Mission 40
အာကာသဂိမ်းထဲမှာ အလွန်ကိုအလုပ်များလှပါတယ် လေဗယ်တင်ရတာနဲ့ ဂြိုလ်ရှာရတာနဲ့ တိုက်ခိုက်မှုတွေ လုပ်ရတာနဲ့ သူများကလာတိုက်ရင်လည်း ရှောင်ပြေးလိုက်ရတာနဲ့ သယံဇာတတွေ ရှာဖွေနိုင်ရန် စားကျက်ရှာရတာနဲ့ တော်တော်လေးကို အလုပ်များလွန်းနေခဲ့ပါတယ် လုပ်သလောက်လည်း အလျှင်မမှီနိုင်ပါဘူး တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်နေတာတောင် အလုပ်တွေက မပြီးနိုင်ပါဘူး လုပ်စရာတွေ အမြဲကျန်နေခဲ့ပါတယ် ဒါကြောင့် အခုဆိုရင်တော့ အရေးကြီးတဲ့ အပိုင်းကိုဘဲ ဦးစားပေးလုပ်ဖြစ်ပါတော့တယ် အားလုံးတော့ လုပ်ဖို့ မလွယ်တော့လို့ပါ
အခုအဓိကလုပ်ဖြစ်နေတာကတော့ ဂြိုလ်ရှာဖွေရေးအပိုင်းကိုဘဲ ဦးစားပေးလုပ်ဖြစ်နေပါတယ် ဂြိုလ်များများ ရှာတွေ့နိုင်မှသာ စားကျက်မြေလည်း များများရမယ်လို့ တွေးမိပါတယ် နောက်တစ်ခုက ဆုံးရှုံးနိုင်မှု ကိုလည်း တွက်ဆရပါတယ် နောင်တစ်ချိန် လက်လွှတ်ရမယ့် နယ်မြေတွေ ရှိလာနိုင်ပါတယ် ဒါကြောင့် စားကျက်မြေများများ ရှာထားတော့ ကျန်မယ့် အပိုင်းလေးတွေ ရှိနေနိုင်ပါတယ် ရန်သူက များများတော့ မရှိလောက်ပါဘူး ရှိတဲ့ရန်သူနဲ့ကလည်း သူအလွန်ဆုံး တိုက်ခိုက်နိုင်လှ နယ်မြေ တစ်နေရာနှစ်နေရာပေါ့ ကျန်တဲ့နယ်မြေတွေတော့ သူရောက်မလာနိုင်ဘူးလို့ အကြမ်းတွေးလို့ရပါတယ် အားနည်းချက်ကတော့ အင်အားတွေ ပြန့်ကျဲကုန်တာပေါ့ အားသာချက်တွေလည်းများပါတယ်
မစ်ရှင်ပေါင်းလေးဆယ်မှာ ဂြိုလ်ရှာတာက မစ်ရှင် သုံးဆယ့်ရှစ်လောက် မနားတမ်းအသုံးပြုဖြစ်ပါတယ် မကြာခဏဆိုသလို မစ်ရှင်လေးဆယ်လုံးသုံးလိုက်မိတာလည်းရှိပါတယ် အရေးပေါ်အခြေအနေအတွက်တော့ မစ်ရှင် နစ်နေရာလောက် အမြဲချန်ထားမယ်လို့ တွက်ထားပေမယ့် တကယ်ရှာတဲ့အခါ မေ့မေ့သွားပါတယ် ဒါကိုတော့ ပြန်လည် သတိထားရပါဦးမယ် ရုတ်တရက်တိုက်ခိုက်မှုတွေ ကြုံလာခဲ့ရင် အရေးပေါ် မစ်ရှင်တွေက အသုံးတည့်မှာပါ အခုတော့ တိုက်ပွဲတွေက အေးအေးဘဲဆိုတော့ ရှီသမျှမစ်ရှင် အကုန် ရှာဖွေရေးဘက်ပေးထားလိုက်မိပါတယ် လေဗယ်တင်တာနဲ့ ယာဉ်ပျံတွေထုတ်တာကိုတော့ ဒုတိယနဲ့ တတိယ ဦးစားပေးလောက်မှာဘဲ ထားဖြစ်ပါတယ် အားလုံးတော့ တကယ်ကို အကွက်စေ့မလုပ်နိုင်တော့ပါဘူး များမကြာခင်မှာ (တကယ်က တော်တော်လေးကြာပြီးမှပါ) နောက်ဆုံးတွေ့ရှိမှုဆိုတာ ကြုံလာရမယ်လို့ တွေးမိနေတဲ့အတွက် ရှာဖွေရေးကိုဘဲ ဦးစားပေးလိုက်ပါတယ်
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/16/mission-40/
