မသိသူကျော်သွား သိသူဖော်စား

in #myanmar7 years ago (edited)

image1.jpg

ယခုလို ဆက်သွယ်ရေး စနစ်တွေ ကောင်းမွန်လာစ ပြုနေပြီဖြစ်သော အချိန်အခါတွင် အလုပ်အကိုင် အခွင့်အလမ်းများ
အတော်အတန်ပေါများလာနေပြီ။ အလုပ်အကိုင် ဟူသည် အတက်ပညာနှင့် တွဲလျှက်သာရှိချေ၏
အွန်လိုင်း ငွေရှာခြင်းဆိုသည်ကား နားစိမ်းသော နားမယဉ်သော စကားလုံးဖြစ်လို့နေပေမည်
သိသူများရှိသလို မသိသေးသောသူများကပိုေ၇ွ့များလေသည် အွန်လိုင်းမှာငွေရှာနေပါတယ် ဟုဆိုလိုက်လျှင် ထူးဆန်းသော လှောင်ပြောင်သော
အကြည့်များကို မကြာခဏခံရလေတော့သည် ။

nicework_1x.png

steemit သည်ယခုလုပ်လျှင်ယခုပင်အကျိုးအမြတ်ရသည့် ထင်သာ မြင်သာရှိသောအလုပ်ဖြစ်သည် သို့သော် သူတစ်ပါးအားအလုံးစုံ အားကိုးနေလို့ကား မရချေ
ကိုယ်တိုင်လုပ်မှရပေမည် မခက်ဟုဆိုသော်လည်း လွယ်ကူသည်တော့မဟုတ် သင့်တင့်သောအချိန်ပေးရမည် မယုတ်မလွန်သောကြိုးစား အားထုပ်
မှုတော့ပြုရမည် စိတ်ရှည်ရမည် အချိန်ကောင်းကိုလုပ်ကိုင်ရင်းစောင့်နိုင်ရပေမည်
ယခုရေတွင်းတူယခုရေကြည်သောက်ချင်လို့တော့မရ ရေအနယ်ထိုင်ချိန်ကိုစောင့်နိုင်လျှင် အေးမြကြည်လင်သောေ၇ကောင်းရေသန့်
သေချာပေါက် သင်သောက်သုံးနိုင်ပါသည် စိတ်ရှည်သည်းခံခြင်း ဇွဲလုံ့လ ၀ိရိယ တို့ကိုကားလျှော့ချလို့မဖြစ်

Moving-a-mountain.jpg

လူ့လောကတွင် အဆင့်အတန်းမြင့်မြင့်နှင့်တင့်တောင့်တင့်တယ်နေနိုင်သူများသည် အခွင့်အလမ်းကို သိပြီး အမိအရဖမ်းဆုပ်နိုင်သူများဖြစ်လေသည်
အချို့သူများသည် အလွန်ကံကောင်းသည်ဟုဆိုရမည် ရေကန်အသင့်ကြာအသင့် နှင့် လွယ်ကူစွာပင် ဘ၀ကိုဖြတ်သန်းနေသူများရှိပါသည်
အနည်းငယ်သောလူ တစ်စု လူတန်းစား တစ်ရပ်သာ ဖြစ်ပေမည် လူအများစုကတော့ ကြိုးစားရုန်းကန်ခြင်းဖြင့် လွတ်မြောက်သွားသူတွေသာဖြစ်သည်
အခွင့်အလမ်းသည်ယခုသင့်ရှေ့တွင်ရှိနေချေပြီ ဖမ်းဆုပ်ခြင်း လွှတ်ချခြင်း ကျောခိုင်းခြင်းသည်ကတော့ သင်နှင့်သာ သက်ဆိုင်ပါသည်

ed-fisher-mountain-climber-nearing-the-top-sees-a-golf-green-at-the-peak-new-yorker-cartoon.jpg

အချိန်တစ်ခုကိုစောင့်နိုင်ရမည် ငယ်ငယ်ကကျောင်းသင်ခန်းစာမှာ အလိုကြီးအရနည်းသော ငန်းပိုင်ရှင် သင်ခန်းစာလေးကိုသတိရသည်
တစ်နေ့မှေ၇ွှဥတစ်လုံးဥ ပေးသည်ကို မစောင့်နိုင်ဘဲ ရွှေဥတစ်လုံးကိုနည်းသည်ဟု ဆိုကာ ငန်းကို သက်လိုက်မိသည့် အတွက် နေ့စဉ်ရွှေဥတစ်လုံး
မရသည့်ဖြစ်အင်သည် အချိန်မစောင့်နိုင်ခြင်းကြောင့် ရရှိလိုက်သော ဆုံးရှုံးမှုဖြစ်လေသည်
ကိုယ်အမှန်တကယ်ရမည့် အခွင့်အရေးကို အချိန်ပေးမစောင့်နိုင်သဖြင့် ဆုံးရှုံးနစ်နာသွားနိုင်သည်ဆိုသည်ကို သိစေချင်မိပါသည်
ယခုချိန်မှာ ခက်ခဲသည်ဟုဆိုကာ လမ်းတစ်ဝက်မှ နောက်ဆုပ်ရှောင်ပြေးလျှင် နောင်အကျိုးများချိန်အတွက် နစ်နာပေတော့မည်
ယခုဆိုလျှင် တစ်နေ့ရွှေဥတစ်လုံးတော့ ရလို့နေကြပြီဖြစ်သည် နောင်မဝေးတော့သည့် အချိန်တစ်ခုမှာတော့ တစ်နေ့လျှင် ရွှေဥ တစ်ခြင်းလဲဖြစ်နိုင်သည်
တစ်တောင်းလည်းဖြစ်နိုင်သည် ပုံမှန်ကြိုးစားအားထုတ်မှုနှင့် အချိန်ကောင်းကို စောင့်နိုင်ဖို့သာလိုတော့သည်

U5dsNB6DQSSWNG1bjAGugAtCwmTHaZG_1680x8400.jpg

မလုပ်ဖူးသောအလုပ် အတွေ့အကြုံမရှိသောအလုပ် မို့ခက်ခဲ ပင်ပန်းသည် မှာ မှန်ပေသည် အမှားများလဲလုပ်မိပေမည် မှားချင်မှားပါစေ
မှားမှာကြောက်လို့ သူတစ်ပါးအပြစ်တင်မှာစိုးရိမ်လို့ လုပ်မကြည့်လျှင် ဘယ်တော့မှ လုပ်ဖြစ်တော့မည် လုပ်တက်တော့မည်မဟုတ်ပေ
လုပ်ရင်း ပြင်ရင်း နဲ့ တဖြည်းဖြည်းချင်းသာ သွားပါ အမှားတွေနည်းလာမည် ခြေချစရာနေရာတစ်ခုရလာမည် လျှောက်လှမ်းစရာလမ်းစတွေ့လာမည်
အဘယ်လမ်းကိုရွေးချယ်ရမည်ကိုသိလာမည် အခက်အခဲတွေ အဖော်ပြုရင်း လမ်းမှန်ကိုလျှောက်လှမ်းတက်လာမည်

th.jpg

ကံကောင်းလျှင်တစ်ချက် စိတ်ကူးကောင်းလျှင် တစ်သက် ဟုဆိုစကားအတိုင်းပင် စိတ်ကူးကောင်းလေးတွေကို မွေးမြူရမည်
စိတ်ကူးတွေကို ဖောက်ခွဲတက်ရမည် စိတ်ကူးကောင်းလေးတစ်ခုက တစ်သက်စာအတွက် မဟုတ်ရင်တောင် post တစ်ခုအတွက် ဖြစ်လျှင်ကိုဘဲ အတော်နေရာကျချေပြီ
ယခုမတက်မသိလျှင် စလုပ်ပါ နောင်တွင် သိခြင်းတက်ခြင်းထက်ပင် သာလွန်ကာ ကျွမ်းကျင်သူအဖြစ်သို့ရောက်ရှိပေမည်
မိမိလိုပင် မြေစမ်း ခရမ်းပျိုးမည့် လူသစ်တွေကို လမ်းပြပေးနိုင်သူ ဖြစ်လာပေတော့မည်

8TzKy6oac.jpg

steemit လျှောက်လမ်းအပေါ်ချောမောစွာ လျှောက်လှမ်းနိုင်ရန်အတွက် အချက်တစ်ချို့လိုအပ်ပါက ယူဆောင်သွားနိုင်ရန်ဖော်ပြလိုပေသည်
(၁)အခွင့်အလမ်း - ယခုသင်သည်steemit ပေါ်မှာရှိနေသည့်အတွက်အခွင့်အလမ်းသည် ရှိပြီးဖြစ်သည်။
(၂) ကြိုးစားအားထုတ်မှု - မယုတ်မလွန်သော ၀ိရိယနဲ့ မနှေးမမြန် အများနှင့်အတူလိုက်ပါနိုင်ရမည်။
(၃)အချိန် - steemit သည် မီတာ တစ်ရာ မဟုတ် မာရသွန်ဖြစ်သည်။
(၄)အ၀န်းအ၀ိုင်း - သင်ကအားကိုးအားထားပြုသော သင့်ကိုအားကိုးအားထားပြုသောမိတ်ဆွေများ ရှိရန်ဆောင်ရွက်ရမည်။
(၅) အောင်မြင်းခြင်း - ကြိုးစားအားထုတ်မှုနှင့်အကျိုးရလဒ်သည် တိုက်ရိုက် အချိုးကျသည်ကို steemit သည်အမြဲသက်သေပြလျှက်ရှိသည်။
ဒီတော့ကာ ဘာလုပ်ကြမည်နည်း ရေထွက်ရာအရပ်သို့လဲရောက်နေပြီ ရေတွင်းတူးပေးသည့်သူများလဲရှိသည်
ရေကြည်ရန် ၀ိုင်းဝန်းလုပ်ဆောင်ပေးနေသူများလည်းရှိကြသည် ရေကြည်ချိန်လေးစောင့်ဖို့သာလိုပေသည်။
steemit မှ နောက်ဆုပ် ကျောခိုင်း လှည့်ပြန်ရန်ပြင်နေသော မိတ်ဆွေအတွက်

@bobokyaw
photo : google image

Sort:  

good post.... keep it up...

very good post bro. carry on

thanks for sharing bro. good post.

Interesting! Nice! I upvoted you!

PD: join me in this world of steemit looking my posts, rare content about this world, maybe you like it, maybe not, anyways, We can grow up toghether follow me and I follow you bro! :DInteresting! Nice! I upvoted you!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58188.83
ETH 2585.51
USDT 1.00
SBD 2.40