မတိကျသော ရည်မှန်းရာ

in #busy8 years ago

@bobokyaw.jpg
တိုးတက်ကြီးပွားခြင်းဆိုတာကို လူတိုင်း အလိုရှိကြပေလိမ့်မည်။ ယခုလို နည်းပညာတွေ ထွန်းကားလာသော အခါသမယတွင် ဘ၀တိုးတက်ရေးဆိုသည်
မှာ ခက်သည်ထက် ခက်လာသည်။ မျှော်မှန်းချက်တွေ လိုအပ်ချက်တွေက မြင့်မား
လာသောကြောင့်ဖြစ်သည်။ ယခင်က စားဝတ်နေရေး ဆိုတာလောက်သာ
တွေးတော ပူပန်ကြရသည်။ ယခုကာလတွင် စားဝတ်နေရေးထက် ပိုပြီးအရေး
ပါသော အရေးကြီးသော လူတွေ လိုလားနှစ်သက်သော အရာတွေ များစွာ များစွာ
ရှိလို့နေခဲ့ပြီဖြစ်သည်။ ထိုအရာများအတွက် နည်းလမ်းပေါင်းမျိုးစုံဖြင့် ကြိုးစားလုပ်
ကိုင်နေကြရလေသည်။
လုပ်တိုင်းမဖြစ် ကြိုးစားတိုင်းလည်း မရတက်ပါဘူး။အပေါက်အလမ်းမတည့်
သည့် အခြေအနေက များမည်ဖြစ်သည်။ ဆယ်ကြိမ်တစ်ကြိမ် အကြိမ်တစ်ရာ
တစ်ကြိမ် စွပ်မိသည်ကိုဘဲ ကံကောင်းလွန်းတဲ့ ကိုယ်ပါလားလို့ သွေးနားထင်
ရောက်လို့ ဂုဏ်ယူရသည့် အဖြစ်တွေပါ။ စားဝတ်နေရေး ဆိုတာမှာလည်း
ကိုယ်က ဘယ်လိုအတိုင်းအတာလောက် စားဝတ်နေ မှာလဲ ဆိုတာက
ခက်ခဲသောမေးခွန်းဖြစ်နေသည်။ အကောင်းဆုံးလို့သာ လွယ်လွယ်ဖြေရမည်။
ဘယ်လောက်အကောင်းဆုံးလဲ နောက်ဆုံးပေါ်အကောင်းဆုံးတဲ့ အဲ့ဒီတော့
အလိုရမက်တွေက မဆုံးတော့ လိုက်လေဦးတော့ နှစ်ပေါင်း လေးငါးခြောက်ဆယ် ဒီထက်လည်း ဆက်မလိုက်နိုင်သည်ကများလေပြီ
ခေါင်းမော့မော့ပြီး ကြည့်တက်တဲ့ မွေးရာပါ ဗီဇ အကျင့်ကြောင့်လည်း ဖြစ်မည်
ဘယ်တော့မှ အလိုပြည့်သည်မရှိ သာလွန်ကောင်းမွန်ခြင်းဆိုတာနောက်ကို
လိုက်ပါရင်း ကိုယ့်ပိုင်ဆိုင်မှုတွေကို အလိုလိုနေရင်း သိမ်ငယ်စိတ်တွေ ၀င်စေခဲ့လေပြီ။တူချင်လျှင်ယှဉ်ရမည်တဲ့ ဘယ်ပညာရှိက ဆုံးမလိုက်သည်မသိ
ယှဉ်လိုက်တိုင်း ဘယ်တော့မှ တူလိမ့်မည်ကားမဟုတ် သူက သူဖြစ်လို့ ကိုယ်က
လည်း ကိုယ်သာဖြစ်လို့နေမည်။ ဒီလိုနဲ့ သံသရာလည်ရင်း ဘယ်တော့မှ မပြည့်သော အိုးများကဲ့သို့ ဖြည့်ဆည်းမနိုင် လုပ်ကိုင်လာလိုက်တာ နေ့ညတွေ
ဆက်လို့ ဘ၀တစ်ခု ကုန်လွန်ပျောက်ဆုံးသွားသည့်အချိန်ထိပါဘဲ
@bobokyaw

Sort:  

အသက်တွေကြီးလို့ကြီးမှန်းသိတော့ဘူး ဗိုလ်ဗိုလ်ရေ

မကြီးသေးဘူးရယ်လားလို့ပါ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60578.05
ETH 1558.21
USDT 1.00
SBD 0.50