ကစားရတာပျင်းလာပြီ

in #steempress7 years ago


https://nextcolony.io/

အာကာသဂိမ်းမှာ အချိန်တွေ များစွာ ကြာလို့သွားခဲ့ပါတယ် အခုဆိုရင် ငါးလလောက်တောင် ရှိသွားပြီလား မသိတော့ပါဘူး အဲ့သလောက်အချိန်ကြာသွားတာတော့ သိပ်မကောင်းဘူးဆိုရပါမယ် နောက်ထပ်လည်း အချိန်တွေ များစွာ ပေးရဦးမှာပါ လိုက်ပါ မကစားနိုင်တော့ရင် ရှေ့က ကစားထားတာတွေက အလကားဖြစ်မှာ စိုးရိမ်လို့ အတင်း ဖျစ်ညှစ်ပြီး ကစားနေရပါတယ် အကျိုးအမြတ်ကတော့ တဖြည်းဖြည်း နီးလာပြီလို့ ဆိုနိုင်ပါတယ် နိုဝင်ဘာလထဲမှာ စတင် ပေးမယ်လို့ သိထားပါတယ် ပေးမယ်သာပြောတာပါ ရော့ အင့်ဆိုပြီး လာမှာမဟုတ်တဲ့အတွက် ကြိုးစားမှုတွေကို လျှော့ချလို့ မရသေးဖြစ်နေပါတယ်

တိုက်ပွဲတွေ လုပ်ပြီး အကျိုးအမြတ်ပေးမှာဆိုရင်တော့ မတိုက်နိုင်သူတွေနဲ့ မကစားတော့တဲ့သူတွေက မရတော့မယ့် အခြေအနေဖြစ်ပါတယ် ဒါဆိုရင်တော့ သိပ်ပြီး မတရားဘူး ဆိုရမလားဘဲ ထည့်ဝင်ထားတဲ့ စတင်းတွေအတွက် တစ်စုံတစ်ခုလောက်ထိ ခွဲဝေပေးသင့်တယ် ပေးမယ်လို့ ထင်ကြတာပါ တကယ်တော့ အဲ့သလို ပေးမယ့် အခြေအနေ မမြင်ရပါဘူး ကစားသူတွေသာ ရမယ့် သဘောပါ ကစားသူတွေထဲမှာတောင် အတန်းအစားကွဲပြားပြီး ရမယ့်သဘောပါ ကိုယ်တွေလို ဟိုမရောက်ဒီမရောက်ကစားသူတွေကတော့ ခပ်ပါးပါးဘဲ ရမယ့်အခြေအနေလား ထင်ရပါတယ် မတက်နိုင်ပါဘူး ကိုယ်က ကစားထားပြီလေ

နောက်ထပ် ဂိမ်းအသစ်တွေ ပေါ်လာနေပါတယ် ကောင်းမွန်တဲ့ အခြေအနေတော့ မမြင်ရသေးပါဘူး စတင်းပေါ်က ဂိမ်းတွေက သိပ်ပြီး ကစားလို့ မကောင်းလှပါဘူး အခုလို စတင်းရနိုးနိုး ကစားနေလို့သာ မသိသာတာပါ တကယ်ရတဲ့ ဂိမ်းတွေလည်း ရှိနေပေမယ့် ထင်သလောက်လည်း များများ စားစားမရတော့ သိပ်အားမစိုက်နိုင်တော့ပါဘူး အခုလောလောဆယ်တော့ စာရေးတာကိုဘဲ အားပြုနေရပါတယ် အာကာသဂိမ်းရဲ့ မမြင်ရသေးသော အကျိုးအမြတ်ထက် သူ့အကြော်ငးလေးရေးပြီးရတဲ့ စတင်းနဲ့တင် အရင်းကျေမယ့်သဘောရှိပါတယ် နောက်ထပ် သုံးလလောက် စာရေးတာကနေ အခုလိုဘဲ ရနေမယ်ဆိုရင်တော့ အရင်းနားကပ်သွားမှာပါ

များမကြာခင် အချိန်မှာတော့ စတင်းဈေးတွေ စတင် လှုပ်ခက်တော့မယ့် အရိပ်အခြေလေးတွေ မြင်ရပါတယ် ၀ယ်နိုင်ရင်တော့ ဒိအချိန်လေးက သင့်တော်တယ်ထင်တာဘဲ စတင်းဈေးက ဒီအချိန် ၀ယ်သင့်ပါတယ် ဟိုတုန်းကလို တစ်ဒေါ်လာ အထက်မှာတောင် ၀ယ်ခဲ့သေးတာဘဲ ဒီအချိန်ဝယ်တာ တန်တယ်လို့ ဆိုရပါလိမ့်မယ် ကိုယ်က ၀ယ်ဖို့စိတ်ကူးနေတာပါ ရောင်းမယ့်သူတွေကလည်း ဒုနဲ့ဒေးဘဲ သူကြိုက်ကိုယ်ကြိုက်ပေါ့ တက်သွားရင်တော့ ကောင်းပါတယ်

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/20/%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%ac%e1%80%95%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%ac%e1%80%bb%e1%80%95%e1%80%ae/

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60783.65
ETH 1557.84
USDT 1.00
SBD 0.47