မသိခြင်းတရား

in #busy6 years ago

@bobokyaw.jpg

ဒီခရီးမှာ အဆင်ပြေချောမွေ့တဲ့ နေ့ရက်တွေက နည်းပါးလွန်းခဲ့
စိုးရိမ်မှုတွေနဲ့ ရင်တထိတ်ထိတ် သောကပွေရချိန်တွေ များလွန်းတယ်
မသိနားမလည်ခြင်း အမှောင်တိုက်ထဲ တွန်းထိုးတိုက်ရင်း လဲကျဖူးတယ်
စမ်းတ၀ါးဝါး နဲ့ ခြေတချစာနေရာအတွက် တိုက်ပွဲတွေလဲရှိခဲ့
ဆုလာဘ်ပေးတဲ့ အိန်ဂျယ်အရေအတွက်ထက် အာဏာပါးကွက်သားတွေက
ပိုများလွန်းလှတယ်
အခမဲ့ဆိုတဲ့ ဝေါဟာရအောက် မျှော်လင့်ချက်တွေကို လောင်းကြေးထပ်လိုက်တယ်
တကယ့်အမှန်တရားက အချိန်တွေကို ထုပ်ပိုးပြီး အပ်နှံလိုက်ရတာပါ
ဆန်းသစ်တဲ့ ဂီတသံစဉ်တွေကြား နှလုံးသားတွေ နူးညံ့ဖူးတယ်
မြူးကြွစွာ ကခုန်ဖူးတယ်။ ပေါက်ကွဲအားပြင်းတဲ့ ကာရံတွေနဲ့ တုန့်ပြန်ဖူးတယ်
မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတွဲမှာ အချို့အခန်းတွေ စိတ်ဝင်တစား ကြည့်ခဲ့ဖူးတယ်
နစ်မြောဖူးတယ်။ဇတ်လမ်းရဲ့ ကျောရိုးကို အသေအချာနားလည်ခဲ့ပေမယ့်
ဇတ်သိမ်းပိုင်းကို မခံစားတက်ခဲ့ဖူး
အသားကျသွားတဲ့ မြင်းရိုင်းတစ်ကောင်ရဲ့ ကျောပေါ်မှာ စိုးရိမ်မှုတွေအစား
ယုံကြည်မှုတွေနဲ့ အစားထိုး လဲလှယ်တက်သွားတဲ့ သူရဲကောင်းလို တည်ငြိမ်ရင့်ကျက်
ခြင်းသင်ခန်းစာတွေ သင်ယူရင်း ရှေ့ကတောအုပ် မှိုင်းညို့ညို့ထဲ ဒီတစ်နေ၀င်အောင် စောင့်စားရဦးမယ်
မိုးသောက်အလင်းရောက်ခဲ့ရင် တောအုပ်အလွန်က ရွှေမြို့တော်ဆီ ရောက်အောင်
လှမ်းနိုင်ပါ့မလား ညတစ်ညရဲ့ သီအိုရီက ကပြောင်းကပြန် မှော်ဆန်ဆန်နဲ့ လွန်မြောက်ခွင့်ကော ပေးပါ့မလား မသိခြင်းတရားက ရဲ့ရင့်ခြင်းနဲ့ စွန့်စားခြင်းကိုမွေးဖွားပေးပါလိမ့်မယ်။
Author : @bobokyaw

Sort:  

Ro ဆန်တယ်ဗျ။

Posted using Partiko Android

ကျေးဇူးပါ ဘရားသား
ရေးစရာလည်း ကုန်သလောက်ရှိတော့မယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57978.54
ETH 2283.22
USDT 1.00
SBD 2.47