မတွေ့လည်း ရှာရမယ်

in #steempress5 years ago


https://nextcolony.io

ဂြိုလ်အသစ် တစ်လုံးတစ်လေတောင် မတွေ့ဘဲ နေ့စဉ်ရက်ဆက် ရှာဖွေရေးယဉ်တွေ ပြစ်လွှတ်နေခဲ့တာ ပျင်းစရာတော့ ကောင်းလို့နေမှာဖြစ်ပါတယ် ဒါကလည်း အခိုက်အတန့် အခက်အခဲတစ်ခုသာဖြစ်လို့ သိပ်တော့ စိတ်မပျက်မိပါဘူး တစ်နေ့မဟုတ်တစ်နေ့ တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာတော့ တွေ့ကိုတွေ့ရမှာပါဘဲ ရှာဖွေတာအကြိမ်ရေများလေလေ ရှာဖွေတွေ့ရှိဖို့ အခွင့်အရေးသာလေလေဖြစ်တာကြောင့် ရှာဖွေရေးယဉ်တွေကို အနားမပေးတမ်းဆက်လက်ရှာဖွေနေမိပါတယ် သူများတွေ တွေ့တာမြင်ရတော့ အားကျစိတ်လေးဖြစ်မိပေမယ့် ကိုယ်မတွေ့ရင် ကိုယ်သာမရမှာဖြစ်လို့ ရှာဖွေရေးကို တော့ ရပ်တန့်လို့မဖြစ်ပါဘူး ဆက်တိုက်ရှာကိုရှာရမယ်လေ

ရှာတိုင်းလည်း တွေ့တာမဟုတ်တော့ စိတ်ပျက်မယ်ဆိုရင်တော့ စိတ်ပျက်စရာပါ တစ်ခါတလေ မတွေ့ချင်ရင် ရက်ဆယ်ချီပြီးလည်း ကြာသွားတက်ပြန်တော့ တော်တန်ရုံ စိတ်ရှည်မှုနဲ့တော့ ဒီဂိမ်းကို အချိန်ပေးကစားလို့ ရမယ်မထင်ပါဘူး ဒီဂိမ်းက အင်မတန် စိတ်ရှည်ရပါတယ် ယုံကြည်ချက်လည်း အများကြီးထားရပါတယ် တစ်ခါတလေတော့ တွေးမိသား ကိုယ်ပြစ်လွှတ်လိုက်တဲ့ အကွက်တိုင်းက ဂြိုလ်မရှိတဲ့ အကွက်တွေချည့် ရွေးပြစ်လွှတ်မိနေသလားတောင် ထင်ပါတယ် ဘေးအိမ်က လူတွေနဲ့ယှဉ်ပြီးရှာတဲ့အခါ ပိုသိသာပါတယ် ဘေးလူက တစ်လုံးပြီးတစ်လုံး ရသွားတယ် ကိုယ်ကတော့ ရှာဖွေရေးနယ်မြေ ကျယ်သထက်ကျယ်ပြီး အချိန်တွေ ပေးသထက်ပေးလာရပြန်ရော အဲ့အခါကျပြန်တော့ ကိုယ့်ရဲ့ လပ်ကီး နည်းပါးမှုကို အပြစ်ပုံချရတော့တာပါဘဲ ဟုတ်တယ်လေ ဒီလောက် ယှဉ်ပြီး ရှာတာ ကိုယ်ကသာမရတယ် သူတို့ကတ စ်လုံးပြီးတစ်လုံး တန်းစီရသွားတယ် နောက်ဆုံး အဲ့ဒီနယ်မြေတစ်ခုလုံးသာပေးလိုက်ရတယ် ကုန်သွားတယ် ကိုယ်က တစ်လုံးတောင် မရလိုက်ဘူးရယ်

အခက်အခဲကတော့ နေရာတိုင်းကြုံတွေ့ရတက်တာပါဘဲ ဒီဂိမ်းထဲမှာတော့ အခက်အခဲတွေက အများသား ဂြိုလ်ရှာမတွေ့တာက ဖိအားတစ်မျိုး နောက်တစ်ခုရှိသေးတယ် ကိုယ့်ကိုလာအတိုက်ခံရရင်ဖြင့် ဘယ်လိုတောင် စိတ်ပျက် လက်ပျက်ဖြစ်တယ်မသိဘူး တော်ပြီကွာ ဒီဂိမ်းမကစားတော့ဘူးဆိုပြီး နားလိုက်တော့မယ် အဲ့သလိုကိုတွေးမိလာတယ် နောက်မှ မဖြစ်သေးပါဘူးလေ ဆိုပြီး မှေးကစားရတယ် လာအတိုက်ခံရရင် တော်တော် ခံစားရ ခက်တဲ့ ဝေဒနာပါဘဲ ကိုယ့်ထက် အင်အားကြီးလွန်းသူဆိုရင်ပိုဆိုးတယ် အရင်ကတော့ တော်တော်လေးကို စိတ်ပျက်ဖူးတယ် အခုတော့ သိပ်စိတ်မပျက်တော့ဘူး သူလာတိုက်ရင် ကိုယ်ကပြေးတာပေါ့လေ ဒီနယ်မြေ အတိုက်ခံရလည်း အခြားနယ်မြေမှာ ကိုယ်က သူများကို တိုက်လို့ ရနေတာဘဲ သိပ်တော့ ဆုံးရှုံးမှု မကြီးဘူးဆိုရင် တိုက်ခံနေရလည်း နေတက်သွားတာပါဘဲ ကိုယ်ကလည်း အချီကြီးတွေ တိုက်လို့ရတဲ့အခါရတာဘဲ အဲ့သလိုအခါဆိုရင်တော့ ပျော်ရပြန်ရော ရော.......... ခက်တော့ ခက်သားလား ကိုယ်ကသာ အတိုက်မခံချင်တာ သူများကို တိုက်ရရင်တော့ အတော်ကို ဖီလင် တက်နေပြန်မိတယ်

ဂြိုလ်တွေ ရှာမတွေ့တာ ကြာလာရင် ဆက်မရှာချင်တော့တာဖြစ်လာတယ် အဲ့သလိုတော့ မဖြစ်ပါဘူး မတွေ့လည်း ရှာစရာရှိတာတော့ ဆက်လက်ရှာနေရမယ်လေ ဒါမှ ပိုမိုနီးစပ်မယ် ရပ်နေရင်တော့ ကိုယ်မရှာလည်း သူများက ရှာသွားမှာဘဲ ဒီဂိမ်းက အတော်လေးကို အလုပ်ပေးတဲ့ ဂိမ်းပါကွာ

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/08/26/%e1%80%99%e1%80%b1%e1%80%90%e1%80%bc%e1%82%95%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8-%e1%80%9b%e1%80%bd%e1%80%ac%e1%80%9b%e1%80%99%e1%80%9a%e1%80%b9/

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67401.36
ETH 2611.38
USDT 1.00
SBD 2.68