(NO SMOKING) သင်နှင့်သင့်မိသားစုအတွက်ဆေးလိပ်ဖြတ်ပါ

in #myanmar7 years ago (edited)

No-Smoking-icon.png

ယနေ့လူ့အဖွဲ့အစည်းတွင် ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်တားဆီးနိုင်ခြင်းမရှိသေးပါ။ ထုတ်လုပ်မှုနှင့် ရောင်းချဖြန့်ဖြူးမှု
တို့တွင်သာ အခွန်ငွေများ များပြားစွာကောက်ယူခြင်းဖြင့် ထိန်းသိမ်းနေသည်ကိုတွေ့မြင်ရသည်။ လူမှုအဖွဲ့အစည်း အချို့ရဲ့
ကျန်းမာရေးအသိပညာပေးခြင်းလိုလုပ်ဆောင်မှုများနှင့် ဆေးလိပ်မသောက်ရ ဇုန်များနေရာများ သတ်မှတ်ခြင်းကဲ့သို့သော
လုပ်ဆောင်မှုများနှင့်သာ ဟန့်တားခြင်းများပြုလုပ်လျှက်ရှိပါသည်။ သို့သော် ဆေးလိပ်သောက်သုံးမှုနှင့် ဆေးလိပ်ရောင်းချ
မှုကတော့ လျှော့မသွားပါ။ ပိုမိုများပြားလာဆဲ တိုးလာဆဲသာဖြစ်ပါသည်။ကုန်တိုက်ကြီးလိုနေရာမှအစပြုလို့ လမ်းဘေးကွမ်း
ယာဆိုင်လိုနေရာများမှာပင် ဆေးလိပ်ကိုအလွယ်တကူဝယ်ယူရရှိလို့နေပါသည်။ ဆေးလိပ်သောက်သုံးသူများပြားခြင်းနှင့်
ဆေးလိပ်နှင့်ဆေးရွက်ကြီးထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မှုမရှိခြင်းတို့သည်ဖြစ်ပေါ်လျှက်ရှိပါသည်။ အခွန်ငွေတိုးကောက်ခြင်း
တစ်မျိုးတည်းဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထုတ်လုပ်သုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။

image.jpg

"ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေပါသည်" "ဆေးလိပ်သောက်ခြင်းကြောင့် ခံတွင်းကင်ဆာ
ဖြစ်စေနိုင်သည်" စသဖြင့် သတိပေးစာတွေကပ်လျှက်ရောင်းချသော်လည်း ဆေးလိပ်ရောင်းအားကတော့ကျမသွားပါ။
သောက်သုံးသူများကလည်း ကျန်းမာရေးဆိုးကျိုးများကို သိတန်သလောက်တော့သိပေမယ့် သောက်မြဲသောက်လျှက်သာ
ရှိလေသည်။ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို အမှန်တကယ်ပင်ထိခိုက်ပါသည်။ကိုယ်တွေ့အခြေအနေကို အရင်
ပြောပြရမည်ဆိုလျှင် ငယ်ရွယ်စဉ်သောက်တုန်းက ထူးခြားသောဆိုးကျိုးများကို မခံစားရသော်လည်း အသက်အရွယ်အနည်း
ငယ်ရလာသောအခါ သိသာထင်ရှားလို့လာပါသည်။ အမောမခံနိုင်တော့ပါ။ အနည်းငယ်ပြေးလွှားမိသည်ဆိုလျှင်ပဲ ဟောဟဲ
လိုက်ကာ ရင်ဘက်ထဲ တစ်ဆို့လာပါသည်။ အသက်ရှူလဲ မ၀တော့ပါ။ ညဘက်အိပ်ချိန်တွင် အိပ်မပျော်ခင်အချိန်သည်
အနေရအလွန်ခက်ပါသည်။ အသက်ကိုအားယူပြီးရှူနေရသည်။ အဆုပ်အားနည်းလာသော အခြေအနေဟု ထင်မိပါသည်။
စွဲလမ်းတက်သောနီကိုတင်းဓါတ်နှင့်ချက်ချင်းမသေလောက်ပါ မသေပါဟုခံယူသောစိတ်ယူဆချက်များဖြင့် ယနေ့တိုင်သောက်
လျှက်ရှိပါသည်။

smoking-other.jpg

ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးများအကြောင်းကိုဆက်ပါမည်။ဆေးလိပ်ကြောင့် ကမ္ဘာပ်ါတွင် နှစ်စဉ်သေးဆုံးသူ
ခြောက်သန်းခန့်ရှိပါသည်။ထိုအထဲမှ လူဦးရေခြောက်သိန်းခန့်မှာ ဆေးလိပ်သောက်သူများမဟုတ်ကြပါ။ ဆေးလိပ်သောက်
တက်သူအနီး ဆေးလိပ်သောက်သူအနီးမှာနေထိုင်ရင်းဖြင့် ဆေးလိပ်ငွေ့များတစ်ဆင့်ရှူရှိုက်မိကာ ကိုယ်တိုင်ဆေးလိပ်
မသောက်သော်လည်း ဆေးလိပ်သောက်သူများကဲ့သို့ပင် တူညီသည့်ရောဂါများရရှိလျှက်သေဆုံးကြရခြင်းဖြစ်ပါသည်။
ဆေးလိပ်သောက်သူများ အလေးပေးစဉ်းစားသင့်သော အချက်ဖြစ်ပါသည်။များသောအားဖြင့် မိမိအနားတွင်ရှိသောသူများသည်
မိမိချစ်ခင်နှစ်သက်ရသူ မိသားစု သားငယ် သမီးငယ် မိတ်ဆွေအပေါင်းအသင်းများပင် မဟုတ်ပါ၏လော။ ထိုသူတို့သည်
သူတို့ကိုယ်တိုင် သောက်သုံးခြင်းမဟုတ်ပါပဲနှင့် မိမိကြောင့် မိမိသောက်သောဆေးလိပ်ငွေ့ကြောင့် ရောဂါတွေရသည်ဆိုလျှင်
အသက်သေဆုံးရသည်ဆိုလျှင် အလွန်မတရားသော အပြုအမူပင်ဖြစ်ပါလိမ့်သည်။

36155099766_7750133aea_b.jpg

တစ်ဆင့်ခံဆေးလိပ်ငွေ့secondhand smoke/Environmental smoke/the Other people's smoke/passive smoke ဆိုသည်မှာ
ဆေးရွက်ကြီးထွက်ပစ္စည်း ကို မီးလောင်ကျွမ်းစေခြင်းဖြင့် ထွက်ပေါ်လာသော အခိုးအငွေ့ကိုဆိုလိုပါသည်။
ဆေးလိပ်ကိုသောက်ဖွာခြင်း ရှူထုတ်ခြင်း ရှူရှိုက်ခြင်းကြောင့် ထွက်ပေါ်လာသော အခိုးအငွေ့ကိုဆိုလိုပါသည်။
အကာအရံများရှိနေသောနေရာ အိမ်အတွင်း တိုက်ခန်းအတွင်း လေ၀င်လေထွက်နည်းသောနေရာတို့တွင်
် ဆေးလိပ်သောက်သုံးသည်ဆိုပါက အခန်းအတွင်းရှိ မည်သူ့ကိုမဆို ဆေးလိပ်အငွေ့တို့ ရှူရှိုက်မိကြမည်သာဖြစ်ပါသည်။
လူကိုကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်း ငါးဆယ်ကျော်ပါဝင်နေသည့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့များကို ရှူရှိုက်မိမည်ဆိုပါက
ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူ မဟုတ်သော်လည်း ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူများနည်းတူ ရောဂါရရှိစေပါသည်။

no-smoking.gif
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်စာရင်းများအရ ကမ္ဘာ့ကလေးငယ်ထု၏ ထက်ဝက်ကျော်ဖြစ်သည့်
သန်းပေါင်း ခုနှစ်ရာခန့်မှာ ဆေးလိပ်ငွေ့များရှိသော လေထုကို နေအိမ်များတွင် ရှူရှိုက်နေကြရကြောင်း သိရှိရပါသည်။
ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူမဟုတ်သော်လည်း ဆေးလိပ်သောက်သုံးသူများ ဖွာထုတ်ခြင်း ရှိုက်ထုတ်ခြင်းများမှ
ထွက်ရှိလာသည့် ဆေးလိပ်ငွေ့များကို တစ်ဆင့်ခံ ရှူရှိုက်မိသူများအတွက်လည်း သောက်သုံးသူများကဲ့သို့ပင်
ကျန်းမာရေးအန္တရာယ်များ ကျရောက်စေကြောင်းသုတေသနများ စစ်တမ်းများအရ တိတိကျကျသိရှိနေကြပြီဖြစ်ပါသည်။

stop-tobacco-smoing-hypnosis.jpg

ဆေးလိပ်သောက်ခြင်းကိုမဖြတ်နိုင်သေးဟုဆိုလျှင်လည်း မိမိဆေးလိပ်ငွေ့များကြောင့် အနီးအနားတွင်ရှိသူများအား
ထိခိုက်မှု မရှိစေရန်ဂရုပြုလျှက် သောက်သုံးသင့်ပါသည်။အများသူငါ သွားလာနေထိုင်ရာနေရာများနှင့် မိသားစုများ
ကလေးငယ်များ အနီးတွင် ဆေးလိပ်သောက်ခြင်း ဆေးလိပ်ဖွာခြင်း အလေ့အကျင့်ကို ယနေ့မှစလို့ ပြုပြင်ဆင်ခြင်နိုင်
ကြစေရန်တိုက်တွန်းအကြံပေးလိုက်ရပေသည်။

ဆက်ပါဦးမည်
@bobokyaw
photo : google image

Sort:  

Calling @originalworks :)
img credz: pixabay.com
Nice, you got a 4.2% @minnowbooster upgoat, thanks to @bobokyaw
Want a boost? Minnowbooster's got your back!

well done bobokyaw!

@cryptohustlin has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

ဆေးလိပ်​မ​သောက်​ဖြစ်​တာအ​တော်​ကြာ​နေပါ​ပေါ့လား

ဆေးလိပ်တော့မကြိုက်ဘူး။ မာရှီတော့ ကြိုက်တယ်

Good knowledge for health.
But still i can't stop smoke so bad.
I can't control by mental.

ဟား ဘွတူတွေ ကျွှန်တော်လဲ ဆေးလိပ်အကြောင်းသိပေမဲ့ သောက်နေဆဲပါ

Good
Thank for sharing

အရမ်းကောင်းတဲ့ ကျန်းမာရေး အသိပညာပေးလေးပါ thank

ဆေးလိပ်တော့ဖြတ်နေတယ်
ကွမ်းတွေပြန်စွဲနေပီး :)

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59943.96
ETH 2421.71
USDT 1.00
SBD 2.43