောင်းဘူး ကိုယ်သိနေတယ်လေ ကိုယ်က အားတက်သရော အပီအပြင်ရေးထားတယ်
အားထည့်ထားတယ် မျှော်လင့်မိတဲ့ အခြေအနေအတိုင်း အပ်ဘုတ်တွေက ရောက်မလာခဲ့ဘူး ရောက်လာပြန်တော့လည်း
ဈေးကကျနေတော့ အရကလည်း အင်မတန်နည်းရော

နောက်ဆုံး အကျိုးအမြတ်ခွဲတမ်းခွဲလို့ ရမယ့် ပမာဏ တွက်ကြည့်တော့ ဟုတ်တိပါတ်တိလည်း မကျန်
ဒီတော့ ဘယ်လိုတွေးမိသလဲ ဒိအချိန်ရေးမနေတော့ပါဘူးကွာ ခဏလောက် နားထားလိုက်မယ် ဈေးလေးမာလာမှ
ဒါမှမဟုတ် နောက်ရက်တွေမှ ပြန်ရေးတာပေါ့ အဲ့သလိုလေး တွေးပြီး နေလိုက်ချင်တာပါဘဲ
စာမရေးဘဲ နေခဲ့ဘူးတယ် တစ်ရက်တိတိ ဖြစ်မယ်ထင်တယ် မှတ်မှတ်ရရပေါ့

woman-2692437_960_720.jpg

စာလဲ မရေးရဘူး ရေးစရာမလိုဘူး ပို့စ်မတင်ရဘူးဆိုတော့ လူက အင်မတန်ပေါ့ပါးသွားတာတော့ သတိထားမိတယ်
ခေါင်းပေါ်ရွက်ထားရတဲ့ ၀န်ထုတ် ၀န်ပိုးတစ်ခု လွှတ်ချလိုက်တဲ့အခါ ရတဲ့ ပေါ့ပါးမှု လွတ်လပ်မှုကို ခံစားရတယ်
အဲ့ဒီလောက်ကို စတီးမစ်အလုပ်က ဖိအားများတယ်ဆိုတာ နားလိုက်တဲ့အချိန် ချက်ချင်းသတိထားမိပါတယ်
သို့သော်လည်း အဲ့ဒီတစ်ရက် စာမရေးလိုက်မိတာကို နောက်ရက်တွေမှာ နောင်တရမိတယ် ဘာလို့လဲ
လု့စိတ်က ဆန်းကျယ်ပါဘိ မနေ့က စာမရေးလို့ ပျော်ရွှင်ခဲ့မိတယ် ဒီနေ့တော့ ဟိုအရင်နေ့တွေကလို စာပြန်ရေးရမယ်
တစ်ရက်ဆိုတာ ခဏလေးပါ ပုံမှန်အတိုင်း ရေးမယ်ဆိုတော့ ရေးချင်စိတ် နည်းသွားပြီ

မနေ့ကလိုဘဲ ပေါ့ပေါ့ပါးပါး နေလိုက်ချင်ပြန်တယ် စာမရေး ပို့စ်မတင် တာဝန်မရှိတော့တဲ့ လွတ်လပ်ခြင်းအရသာကို
စိတ်က ကြိုက်သွားပြီလေ
ဟာ..... ဒီတိုင်းသာဆို ခက်ရချည့်ရဲ့ တစ်ရက်တစ်ရက်နဲ့ မရေးဖြစ်တော့ရင် နောင်ဆို ပိုလို့မရေးချင်ဖြစ်မိလိမ့်မယ်လို့ တွေး
မိလာတယ် ဒိတော့ ဘာလုပ်သလဲ မနေ့က မရေးတဲ့ ပို့စ်ကို ဒီနေ့အကြွေးပြန်ဆပ်ပါတယ် ပုံမှန် တစ်ရက် တစ်ပုဒ်ရေးနေတာ
အဲ့ဒီနေ့က နှစ်ပုဒ်ရေးပလိုက်တယ်။ တာဝန်ကျေအောင် တာဝန်ချေတဲ့သဘောပေါ့ ပြီးတော့ ဒဏ်ပေးတဲ့ သဘောလည်းပါတယ်
နောက်ရက်တွေက စပြီး စာမရေးတော့ပါဘူးဆိုတာ နားလိုက်ဦးမယ် ဆိုတာ တွေးကိုမတွေးတော့ဘူး
သေရေးရှင်ရေး ကျန်းမာရေး လူမှုရေး အရေးပေါ်ဆိုရင်တော့ ချွင်းချက်ပေါ့ အရေးပေါ်အခြေအနေဆိုတာ လူတိုင်းကြုံရနိုင်တာဘဲ အဲ့သလိုအရေးအခါ ပေါ်မှ ကြုံမှသာ စာရေး ပို့စ်တင်တာကို ခဏနားဖြစ်မယ်ထင်တယ်
အခုထိတော့ တစ်ရက်တစ်ပုဒ် အနည်းဆုံး ရေးနိုင်ဖို့ စည်းကမ်းလေး လုပ်ထားတယ်

choice-2692575_960_720.jpg

စိတ်ပါရင်လည်း ပါသလို ပိုပြီး ရေးပြစ်လိုက်တာပါဘဲ။ ပိုရေးလို့ အကျိုးမယုတ်တန်ရာလို့ သဘောထားပါတယ်။
ကြာကြာနေမှ တလုံးတခဲထဲ အစုလိုက်အပြုံလိုက် အခွင့်အရေးရတာမျိုးပေါ့ ဒီမှာတော့ အပ်ဘုတ် ခေါ် စပေါ့ ရတာမျိုးပေါ့
အဲ့ဒါမျိုး သိပ်သဘောမကျဘူး တစ်ရက်နည်းနည်းနဲ့ နေ့စဉ် မှန်မှန်ရနေတာကို ပိုကြိုက်တယ် အဲ့ဒီတစ်ရက်နည်းနည်းကိုဘဲ
ပိုပြီး တန်ဖိုးထားတယ်။ ရလိုက်မရလိုက်ဆိုရင် လူက ဘယ်လိုဖြစ်လဲ ငိုလိုက်ရ ရယ်လိုက်ရ ဆိုသလို ခံစားမှုနဲ့ တူသလိုဘဲ
နောက်တစ်ခု ထိုးနှက်ချက်က ဈေးပေါ့ စတင်းဈေး ကျတယ် တက်တယ် အဲ့ဒါကို စိတ်ထဲ မထားမိအောင် နေတယ်။ တန်ဖိုးမြင့်တာ လိုချင်တာပေါ့ ကိုယ်တစ်ရက် အားထုတ်မှုက တစ်ရက် ဘယ်နှ်စ်သောင်း ဘယ်နှစ်သိန်း လူတွေကို အပေါင်းအသင်းတွေကို ပြောပြချင်တယ် ဂုဏ်ယူချင်တယ် ဒါပေမယ့် လက်ရှိမှာ ဖုန်းဘေဖိုးတောင် ပြန်မရတာတွေ ဖြစ်နေတာ

ကိုယ်တိုင်လည်း ဒီလမ်းကို ကျောခိုငးမသွားနိုင်သေးတာဘဲ လက်ရှိတန်ဖိုးနဲ့တော့ ကိုယ့်ရဲ့ အနာဂါတ်ယုံကြည်မှုကို မခြေဖျက်ချင်ပါဘူး ဒီအလုပ်က အများနဲ့ မတူတဲ့အလုပ် အကြီးကြီးပြောရရင် စတီးမစ်ပေါ်မှာ စာရေးသူက တကယ့်နည်းနည်းလေးမှ နည်းနည်းလေးပါ အဝေးကြီးမပြောဘူး ကိုယ်နေတဲ့ မြို့မှာတောင် ကိုယ်ရယ် နောက်နှစ်ယောက်ရယ် သုံးယောက်ဘဲ စတီးမစ် လုပ်သူရှိတယ် အဲ့ကျန်နှစ်ယောက်ကလည်း ကိုယ်က ဆင့်ပွားပြီး လုပ်စေခဲ့တာ
စွန့်ဦးတီထွင်သူတွေက ခက်ခဲမှုနဲ့ အများကြီးကြုံရမှာဘဲ ဒိမှာတော့ စွန့်ဦး လုပ်ကိုင်သူတွေလို့ ကင်ပွန်းတပ်လို့ရတယ်
အားလုံးဟာ စွန့်ဦးလုပ်ကိုင်သူတွေဘဲ

life-3089646_960_720.jpg

နောင်တစ်ချိန် ပလက်ဖေါင်း အောင်မြင်သွားရင် ဘယ်သူနဲ့မှ မတူတဲ့ မဟာအခွင့်အရေးတွေ ရကြမှာဘဲ
မှတ်မိတာလေး နော် အတိအကျတော့ မရှာတော့ဘူး ဘစ်ကွိုင်အတော်များများကို မုန့်တစ်ချပ်နဲ့ လဲဖို့ တစ်ချိန်က လူတစ်ယောက်ဟာ အသနားခံခဲ့ဖူးတယ် ဘယ်သူမှ မလဲခဲဘူး တကယ်လည်း အဲ့တုန်းက ဘစ်ကွိုင်တန်ဖိုးက လက်ရှိစတင်း
ဈေးလောက်တောင် မတန်ဘူး တကယ်လို့သာ သူအသနားခံခဲ့တဲ့ မုန်းတစ်ချပ်ကို လဲယူခဲ့ပြီး ဒီနေ့မှာ ထုတ်ရောင်းရင်တောင်
သန်းကြွယ်သူဌေးဖြစ်နေပြီလို့ဆိုတယ် ။ ဒါဟာ ကိုယ်တွေ့လက်တွေ့မဟုတ်တော့ သေချာသည်ဖြစ်စေ မသေချာသည်ဖြစ်စေ
ဒီအဖြစ်သနစ်ရဲ့ အကြောင်းအရင်းကိုဘဲ သိပ်သဘောကျနေမိတယ် ဈေးကျလို့ အားလျှော့နေချိန်မှာ ဒီဥပမာလေးကို အမြဲတွေးတယ်
အနာဂါတ်ဆိုတာ ဖမ်းဆုပ်လို့မရဘူး သိမ်းပိုက်လို့မရဘူး ကိုယ့်အလိုအတိုင်းဖန်တီးလို့မရဘူး ဒါပေမယ့် အနာဂါတ်ကို ဘယ်အနေအထားနဲ့ ဖြတ်ကျော်မလဲဆိုတာတော့ ပြင်ဆင်ထားခွင့်ရှိတယ်

စတင်းကွိုင်ကလည်း ဘစ်ကွိုင် ဥပမာလို အတိအကျဖြစ်လာမယ်တော့မဟုတ်ပါဘူး သဘောတရား ချိန်ထိုးကြည့်တာပါ
အဲ့ဒီသဘောအတိုင်းဘဲ ကျွန်တော်အခုကတည်းက နေ့စဉ်ရနေတဲ့ စတင်းမုန့်အပိုင်းအစလေးတွေကို စိတ်ရှည်ရှည်စုဆောင်း
နေပါတယ်။ မုန့်အချပ်လိုက်မရလို့လည်း စိတ်မပျက်ပါဘူး အပိုင်းအစ သေးသေးလေးတွေဖြစ်နေပါစေ တန်ဖိုးထားပါတယ် ပြီးတော့ ဒီစတင်းမုန့်တွေကို ကျွန်တော် ဒီအချိန်မှာ မစားသေးဘူး

Photo Credit : https://pixabay.com/en/photos/%20chance/?image_type=photo
Author : @bobokyaw
@bobokyaw.jpg


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=29

Sort:  

အစ်ကို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ စာရေးအားကိုတော့ လေးစားတယ်ဗျာ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ကိုမဟော်ရေ
ကိုယ်လုပ်နိုင်တာကို ရာနှုန်းပြည့် အားစိုက်ရတာပါဘဲ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.080
BTC 60288.06
ETH 1572.33
USDT 1.00
SBD 0.47